iTunes ကို အသုံးမပြုပဲ iPhone ထဲက ပုံတွေကို Computer ထဲဘယ်လိုပြောင်းထည့်မလည်း ( Zawgyi Version)
အထူး သဖြင့် iPhone ကို
ဖုန်းအားလုံးထဲမှာ Camera စွမ်းဆောင်ရည် အကောင်းဆုံးအဖြစ်လူသိများကြပါတယ်။
ဒါပေမယ့် သင့်
သိမ်းဆည်း ကြပါတယ်။
USB နဲ့
နှိပ်လိုက်ပါ။
#jAN ref: timesofindia
( Unicode Version)
“ဘဝ ရဲ့ အမှတ်တရတွေကို မှတ်တမ်းတင်ဖို့အတွက် အကောင်းဆုံး ကင်မရာတခု ဆိုတာ
အမြဲရှိသင့်တယ်” လို့ နာမည်ကြီးပုဂ္ဂိုလ်တယောက် က ပြောခဲ့ဖူးပါတယ်။
ဒီစကားအတွက်တော့ သူ့ကို ကျေးဇူးတင်သင့်ပါတယ် ဘာလို့လည်းဆိုတော့ အခု ခေတ်မှာ
လူတိုင်းနီးပါး ဟာ မိုဘိုင်းဖုန်းတွေ ကိုင်ဆောင် နိုင်ကြပြီး
မိုဘိုင်းဖုန်း နဲ့ အတူ ပါရှိတဲ့ camera စွမ်းဆောင်ရည်
တွေဟာလည်းတဖြည်းဖြည်း အရည်အသွေးပိုမိုကောင်းမွန်လာပြီး ကောင်းမွန်တဲ့
ရုပ်ထွက်တွေကို ရရှိလာကြလို့ပါပဲ။
အထူး သဖြင့် iPhone ကို
ဖုန်းအားလုံးထဲမှာ Camera စွမ်းေဆောင်ရည် အကောင်းဆုံးအဖြစ်လူသိများကြပါတယ်။
သင့် အားလပ်ရပ်မှာ မိသားစုနဲ့ အတူ အလည်အပတ်သွားတဲ့အခါ ဓာတ်ပုံ ဒါမှမဟုတ်
video ကို အမှတ်တရ အနေနဲ့ iphone နဲ့ ရိုက်ကူးတဲ့အခါ လှုပ်ရှားမှု
ပုံရိပ်အားလုံးကို ကြည်လင် ပြတ်သားစွာ နဲ့ ရှုထောင့်ပေါင်းစုံကနေ
ရိုက်ကူးနိုင်တဲ့ ထိ စွမ်းဆောင်ရည်မြင့်မားပါတယ်။
ဒါပေမယ့် သင့်
iPhone ထဲက သိမ်းဆည်းချင်တဲ့ အချက်အလက် တွေကို computer ဒါမှ မဟုတ် hard
drive မှာ ဘယ်လို သိမ်းမလည်း ဆိုတာ သိပါသလား ? User အနည်းငယ်ကတော့ iTunes
ကိုအသုံးပြုကျပေမယ့် အများစု ကတော့ iTunes ကို အသုံးပြုရတာ ရှုပ်ထွေး
ပေမယ့် computer ထဲ ဘယ်လို ထည့်ရမလည်း ဆိုတာ မသိတာကြောင့် iOS devices
ထဲမှာ ပဲ သိမ်းဆည်း ကြပါတယ်။
ဒီတော့ သင့်ရဲ့ photo တွေ video တွေ
ကို သိမ်းဆည်းဖို့အတွက် iTunes ကို သင့်ရဲ့ computer မှာ install လုပ်စရာ
မလိုပါဘူး။ သင့် iphone နဲ့ computer ကို ချိတ်ဆက်လိုက်တာနဲ့ windows က
သင့် iphone ကို camera အနေနဲ့ အလိုအလျောက်ဖော်ပြပေးပြီး ဓာတ်ပုံ တွေ video
တွေကို မြင်တွေ့ရပါလိမ့်မယ်။သင့် ရဲ့ iphone ဒါမှ မဟုတ် iPad ကို USB
ကြိုး အသုံးပြုပြီး Computer နဲ့ ချိတ်ဆက်လိုက်ပါ။
USB နဲ့
ချိတ်ဆက်လိုက်တဲ့ အခါ “if you want to trust this computer” ဆို တဲ့
dialogue box ပေါ်လာပါလိမ့်မယ်။ ဒီလို ပေါ်လာတဲ့ အခါ “Trust” ကို
နှိပ်လိုက်ပါ။
Windows ဟာ iOS device ကို ရှာဖွေ တွေ့ရှိပြီး Camera
အနေနဲ့ ပြသပေးပါလိမ့်မယ်။ သင့် ရဲ့ iPhone ဒါမှမဟုတ် iPad ထဲက File
Explorer ကိုသွားပါ။ This PC ကို double-click နှိပ်ပါ။
ပြီးတဲ့ အခါမှာ Internal Storage ထဲက DCIM ကို သွားပါ ပြီးနောက် ဓာတ်ပုံ တွေ video တွေကို မြင်ရပါလိမ့်မယ်။
သင့် ရဲ့ iPhone ဒါမှမဟုတ် iPad ထဲက သင် save လုပ်ချင်တဲ့ မည်သည့် file
မဆို Copy and Paste လုပ်ပြီး Computer ထဲ သိမ်းဆည်းနိုင်ပါတယ်။
သင့် အနေနဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို စိတ်ကြိုက် သင်သိမ်းချင်တဲ့
နေရာမှာ သိမ်း နိုင်ပါပြီ ဒါမှမဟုတ် Cloud မှာ လည်း သိမ်းဆည်းနိုင်ပါတယ်။
တကယ်လို့ ဒီနည်း က သင့် ရဲ့ iPhone ဒါမှမဟုတ် iPad ကို Windows မဖတ်ဘူးဆိုရင် တခြားနည်း နဲ့ ချိတ်ဆက်နိုင်ပါတယ်။
Start Menu ထဲကနေ “ Devices and Printers” ကို ရှာပြီး ဖွင့်လိုက်ပါ။
Device and Printers ကို တွေ့တဲ့အခါ သင့် ရဲ့ Device ဖြစ်တဲ့ iPhone ကို
ရှာပြီး right click နှိပ်ပါ ပြီးတဲ့အခါမှာ “Troubleshoot” ကို နှိပ်ပါ။
Troubleshoot ကို နှိပ်ပြီး connection နဲ့ပတ်သတ်တဲ့ ပြသနာတွေကို ဖြေရှင်း
ပေးပြီး သင့်ရဲ့ device ထဲက ဖိုင်တွေကို အသုံးပြုလို့ရပါလိမ့်မယ်