oo

  • iiii

Thursday, March 9, 2017

Computer မှာ DVD/CD Drive မပေါ်ပါက

Run Box မှ Regedit-OK -HKEY-LOCAL-MACHINE - SYSTEM-Current Control Set-Control-Class-{4D36E965-E325-11CE-BFC1-08002BE10318}ညာဘက်ခြမ်းအပေါ်ဘက်တွင်  DVD/CD Rom Drive ကိုတွေ့ မည် အဲ့ အောက်တွင် UpperFilters နှင့် LowerFilter တစ်ခုခုကိုတွေ့ လျှင် Delete
လုပ်လိုက်ပါ.....သင့်ကွန်ပျူတာ WINDOW ပြန်တင်စရာမလိုဘဲ  DRIVE ပြန်တွေ့ လာပါလိမ့် မည်.......

hacking များလေ့လာရန်လင့်




http://www.gohacking.net/

http://www.pavietnam.net/

http://www.makeuseof.com/tag/top-5-websites-to-learn-how-to-hack-like-a-pro/

http://www.hackthissite.org/

http://learn-how-to-hack.blogspot.com/

http://dylan.combs.tv/

http://www.hackforums.net/

http://www.hackanonymous.com/

http://hackspc.com/

Local area connetion မပေါ်ရင် ဘယ်လိုလုပ်ရမလဲ

ကွန်ပျူတာကို restart ပေးလိုက်ပါ .. ပထမဦးဆုံး ကွန်ပျူတာစဖွင့်ပြီး ၄ စက္ကန့်လောက်ကြတာနဲ့ delete key ကိုပဲ ဆက်တိုက်နှိပ်ထားလိုက်ပါ(ဆိုက်တိုက်ခေါက်နေပါ) ခဏနေကျရင် BIOS SETTING ပေါ်လာပါလိမ့်မယ် (ဖွင့်ပြီးပြီးချင်းနော် ၄ စက္ကန့်နော်)



power management setup ကို ရွေးလိုက်ပါ ပြီးလျှင် အောက်မှာပြထားတဲ့ Lan ကို Disable ဖြစ်နေရင် Enable ပြန်ပြီးလုပ်လိုက်ပါ .. အောက်မှာပုံလေးနဲ့ပြထားပါတယ် ... အဲ့လို ရေးပြီးတာနဲ့



F10 ကိုနှိပ်လိုက်ပါ .. box ပေါ်လာတာနဲ့ သူမေးတာနဲ့ y ကိုနှိပ်လိုက်ပါ .. ပြီးရင် enter ကိုခေါက်လိုက်ပါ ကွန်ပျူတာ restart လုပ်ပါလိမ့်မယ် .. ပြီးတာနှင့် lan မှာ local area connetion ပေါ်လာပါလိမ့်မယ် .. အဆင်ပြေပါစေဗျာ ..

Blue Screen Error ဖြေရှင်းနည်း


ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)

