oo

  • iiii

Monday, May 8, 2017

10 hrs ·
မင်္ဂလာပါ
မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက်
Save ထားပါ Share ထားပါ တစ်ချိန်အသုံးဝင်လာပါလိမ့်မယ် ....
Followers ဖွင့်နည်း
Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ
............................................................................................
Followers Comment ပိတ်နည်း
F C ပိတ်ချင်ရင်
Who can like and comment on your public post? မှာ Friends ထားလိုက်ပါ
Followers ရော Friends တွေရော Comment ပေးခွင့် ပြုမယ်ဆိုရင် Public မှာထားပါ
Followers တွေထဲက Comment ရွေးပေးစေချင်တယ်ဆိုရင် Friends of Friends ထားလိုက်ပါ
Wallposts ပိတ်နည်း
Account Setting ထဲဝင်ပါ
Timetime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Who can post on your timelime? ဆိုတဲ့ထဲဝင်ပါ
Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ Wallpost ရေးမရတော့ပါဘူး Birthday နီးရင်တော့ မှတ်မှတ်ရရပြန်ဖွင့်လိုက်ပေါ့နော် )
............................................................................................
Tag ပိတ်နည်း (Timelime အမှိုက်ရှင်းသက်သာစေနည်း )
Account Setting ထဲကို ၀င်ပါ
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ
off နေရာ On ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲကို အမှိုက်ရှုပ်လို့ မရတော့ပါဘူး)
ပြီးရင်
နောက်တစ်ဆင့်ပါ ထပ်လုပ်လိုက်ပါ
Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲဝင်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ
............................................................................................
Friends ပိတ်နည်း
Account Setting ထဲက Privacy ထဲက
Who can sent friend request? မှာ Everyone ကနေ Friends of Friends ပြောင်းလိုက်ပါ ( ကိုယ်သူငယ်ချင်းတွေထဲက Friends ဖြစ်နေပြီးသားသူမှ ကိုယ့်ကို လာ Add လို့ရမှာပါ မဟုတ်ရင် Followers ဖွင့်ထားရင် Follow ပဲရပါမယ် ) <No One ဖြစ်ချင်ရင်တော့ Followers 10K လိုအပ်ပါတယ် Followers 10K ရရင် ဘယ်သူမှ လာ Add လို့ မရအောင် အပြီးပိုင် ပိတ်ပစ်လို့ရပါပြီ >
..............................................................................................
Friends List ပိတ်နည်း
Phone Browsers or Computer နဲ့ မိမိ Facebook Acc ကို ၀င်လိုက်ပါ
ပြီးရင် ကိုယ့် Timelime ကို သွားပါ Friends ဆိုတဲ့ထဲဝင်ပါ
Edit Privacy ဆိုပြီးတွေ့ ပါမယ် အဲ့ဒါလေးကို နှိပ်လိုက်ပါ Who can see your friends list? ဆိုတဲ့နေရာက Public ကနေ Only Me ပြောင်းလိုက်ပါ
(ကိုယ့်ဘယ်သူတွေနဲ့ Friends ဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ ၀င်ကြည့်လို့ မရတော့ပါဘူး ၀င်ကြည့်တဲ့ သူနဲ့ Manual Friends List ကိုသာ ၀င်ကြည့်တဲ့သူမြင်ရမှာပါ)
..........................................................................................................................
Block နည်း (Mesaage Only)
Message ပဲ ပို့လို့မရအောင် Message Only Block လို့ရပါတယ်
Acc တစ်ခုလုံး Block မဟုတ်ပဲ Message Box တစ်ခုတည်း Block ချင်သူများအတွက်
Messenger ထဲမှာ Block ချင်တဲ့ Acc ရှာပြီး
About ထဲက Block ထဲဝင်ပြီး Block All Message ကို ဖွင့်ပေးလိုက်ပါ
Message လာပို့လို့ မရတော့ပါဘူး
Acc တစ်ခုလုံး မ Block ချင်ပဲ Message သာ Block ချင်သော သူများအတွက်ပါ
......................................................................................................................
