oo

  • iiii

Monday, August 22, 2016

June 7 ·
Samsung ညီအကိုတွေအတွက်ပါ
ကျနော်တို့လည်း စမ်းတ၀ါးဝါးဖြစ်ချိန်က
Samsung တွေ Firmware ပြန်တင်တဲ့အခါ ပြသနာအမြဲတက်တယ်
Samsung တောင် မကိုင်ရဲသလောက်ဘဲ
ဒါလေးတွေ လေ့လာထားလိုက်တော့ အဆင်ပြေသွားပါတယ်
Region Code ရှာဖွေခြင်း
==================
Samsung ကို Recovery Mode ၀င်ပြီးတာနဲ့ ပုံမှာပြထားတဲ့နေရာကိုကြည့်ပါ
CSC doe နောက်က (၃)လုံးဟာ Region Code လေးပါ
ဒါကိုတွေ့ပြီဆိုရင် အောက်က Links တွေမှာ Login ၀င်ထားပြီး ရှာဒေါင်းပါ
http://www.sammobile.com/
https://samsung-firmware.org/
Region Short code & Country
========================
ဒီ Link လေးကတော့ Region အတိုကောက်အလိုက်
နိုင်ငံတွေအမည်ကို လေ့လာလို့ရအောင်ပါ
http://ykkfive.blogspot.com/…/samsung-firmware-code-referen…
CSC region code changed
======================
ဒီ Link လေးကတော့ region change တဲ့နည်းလေးတွေကို
ပေးထားတာလေးပါ ....
http://www.w0lfdroid.com/…/change-csc-samsung-galaxy-device…

Friday, August 19, 2016

မင်္ဂလာပါခင်ဗျာ PNG လေးတွေပါခင်ဗျာ လိုအပ်သလိုအသုံးပြုပါနော်
လိုအပ်ရင်အောက်မှာယူသွားကြပါနော် အဆင်ပြေပါစေခင်ဗျာ...
http://adf.ly/1dHgpd
Comment
PNG လေးတွေပါခင်ဗျာ လိုအပ်သလိုအသုံးပြုပါနော်
လိုအပ်ရင်အောက်မှာယူသွားကြပါနော် အဆင်ပြေပါစေခင်ဗျာ...
http://adf.ly/1dHhe1
Comment

Thursday, August 18, 2016

           Xiaomi Mi5/Mi5 Pro ကို Root ပြုလုပ်နည်း

Xiaomi Mi5/Mi5 Pro ကို Root ပြုလုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..
(ဘာမှမလုပ်ခင် အရေးကြီးတဲ့ Data တွေကို Backup လုပ်ထားပါ)


ပထမ အဆင့်အနေနဲ့ .. လိုအပ်တဲ့ File တွေကို အရင်ဒေါင်းယူပါ..


ADB Driver ကို အဆင့်ဆင့် Install လုပ်ပါ..
TWRP ကို Zip ဖြည်ပြီး အထဲက  recovery.img ဖိုင်လ်ကို C:/adb Folder ထဲသို့ Copy ကူးထည့်ပါ...
UPDATE superSU0v2.76.zip ဖိုင်လ်ကို ဖုန်းထဲသို့ Copy ကူးထည့်ပါ...
ဒုတိယ အဆင့်ကတော့... Developer Options ကိုဖွင့်ပေးဖို့အတွက် ဖုန်းမှ....
Settings>>About phones >> tap on the MIUI Version ကို (7) ကြိမ်မျှ ဆက်တိုက်နှိပ်ပေးပါ.. 
ပြီးလျှင်.. Back နှင့် နောက်ဆုတ်ကာ...
Settings >> Additional Settings>>Developer Options >> USB Debugging ကို (Enable) ဖွင့်ပေးပါ..
အဆင်သင့်ဖြစ်ပြီဆိုရင်...
Mi5 ဖုန်းကို USB Cable ကြိုးမှတဆင့် ကွန်ပျူတာနှင့်ချိတ်ဆက်လိုက်ပါ..
C: > Adb Folder ကို ဖွင့်ပြီး ကီးဘုတ်မှ Shift Key ကို ဖိထားကာ Right-Click  > Open Command Window Here ကိုနှိပ်ပြီး Command Prompt ကိုဖွင့်ပါ...
Command Prompt ထဲမှာ အောက်ပါ Command ကို တစ်ကြောင်းချင်း ရိုက်ထည့်ကာ Enter ခေါက်ပါ...
adb devices

adb reboot boot loader

fastboot devices

fastboot flash recovery recovery.img

fastboot reboot recovery
Recovery Mode တတ်လာရင် Swipe to Allow Modifications ကို ဆွဲလိုက်ပါ...
Install မှ တဆင့် ..
Flashing SuperSU ZIP Redmi 3
SuperSU.zip ကို Flash ပေးလိုက်ပါ..

