oo

  • iiii

Tuesday, June 30, 2015



သင့်မှာသွေးတိုးရောဂါရှိမရှိ ဒါကိုဖတ်ကြည့်ပါ
Write by Myawady Health
သွေးတိုး ရောဂါသည် အမျိုးသား များတွင် အဖြစ် များသော်လည်း ထိုအကြောင်းရင်း တစ်ခု တည်းကြောင့် မဟုတ်ပါ။ အောက်ပါ အချက်များ ကြောင့်လည်း ဖြစ်တတ် ပါသည်။
(၁) ကိုယ် အလေးချိန်များနေခြင်း
(၂) အရက်အလွန် အကျွံသောက်ခြင်း
(၃) စိတ်ဖိစီးမှုများသော လူနေမှု စရိုက်ရှိခြင်း
(၄) ဆား၊ အငန်စား သုံးမှုများခြင်း
(၅) ကိုယ်ကာယ လှုပ်ရှားမှု နည်းပါး ခြင်း
(၆) ကျောက်ကပ် ရောဂါဖြစ်ခြင်း စသည်တို့ဖြစ်သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ တွင် ဖြစ်ပေါ်လာ လေ့ရှိသော သွေး ဖိအားမြင့် တက်မှုသည် အသက် အ္တရာယ်ဖြစ်စေနိုင်သည့် ကိုယ်ဝန် ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆိပ် မတက်မီ အကြိုအခြေ အနေ ခံစားရခြင်းတို့ ဖြစ်ရန် အလားအလာ များသည်။ ကလေးမွေးပြီး သောအခါ မြင့်တက်နေ သော သွေးဖိအား ပုံမှန်ပြန်ဖြစ်သွား လေ့ရှိသည်။
ဘာလုပ်သင့် သလဲ
(၁) သွေးဖိအား မြင့်တက်နေသည် ကို သိရှိရန် အရေးကြီး သောကြောင့် အသက် ၃ဝ ကျော်သူတိုင်း အနည်း ဆုံး နှစ်နှစ်တစ်ကြိမ် သွေးဖိအား တိုင်း ခြင်းကို ပုံမှန်ပြု လုပ်သင့်သည်။
(၂) သင်၏ သွေးဖိအား သည် ၁၄ဝ/၉ဝ mmHg ထက် များနေပါက သင်၏ ဆရာဝန်က ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့ထံပြန် လာပြီး သွေးဖိအား ပြန်တိုင်းကြည့်ရန် ညွှန် ကြားပါလိမ့်မည်။
(၃) ၃ကြိမ်ခွဲ၍တိုင်းသောအခါ ရရှိသည့်မြင့်တက်နေသော သွေးဖိ အားမဟုတ်လျှင် သွေးတိုး ရောဂါရှိသည်ဟုများသောအားဖြင့် သတ်မှတ် လေ့မရှိပါ။
သင်၏ ဆရာဝန်က အောက်ပါ စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ပါ လိမ့်မည်။
(၁) နှလုံးစမ်းသပ်မှုများ (နှလုံးစမ်း သပ်စက် ရိုက်ခြင်း အပါအဝင်)
(၂) ပျက်စီးနေသော သွေးကြော များ ရှိ၊ မရှိ ရှာဖွေရန် မျက်စိစမ်းသပ် မှုများ
(၃)သွေးဖိအားမြင့်တက် စေသည့် အကြောင်းရင်းကို ဖော်ထုတ် နိုင်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း (ဆီး စစ်ခြင်း၊ ကျောက်ကပ်ရောဂါရှိ၊ မရှိသိရန်အာလ်ထရာ ဆောင်းရိုက်ခြင်း သို့မဟုတ် ဟော် မုန်းချို့ယွင်းမှု ပြဿနာ ရှိ၊ မရှိ စမ်းသပ်ခြင်း)
ေ နောက်ဆက်တွဲ ရှုပ်ထွေးမှုများ ရှိပါ သလား
အကယ်၍ အ လွန်ဆိုးဝါးသော သွေးတိုးရောဂါအား ကုသမှု မပေးခဲ့ လျှင် သွေးလွှတ်ကြောများ၊နှလုံးနှင့် ကျောက်ကပ်များကိုထိခိုက်နိုင်သော အခွင့်အလမ်း များပါသည်။ ထိခိုက် ပျက်စီးသွားသော သွေးလွှတ်ကြော များသည် သွေးကြောမာ ခဲကျဉ်း မြောင်းခြင်း(Atherosclerosis) ဖြစ် ရန် အခွင့်အလမ်း များပါသည်။ ဤ သို့ဖြစ်ရခြင်းမှာ သွေးကြောနံရံများ အတွင်း အဆီခဲများ စုပုံလာပြီး ကျဉ်းမြောင်း လာကာ သွေးစီးဆင်းမှု နည်းပါးသွားခြင်း ဖြစ်သည်။ နှစ်ပေါင်း များစွာ ကြာပြီးနောက် ကျောက်ကပ် အတွင်းရှိ သွေးလွှတ် ကြောများ ထိခိုက်သွားပြီး နာတာရှည် ကျောက်ကပ်စွမ်းရည်ကျဆင်းသည့် ရောဂါ ဖြစ်စေနိုင် ပါသည်။ မျက်စိ အတွင်းရှိ အမြင် အာရုံခံလွှာသည် လည်း သွေးတိုး ရောဂါကြောင့် ပျက် စီးနိုင်ပါသည်။