Followers အရေအတွက် မြင်နေရတာကို ပိတ်နည်း
ခုန Friends List ထဲက Edit Privacy ထဲကပဲ
who can see your followers on your timelime? ကို Public ကနေ only me ပြောင်းလိုက်ပါ
..........................................................................................................................
Friend Request Sent Limit ပြည့်လို့ ထပ်အပ်လို့မရတော့ရင် ကိုယ်အရင်က Add ခဲ့သူတွေပြန်ဖျက်ဖို့ ဒီမှာ ၀င်ကြည့်
/ ကိုယ် Add ထားပြီး ဘယ်သူတွေ လက်မခံသေးလဲ ကြည့်ချင်ရင် ဒီမှာ ၀င်စစ်ကြည့်
https://mobile.facebook.com/frie…/center/requests/outgoing/…
...............................................................................................
Hacking ရန်မှ သာမန် HackCat တွေရန်အား ကာကွယ်နည်း
Account Setting ထဲက General ထဲဝင်ပါ
Email ထဲဝင်ပါ Friends ဆိုတဲ့ နေရာမှာ Onlyme ပြောင်းထားပါ
ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ
Login Alerts ဆိုတဲ့ထဲ ၀င်ပါ
Notifications ဆိုတဲ့ထဲ ၀င်ပါ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ (Browser or Other Device က လက်ရှိကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တခြားသူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် )
Save လုပ်ပါ
Back တစ်ချက်ပြန်ထွက်ပြီး
Email ဆိုတဲ့ထဲ ထပ်ဝင်ပါ
Don't get email alerts ကနေ Get email alerts ပြောင်းလိုက်ပါ (အထက်မှာ ပြောခဲ့သလို တစ်နေရာရာက မိမိ Acc ကို ၀င်လိုက်ပြီဆိုတာနဲ့ Email ကို စာလှမ်းပို့ ပေးမှာပါ)
Save လုပ်ပါ
Back နှစ်ချက်ပြန်ထွက်ပြီး
Login Approvals On ထဲဝင်ပါ မိမိ အမြဲ သုံးတဲ့ Ph no တစ်ခု ထည့်လိုက်ပါ
ph no ကို code ပို့ ပေးပါလိမ့်မယ် အဲ့ code ရိုက်ထည့်ပြီး Login Approvals On တာအောင်မြင်သွားပါပြီ
Login Approvals Code တွေ တန်းချပြတတ်သလို တစ်ခါတစ်လေ တန်း ချမပြပါဘူး
တန်းချမပြရင် Account Setting ထဲ က Security ထဲ ပြန်ဝင်ပါ
Login Approvals Codes ဆိုတဲ့ ထဲ ၀င်လိုက်ပါ Codes ဆယ်ခု တွေ့ ရပါတယ် အဲ့ Code ဆယ်ခု ကို သေချာသိမ်းထားပါ
ကိုယ့်ထည့်ခဲ့တဲ့ Ph Network Server ကြောင်နေချိန် Acc ပြန်ဝင်ချိန်မှာ ဖုန်းကို Code မပို့ ခဲ့ရင် ခုန က Codes ဆယ်ခုထဲက တစ်ခုခုနဲ့ ပြန်ဝင်နိုင်ပါတယ်
အဲ့ Code ဆယ်ခု ကုန်သွားခဲ့ရင် လဲ အောက်ခြေနားမှာ get new codes ဆိုတာပါပါတယ် code ဆယ်ခု အသစ် ပြန်ယူနိုင်ပါတယ်
Third Parth Authenticator တော့ မပြောပြတော့ပါဘူး အဲ့လောက်ဆို လုံလောက်နေပါပြီ 60% လောက် ကောင်းကောင်း ကာကွယ်ထားနိုင်ပါတယ်
............................................................................................