အမှတ်တမဲ့ IP Change နေတယ်

ကျွန်တော် မိမိတို့ လုံခြုံမှုအတွက် IP Change နည်းတွေကို တင်ပြခဲ့တာ ရှိပါတယ်။ နောက်လည် တင်ပြမယ်လို့ ပြောပြခဲ့ပါတယ်။ ကျွန်တော်တင်ပြမည့် အကြောင်းအရာထဲမှာ ဒီနည်းမပါပါဘူး။ ကျွန်တော်တို့ ဒီဆော့လ်ဝဲက အမြဲသုံးနေကျပါတယ်။ ဒါပေးမဲ့ အခုလို အသုံးဝင်တာ သိတဲ့လူ ကျွန်တော်အပါအ၀င် ရှားပါတယ်။ ကျွန်တော်အကို ပြောတော့မှ သတိထားမိသွားတာပါ။ ကျွန်တော်တို့ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းများတော့ သိပါတယ်။ မြန်မာပြည်ကို ဖုန်းခေါ်တဲ့အခါမှာ ဒီဆော့လ်ဝဲကို ခံရတဲ့ ဖုန်းလိုင်တွေရှိပါတယ်။ ပြီတော့ ဒီဆော့လ်ဝဲ Run လိုက်တာနဲ့ ချက်ချင် ခဏ နက်ကျသွားပါတယ်။ ပြီရင် ချက်ချင်းပြန်တက်ပါတယ်။ ကျွန်တော် ပထမတင်ပြခဲ့တဲ့ နည်းလို နက်သိသိသာသာ မကျစေပါမည်။ ကျွန်တော် ဒီဆော့လ်ဝဲနဲ့ လက်တွေ့စမ်းခဲ့တာကို ပြောပြပါမည်။ ကျွန်တော့သူငယ်ချင်းတစ်ယောက် Music ဆိုဒ်တစ်ခုမှာ ဘာတွေ သွားရေးလဲမသိဘူး။ ၀င်လို့ မရအောင် ဘန်းခံလိုက်ရတယ်။ ဒါနဲ့ ကျွန်တော် ဒီဆော့လ်ဝဲရှိလာလို့ မေးလိုက်တယ်။ ရှိတယ်တဲ့ ဒါနဲ့ အဲဒီဆော့လ်ဝဲကို Run လိုက်ပြီ ဆိုဒ်ကို ၀င်လိုက်တဲ့အခါမှာ ၀င်လို့ရသွားပါတယ်။ ပြီတော့ မိမိ IP က American IP ဖြစ်သွားတယ်။ ဒါနဲ့ သူငယ်ချင်းလဲ ပုံမှန်သီချင်းတွေ နားထောင်းလို့ရသွားတယ်။ ကျွန်တော်ဒီနေရာမှာ ပြောချင်တာက ဆိုဒ်တွေကို အခုလိုတော့ မလုပ်သင့်ပါဘူး။ ကိုယ်ကိုယ်တိုင်း ရေးကြည့်ပါ။ ကိုယ်ချင်းစားတက်လာပါမည်။ ကိုယ်မကြိုက်ရင် ကိုယ်အလည်မသွားနဲ့ပေါ့။ ကျွန်တော်တို့ Blog ဆိုတာ ဘာလဲဆိုတာ Post တင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် IP Change နည်းတွေ တင်နေတယ်ဆိုတာကလဲ ကျွန်တော်က နည်းပညာကို ဝေငှာ့တဲ့သဘောသာဖြစ်ပါတယ်။ ပြီတော့ လုံခြုံရေးအတွက်ဖြစ်ပါတယ်။ ကဲအောက်မှာ Download ချပြီ စမ်းကြည့်လိုက်ပါဗျာ။ (နောက်နည်းများကို အလျင်သင့်သလို တင်ပြပေးပါမည်.)
ီDownload link - http://www.mediafire.com/?rr3dwg2ciz0

Anti virus software မရှိဘဲ virus မ၀င်စေချင်ရင်

အရင်ဆုံးကျွန်တော်တို့ တွေ ပာက်ဒစ် တွေကို ပိတ်ကမယ်ဗျ....အရင်ဆုံး My Computer ကိုဝင်လိုက်ပါ အဲ့မှာ အပိုင်းတွေ ခွဲထားတယ်ဗျ... C: D: E: စသဖြင့်ပေါ့ဗျာ.... အဲ့ဒါတွေအကုန်ပိတ်ထားရမယ်ဗျ ။ virus မ run နိုင်အောင်ပေါ့ဗျာ...
ပိတ်နည်းကတော့ မိမိ ပိတ်ချင်တာကိုထောက် C: ဆို C: ပေါ့ဗျာ.... ပြီးရင် ညာကလစ် properties ကိုသွားပါ။ဒါဆိုရင် Security ကို ထပ်သွားလိုက် အဲ့မှာ အောက်မှာ အမှန်ခြစ်နေရာကိုတွေ့ မယ်ဗျ
Deny ရဲ့  Full control ကိုအမှန်ခြစ်ပေးလိုက်ပါ။ ကဲပြီးရင် OK ပေါ့။အပိုင်းတိုင်းကိုလိုက်လုပ်ထားပါ...။ အားလုံးပြီးရင်တော့ မိမိ ထိုးလိုတဲ့ စတစ်ကို ထိုးလိုက်ဗျာ။
ကဲ Virus ပါရင်တော့ ၀င်လို့ မရတော့ဘူး ။ ကဲဘာမှမလုပ်နဲ့ အုံးနော် စတစ်ကို virusါရင် kill ကြရအောင်။Anti virus software တွေလောက်တော့ အစွမ်းမထက်ဘူးပေါ့ဗျာ.။ မြန်မာနိုင်ငံက virus တွေလောက်တော့ အသာလေးဘဲဗျ။ ကဲ cmd ကိုဖွင့်လို က်ပါ ဗျာ ။ run box > cmd ပေါ့။
ကဲ စတစ်က F: ဆိုပါတော့ဗျာ ။ အဲ့ဒါကိုမကြည့်တတ်ရင် My Computer ကိုသွားလိုက် ကိုစတစ်ထိုးလိုက်ရင် ပေါ်လိမ့်မယ်ဂျ...ကဲ F: ဆိုပါတော့ဗျာ။ cmd ကိုရောက်သွားရင် f: အဲ့လိုရိုက်ပြီး enter ပေါ့။ ဒါဆို ဘေးမှာ F:> အဲလိုပေါ်မယ်။ ပြီးရင် dir /ah ဆိုပြီးရိုက်လိုက်ပါဗျာ။ အဲ့မှာစတာဘဲ။ မသနားရဘူးနော် kill မှာ ... အဲ့မှာပေါ်လာပါလိမ့်မယ်ဗျာ autorun.inf တို့  တစ်ခြားအများကြီးနော်....အဲ့ဒါကို ကျွန်တော်တို့ သတ်မှာနော်။ attrib autorun.inf -a -r -s -h ဆိုပြီး enter ခေါက်လိုက်ပါ။
ပြီးရင် del autorun.inf ဆိုပြီးရိုက်လိုက် ။ ဒါဆိုအဆင်ပြေပြီ