Friday, June 19, 2015

၃စက္ကန့်နဲ့Passport ပုံလုပ်မယ်

Photoshop နဲ့ လိုင်စင်Passportပုံကို Action နဲ့အမြန်လုပ်နည်း
ပထမဦးဆုံး Action လေးကိုဒေါင်းလိုက်နော် 

ပြီးရင် Photoshop ကိုဖွင့်လိုက်ပါ
အဆင်သင့်ရိုက်ပြီးသားပုံလေးကို File Open နဲ့ခေါ်လိုက်ပါ
ပြီးရင် Window Menu က Actionကိုခေါ်လိုက်ပါ

Action Box လေးကျလာရင် LondActions ကနေဒေါင်းလို့ရထားတဲ့ ဖိုင်လေးကိုဖွင့်ပေးလိုက်ပါ အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ

ပြီးရင်ကိုယ်ကူးမဲ့စာရွက်အရွယ် ပုံဆိုဒ်ကို ရွေးချယ်ပါ
ကျွန်တော်က 1' ပုံဆိုဒ် အရွယ် 4'x6' စာရွက်ကိုဘဲရွေးလိုက်ပါတယ်
ပြီးရင် Play Selection ကိုတချက်နှိပ်
ပုံအနေအထားကို ချိန်ပြီး  Crop ဖြတ်ပါ
 ရပြီ အိုကေရင် ကီးဘုတ်က Enter ကိုခေါက်ပေးလိုက်ပါ။
 Passport ပုံအမ်ြလုပ်နည်းဤတွင်ပြီးပါပြီ
 နောက်လဲ အဆင်ပြေရင်တင်ပေးပါအုံးမည်
  ကျေးဇူးတင်ပါတယ်ဗျာ

   ဟန်မိုးလွင်(အိမ်လွမ်းသူ)

ဖုန်းမှာ ကောင်းဆုံး Record လုပ်မယ်-Call Recorder Pro v3.0 APK

Android ဖုန်းဖြစ်ဖြစ် IOS ဖြစ်ဖြစ် မိမိကိုင်ဆောင်းထားသောဖုန်းတွေ အကောင်းဆုံး Record လုပ်နိုင်တဲ့ android app လေးတစ်ခုကို ကျနော်ဝင်းလှိုင်တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ Record လုပ်ရာမှာ ဟိုတုန်းက တင်ထားခဲ့ဘူးသော  Record ထက်ကောင်းတာကိုတွေ၇ပါတယ်။အ၀င် Calls အားလုံးကို Record လုပ်ပေးနိုင်တဲ့ Apk လေးပါ။မည်သည့်အ၀င် Call ကိုသာ Record လုပ်
မယ်ဆိုတာကိုလည်းသက်မှတ်ပေးနိုင်ပါသေးတယ်။သုံးပြုပြီး Recorder လုပ်မယ်သူများအောက်မှာဒေါင်းနိုင်ပါတယ်။



  1.     Enable/Disable call recording
  2.     Records all your phone calls
  3.     Play/Stop recorded audio by touch on the item
  4.     Delete recorded items
  5.     Lock recorded items to prevent from auto-cleaning
  6.     Send selected records to email

Settings:
  •     Enable/Disable notifications
  •     Configure automatic cleaning
  •     Recording source
  •     Recording quality
  •     File format
  •     Recording channel
  Download Here

ဖုန်းနှင့် Tablet ထဲမှာ Date တွေကို ဖိုင်းလေးနဲ့ထားမယ်- File Manager HD(File Explorer) v3.3.6 build 30360309 Apk