(အဆင်မပြေခဲ့လျှင် Wipe > Format Data > “Yes” ဟုရေးထည့်ကာ Enter ခေါက်ပေးပါ.. ပြီးမှ အပေါ်ကအတိုင်း Install မှ တဆင့် SuperSU.zip ကို Flash ပေးပါ)
root checker confirmation
အဆင်ပြေပါစေမယ်လို့ မျှော်လင့်ပါတယ်ပါ..
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
http://www.winkabarkyaw.net
မင်္ဂလာပါခင်ဗျာ ဒီတခါတော့ လက်စွပ်းလေးတွေ ယူထားကြနော်
အဆင်ပြေပါစေခင်ဗျာ.....GoogleDrivrကဝင်ဒေါင်းပါ
http://adf.ly/1dF9lK
Comment

Wednesday, August 17, 2016

Yae Tay ZaFollow
· 21 hrs ·
             Bagan Keyboard သုံးတဲ့လူတွေ
Facebook ပေါ်မှာ �� တွေပေါ်နေတယ်ဆိုရင်
၁ - Bagan Keyboard Setting ကိုသွား
၂ - Option ကိုနှိပ်
၃ - Font Rendering Fix ကို ထပ်နှိပ်
၎ - None ကို ရွေး (မပါလျင်အမှန်ခြစ် ဖြုတ်)လိုက်ပါ။