IE နဲ့ မြန်မာဖောင့်

အခုဆို မော်ဇီလာကနေ မြန်မာဖောင့်တွေကို (ဇော်ဂျီသာမက ၀င်းအင်းဝနဲ့တခြားဖောင့်တွေကို) တိုက်ရိုက်မြင်နိုင်တယ်။ ဒါပေမယ့် အိုင်အီး (Internet Explorer) မှာကတော့ ဖောင့်ရှိရဲ့သားနဲ့ မမြင်နိုင်ဘူးဖြစ်နေတယ်။ ဒီပြဿနာကို ကြုံတွေ့တတ်တာများပါတယ်။ အထူးသဖြင့် အင်တာနက်စတင်အသုံးပြုသူတွေမှာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကွန်ပျူတာကို စတင်တင်ချင်းမှာပါလာတဲ့ Browser ဖြစ်တဲ့ အိုင်အီးကိုပဲ သုံးကြလို့ပါ။ ကျွန်တော်တို့လိုလူတွေကတော့ အိုင်အီးမရှိလဲ ဘာဖြစ်သလဲဆိုပြီး တခြား Browser တွေဘက် လှည့်သုံးနေတော့ အခု အိုင်အီးနဲ့ဖောင့်ပြဿနာကို သိသာသိပေမယ့် ၀င်ရောက်ပြင်ဆင်ဖို့ မချဉ်းကပ်မိခဲ့ကြပါဘူး။

ပြင်လို့ရပါတယ်.........
လွယ်လွယ်ကလေးပါ........

Tools > Internet Options ထဲက General Tab ထဲကိုသွားလိုက်ပါ။
အောက်ဆုံးလေးမှာ Colors , Fonts , Languages , Accessibility ဆိုတဲ့ ခလုတ် (Button) လေးခုကိုတွေ့ပါလိမ့်မယ်။
Accessibility button ကိုနှိပ်လိုက်ပါ။ dialog box ကလေးကျလာလိမ့်မယ်။ အဲ့ဒီအထဲက Formatting ထဲမှာပဲ စာကြောင်းသုံးခု ပါပါတယ်။

- Ignore Color ..........
- Ignore Font Styles ..........
- Ignore Font Sizes ..........

အဲ့ထဲမှာ အမှန်ခြစ်ခြစ်ထားရင် ဖြုတ်ခဲ့လိုက်ပါ။ အထူးသဖြင့် Ignore font styles specified on webpages ကို အမှန်ခြစ်ဖြုတ်ထားဖို့လိုအပ်ပါတယ်။

ကဲ ဒါပါပဲ .........

အဲ့ဒါမှမရသေးရင် Tools > Internet Options > General > Fonts button ကို နှိပ်လိုက်ပါ။ Language Scripts မှာ သူ့အတိုင်း Latin Based ကိုပဲထားလိုက်ပါ။ Webpage font မှာတော့ Zawgyi-One ကိုရွေးထားပေးလိုက်ပါ။

ဒါမှမရသေးရင်တော့ ကိုယ့်စက်ထဲမှာ ၀က်ဆိုဒ်ကအသုံးပြုတဲ့ ဖောင့်မရှိ၊ ဖောင့်စတိုင်ချင်းမတူ ဆိုတာဖြစ်ဖို့များသွားပါပြီ။