Android ဖုန်း နှင့် Tablet User များအတွက် ဖုန်းထဲမှာ Date များများ သိမ်းဆည်းထားချင်းတဲ့ ဘော်ဒါတို့အတွက် Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကတော့ ဘော်ဒါတို့အတွက် Date များတွေကို File manager တစ်ခုအဖြစ်သိမ်းထားအတွက် အထူးလိုအပ်မယ် Apk လေးတစ်ခုပါ။ မိမိဖုန်းထည့်မှာ ဘယ်ရှိရှိ ဒီကောင်းနှင့် သိမ်းဆည်းထားမယ်ဆိုရင် မိမိဖုန်းပေါ့သွားမယ်ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်းသုံးထားပြီးပါပြီး အရမ်းကောင်းလိုထင်ပေးလိုက်တာပါ။ ဘော်ဒါတို့သုံးမယ်ဆိုရင် တော့ ဒီကောင်လေးကAndroid OS အားလုံးမှာသုံးနိုင်ပါတယ်။ ဖိုင်းဆိုဒ်လေးကတော့ 3.6MB ရှိပါတယ်။
 

Download Here

Sunday, April 5, 2015

SD Memory အလိုအလျောက် Full ဖြစ်နေတာကို ဖြေရှင်းနိုင်တဲ့နည်းလမ်း {For Android}

 
 
သင်ဖုန်းမှာထည့်ထားတဲ့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 3 Gb ကျော်လောက် ဖြစ်နေတတ်ပါတယ် ... အဲ့လိုဖြစ်တာကတော့ အများအားဖြင့် photo, video တွေ အကြည့်များတဲ့ စက်တွေမှာအဖြစ်များပါတယ် ... ကျွန်တော်လိုပေါ့ :D:D.....
photo, video တွေအကြည့်များတဲ့အတွက် thumb ဖိုင်တွေအများကြီးထွက်ပါတယ် ... [သိတဲ့သူကတော့ thumb ဖိုင်ကိုရှာဖျက်ပေးလိုက်ရင် OK ပါတယ် ... အခုကမသိသေးတဲ့သူများအတွက်ပါ ...]
ကျွန်တော် (Android 4.0.4) စက်မှာဆိုရင် .thumbdata ဖိုင်တစ်ခါတက်ရင် 900 Mb ကျော်ကျော် လောက်တက်ပါတယ် ... .

thumbnails ဖိုဒါထဲက .thumbdata ဖိုင်က ဖိုင်ဆိုဒ်အရမ်းကြီးလာလို့ Memory Full ဖြစ်ရခြင်းပါ ... အဲ့ .thumbnails ဖိုဒါက DCIM ဖိုဒါထဲမှာပါ ... ပုံမှန်အားဖြင့်တော့ အဲ့ .thumbnails ဖိုဒါက Default File Manager နဲ့ဖွင့်ရင် မတွေ့နိုင်ပါ ... Show hidden files function ပါတဲ့ File Manager တွေသုံးပီဖွင့်မှာ အဲ့ .thumbnail ဖိုဒါကိုတွေ့ရမှာပါ ... [မှတ်ချက် - ဖုန်း SD ကို PC နဲ့ဖွင့်ရင်တွေ့နိုင်ပါတယ် ...]
photo, video တွေကြည့်လိုက် ... thamb ဖိုင်တွေတက်လာလို့ free storage ကနည်းသွားလိုက် ... thumb ဖိုင်တွေရှာပီ ဖျက်လိုက်နဲ့အလုပ်တော်တော်ရှုပ်ခဲ့ပါတယ် ... အခုတော့ ဒီနည်းလေးအတိုင်း လုပ်ကြည့်လိုက်ပါ ... ဘယ်တော့မှာ DCIM >> .thumbnails ဖိုဒါထဲမှာ thumb ဖိုင်တွေ ထပ်တက်လာ တော့မှာမဟုတ်ပါဘူး ... ကျွန်တော်ဒီနည်းလေးအတိုင်း Android 2.3.5 နဲ့ 4.0.4 version နှစ်မျိုးမှာ စမ်းသပ်ပီးပါပြီ .. ဖြေရှင်းနည်းတွေအများကြီးရှိတဲ့ထဲက ဒီနည်းလေးကအဆင်အပြေဆုံးမို့ ရှယ်လိုက်ပါတယ်ခင်ဗျာ ...
ကဲစလိုက်ရအောင်ဗျ -
ကျွန်တော် ES File Manager ဆော့ဝဲလ်လေးနဲ့ ပြုလုပ်ပြပါမယ်ဗျ ...
မရှိသေးရင်လည်း Play Store မှာဒေါင်းလိုက်ပါခင်ဗျာ ...
 