Question mark ကင်းစင်သော Facebook များ ပိုင်ဆိုင်ကြပါစေ


Old Photo Editing (ဓါတ်ပုံဟောင်း ပြုပြင်ခြင်း)
===============================
ဓါတ်ပုံဟောင်း ပြုပြင်ခြင်း နည်းလမ်းများစွာမှ တစ်ခုအား ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
- ပထမဦးစွာ မိမိပြင်ဆင်မည့် ပုံဟောင်းအား PS ဖြင့်ဖွင့်လိုက်ပါ။ ပုံဟောင်းပြုပြင်ရာတွင် အစက်ပြောက်များ ၊ မျဉ်းပြတ်များ၊ အစင်းခြစ်ရာများအား Tool Box မှ Spot Healing Brush Tool (J) နှင့် Patch Tool (J) အား အသုံးပြု ပြုပြင်သွားမည်ဖြစ်ပြီး ရွေးချယ်လိုက်သည့် Tool Size အရွယ်အစား အကြီး/ အသေး ပြင်ဆင်ရန်အတွက် Tool Option Bar တွင်လည်းကောင်း၊ Keyboard မှ ([, ]) တို့ကို အသုံးပြု၍လည်းကောင်း ပြုလုပ်နိုင်ပါတယ်။
- ပုံဟောင်းတစ်ပုံ ပြုပြင်ရာတွင် ပုံ၏ ပြင်ဆင်မည့် အပိုင်းများအား Zoom မြင်ကွင်းချဲ့၍ အသေးစိတ် ပြုပြင်နိုင်လေ ပုံထွက် ကောင်းလေ ဖြစ်သည်။ (မိမိပြုပြင်နေသော ပုံအား Zoom မြင်ကွင်း ချုံ့/ချဲ့ ရန်အတွက် Alt Key နှိပ်ပြီး Mouse ၏ Scroll Wheel ဖြင့်လည်းကောင်း၊ Ctrl Key နှင့် 0, -,+ တို့ကို အသုံးပြု၍ လည်းကောင်း ပြုလုပ်နိုင်ပါသည်။) မိမိပြင်ဆင်မည့် ပုံအတွက် Resolution အမြင့်နှင့် Size ကောင်းကောင်း ပြင်ဆင်နိုင်ရန် Image Menu > Image Size (Alt+Ctrl+I) ကိုနှိပ်ပြီး Width, Height နှင့် Resolution တို့ကို ပြင်ဆင်ပေးပါက ပုံကောင်းတစ်ပုံအဖြစ် ပြုပြင် ဖန်တီးနိုင်မည် ဖြစ်ပါသည်။
- Spot Healing Brush Tool (J) အား ရွေးချယ်ပြီး ပုံ၏ အစင်းများ၊ အစက်ပြောက်များပေါ်သို့ Mouse Click ဖိဆွဲပေးပါက Content-Aware ဟုခေါ်သည့် Effects သက်ရောက်မည်ဖြစ်ပြီး Tool လားရာ၏ ဘေးရှိ ကောင်းမွန်သော အပိုင်းများ သက်ရောက်သွားမည် ဖြစ်သည်။ နောက်ဆုံး အခြေအနေအား နှစ်သက်ခြင်းမရှိပါက Ctrl+Z သို့မဟုတ် Window Menu > History ၏ History Box မှ နောက်ဆုံး ပြန်လိုချင်သည့် လုပ်ဆောင်ချက်သို့ ပြန်သွားနိုင်ပါသည်။
- Patch Tool (J) အားရွေးချယ်၍ Mouse အသုံးပြုပြီး ပုံ၏ အစင်းများ၊ အစက်ပြောက်များပေါ်တွင် Selection ပြုလုပ်ပါ။ ထိုပြုလုပ်ထားသည့် Selection ဧရိယာအား Mouse ဖြင့်ဖိဆွဲပြီး ကောင်းမွန်သော အပိုင်းပေါ်သို့ လွှတ်ပေးခြင်းဖြင့် ပြုပြင်နိုင်မည်ဖြစ်သည်။
- ပုံပေါ်ရှိ အစက်ပြောက်များ စိတ်ကြိုက်ပြင်ဆင်ပြီးပါက ပုံ၏ အရောင်များ ထင်းလင်း ပြတ်သား သွားစေရန် Image Menu > Adjustments > Level (Ctrl+L) ဖြင့် ချိန်ညှိပေးပြီး OK ပေးပါ။ ထို့နောက် ပြုပြင်ထားသော ပုံ၏ Layer အားရွေးချယ်ပြီး Ctrl+J အသုံးပြု၍ Copy ကူးပါ။ Copy ရလာသည့် Layer အား Filter Menu > Other > High Pass နှိပ်ပြီး ပုံ၏ ကောက်ကြောင်းများ ပေါ်လွင်စေရန် Radius အားလိုအပ်သလို ချိန်ညှိပြီး OK ပေးပါ။ ထို့နောက် Layer Palette Box ၏ Normal နေရာတွင် Overlay အားရွေးချယ်ပေးပြီး Opacity ကို လျှော့ပေးလိုက်ပါ။ ထို Layer အား ရွေးချယ် Right Click ပေးပြီး Merge Down ကိုနှိပ်၍ Layer တစ်ခုထည်းအဖြစ် ပြုလုပ်လိုက်ပါ။
- Layer Palette Box ၏ အောက်ခြေရှိ Create new fill or adjustment layer အား Click ပြုလုပ်ပြီး Solid Color အားနှိပ်ပါ။ ပထမဦးစွာ မျက်နှာပြင် အသားရောင်အား အရောင်ခြယ်မည် ဖြစ်သောကြောင့် အသားရောင်နှင့် အနီးစပ်ဆုံးတူညီသည့် အရောင် (သို့) မိမိစိတ်ကြိုက် အရောင်အား ရွေးချယ်ပြီး OK ပေးပါ။ ထို့နောက် ထို Solid Color ဖြည့်လိုက်သည့် Layer အား Select ပြုလုပ်ပြီး Layer Palette Box ရှိ Normal နေရာတွင် Color အား ရွေးချယ်လိုက်ပါ။
- ရရှိလာသည့် Color Fill Layer ၏ အဖြူကွက်အား Select ပြုလုပ်ပြီး အမည်းရောင် ပြောင်းပေးပါ။ (Tool Box ၏ FG/BG အား (D) ဖြင့်လည်းကောင်း ပြောင်းပြီး၊ Ctrl+Delete (သို့) Alt+Delete ဖြင့် အရောင်ဖြည့်နိုင်)
- Tool Box ရှိ Brush Tool အားရွေးချယ်ပြီး Color Fill Layer ၏ အမည်းကွက်ကို နှိပ်ပါ။ ထို့နောက် FG အဖြူ၊ BG အမည်း သို့ပြောင်း (Keyboard မှ X ကိုနှိပ်) ပြီး Brush Tool ဖြင့် ပုံ၏ အသားရောင် ဖြည့်လိုသည့် နေရာများအား ဆေးခြယ်ပါ။
- အခြားနေရာများအတွက် ဆေးရောင်ခြယ်ရန် Create new fill or adjustment layer မှ Solid Color ထပ်မံယူပါ။ ထို့နောက် အရောင်ခြယ်လိုသည့် Color ကိုရွေးချယ်ပြီး အထက်ပါနည်းအတိုင်း Brush ဖြင့် ခြယ်ပေးပါ။
- မိမိခြယ်လိုက်သည့် အရောင်များ ပြင်ဆင်လိုပါက Color Fill Layer ၏ Color Box ကို Double Click ပြုလုပ်ခြင်းဖြင့် Color ပြောင်းလဲပြင်ဆင်နိုင်ပါသည်။
အရောင်များကို မိမိစိတ်ကြိုက် ပြင်ဆင်ခြင်းဖြင့် စိတ်တိုင်းကျ ပြင်ဆင်ဖန်တီးနိုင်ပါသည်။
အားလုံးပဲ အဆင်ပြေကြပါစေ …
Koaung Oo's photo.Koaung Oo's photo.
Koaung Oo's photo.Koaung Oo's photo.
Koaung Oo's photo.