ပထမဆုံး
Android 2.3 တွေမှာ Setting >> Applications >> Manage applications >>
 All tab ကိုသွားပီ Gallery နဲ့ Media Storage နှစ်ခုကို Clear data နဲ့ Force stop လုပ်ပေးပီ
 ဖုန်းကို Reboot (or) Restart လုပ်ပါ ...

Android 4.0.4 တွေမှာ Setting >> Apps >> All Tab ကိုသွားပီ
Gallery နဲ့ Media Storage နှစ်ခုကို Clear data နဲ့ Force stop လုပ်ပေးပီ 
ဖုန်းကို Reboot (or) Restart လုပ်ပါ ...

ပြန်တက်လာရင် ES File Manager ကိုဖွင့် Menu ထဲက 
Show hidden files က OFF ဖြစ်နေရင် On ပေးပါ ...
 
ပီရင် ES File Manager >> DCIM >> .thumbnails ဖိုဒါထဲကိုဝင်ပါ ... 
ပုံမှာပြထားသလိုပဲ .thumbdata ဖိုင် (976.52 MB) တစ်ဖိုင် {.thumbdata3--1967290299}(သို့) {.thumbdata3-1763508120} (32.61 MB) တစ်ဖိုင်နဲ့ ပုံတွေ စသဖြင့်တွေ့ပါလိမ့်မယ် ... .
thumbdata တစ်ဖိုင် ရှိလည်း တစ်ဖိုင် .. နှစ်ဖိုင်ရှိလည်း နှစ်ဖိုင် ... လုံးရဲ့ Rename ကို Copy ယူပီ notepad မှာဖြစ်ဖြစ် မှတ်ထားလိုက်ပါ ... ပီရင် .thumbdata ဖိုင်နဲ့ ပုံတွေအားလုံးကို Delete လုပ်လိုက်ပါ
 {မှတ်ချက် - .thumbdada ဖိုင် နှစ်ဖိုင်ပေါ်တဲ့သူကတော့ နှစ်ဖိုင်လုံး ပြုလုပ်ပေးရပါမယ် ...}
 
 
 ပီရင် ပုံထဲမှာမျှားပြထားတဲ့ (+) အပေါင်းလေးကိုနှိပ်ပီ File ကိုရွေးပါ ...
ပေါ်လာတဲ့အကွက်ထဲမယ် ခုနက Rename မှတ်ထားတဲ့ name ကိုထည့်ပေးရပါမယ် ...
  Ok လုပ်ပါ ...
 
 
ဒါဆိုရင်တော့ ခုနက ဖိုင်ဆိုဒ်အကြီးဆုံးနဲ့ .thumbdata3--1967290299 ဖိုင်နေရာကို 0.00 B ဆိုဒ်နဲ့ ချိန်းလိုက်တာပါ ... သဘောကတော့ photo, video တွေကြည့်လို့တက်တဲ့ .thumbdata ဖိုင်နေရာကို ကျွန်တော်တို့က ဘာမှမသုံးထားတဲ့ ဖိုင်အလွတ်နဲ့ အစားထိုးလိုက်တာပါ ...
ပီရင် ဖုန်းကို Reboot (or) Restart ချပါ ... ပြန်တက်လာရင်တော့ အသုံးပြုလို့ရပါပီခင်ဗျာ ... .
thumbdata ဖိုင်တွေဆက်မတက်တော့ပါဘူးခင်ဗျာ ...
 
 
အပေါ်ကနည်းအတိုင်း ES File Manager နဲ့ပြုလုပ်လို့ thumb ဖိုင်တွေ ထပ်တက်လာသေးတယ်ဆိုရင် Root Explorer ကိုအသုံးပြုပီ အပေါ်ကနည်းအတိုင်းပဲ ပြုလုပ်ပါခင်ဗျာ ... စက်အားလုံးမှာ အဆင်ပြေချင်မှာပြေပါမယ် ... ကျွန်တော်စက်အားလုံးတော့ မစမ်းသပ်ရသေးပါခင်ဗျာ ...
Credit: zawmyo oo
Myartko Orange
 http://wslaelogspot.blogspot.com

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org