Acc ကို ခဏ မသုံးချင်သေးဘူးဆိုရင် Deactivate လုပ်ထားလို့ ရပါတယ်
Deactivate လုပ်နည်း
Account Setting ထဲက Security ထဲဝင်ပါ
အောက်ခြေနားမှာ Account(Deactivate) ဆိုတဲ့ ထဲ ၀င်ပါ
Password တောင်းရင်ရေးပေးလိုက်ပါ
ခြေနေမျိုးစုံ အကြောင်းပြပြီး D သွားလို့ ရပါတယ်
Acc ပြန်သုံးမယ် ဆိုရင်တော့ This is temporary. I'll be back ကို ရွေးပြီး Close ကိုနှိပ်ပါ
7Days ကိုရွေးပါ
အောက်ခြေနား နည်းနည်းသွားပြီး opt out of receiving future email from facebook ကို ခေါက်ခြစ် ပြီး
Deactivate ကို ရွေးပေးလိုက်ပါ သွ့ သူ Log out ဖြစ်သွားမှာပါ
သူငယ်ချင်းများ ထံမှာ Facebook User လို မပေါ်ပဲ နာမည် ကိုအဖြူကြီးနဲ့ ပေါ်နေမှာပါ
Deactivate မှာ I don't understand how to use Facebook. ကို ရွေးပြီး Deactivate လုပ်ပြီး
Acc ပိတ်လိုက်မယ်ဆိုရင် Acc ကို Server မှ ဖျက်ချသွားမှာပါ များသောအားဖြင့်တော့ ပြန်ဝင်ရင် ပြန်တက်လာပါတယ်
Deactivate မလုပ်ချင်ပဲ ကိုယ်တိုင်လဲ မသုံးချင်တော့ဘူးဆိုရင်
တစ်ယောက်ယောက်ကို အမွေ ပေးခဲ့လို့ ရပါတယ်
Security ထဲ က Legacy Contact ထဲမှာ သင် အမွေ ပေးချင်တဲ့ တစ်ယောက်ကို ပေးခဲ့နိုင်ပါတယ်
......................................................................................................................
Facebook ID တင်နည်း
Facebook Acc ကို Report မိလို ဖြစ်ဖြစ် Server က စစ်ချချိန် Acc Name ကြောင့်
Name Lock မိပြီဆို ID တင်ရန်အတွက်
ဒီ Link ကို သွားပါ https://m.facebook.com/help/contact/319547548123767
အထက်က Link မှာ မိမိ Acc Login ၀င်တဲ့ Email or Ph no ရေးပါ
ပြီးရင် မှတ်ပုံတင် ဒါမှမဟုတ် အစိုးရက အသိမှတ်ပြုထားတဲ့ Card တစ်ခု ကို
ရှေ့ ခြမ်းဖြစ်တဲ့ (နာမည်/မွေးနေ့ /မှတ်ပုံတင်အမှတ်) တွေကို ရှင်းနေအောင် ပုံရိုက်ပြီး
Browse ကနေ ပို့ ပေးလိုက်ပါ
နောက်ဆုံး ရလာတဲ့ Support Inbox Link ကို သိမ်းထားပါ
Gmail သုံးထားတယ်ဆို Gmail Inbox ထဲမှာလဲ ရှိနေမှာပါ 100% မှာ 80% က မိမိ သုံးနေတဲ့
Facebook Password သာ သိတဲ့အတွက် Support Inbox Link ကို သိမ်းထားတာအကောင်းဆုံးပါ
အဲ့ကနေ Server က ပြန်စာကို စောင့်ပြီး စာပြန်ပါ
စာပြန်ရမှာ က အရမ်းရိုးရှင်းပါတယ်
Eg>>
Kyaw Soe Moe
8/9/1997
8/Sept/1997
Myanmar,Buddish
Magway
Yangon ဆို ရန်ကုန်ပေါ့ နယ်တွေက သိပ့်အရေးမကြီးပါဘူး အဲ့လိုစာတိုရေးရေးပြီး အောက်က Photo တင်ပေးလိုက်ပါ အဲ့ဒါဆိုစာပြန်လာရင်ရပါပြီ
သုံးခါလောက် ရစ်ပါလိမ့်မယ် အဲ့လိုပဲ ပြန်ရေးပြီး ပြန်တင်ပါ လေးခါ ငါးခါ ဆို တင်လိုက်တဲ့ မှတ်ပုံတင်ထဲက နာမည် အတိုင်း Facebook Name နဲ့  ID တင်ပြီးသားဖြစ်နေမှာပါ
............................................................................................................................................
Facebook Email Change နည်း
Account Setting ကိုသွားပါ
General ထဲဝင်ပေးပါ
Email ထဲထပ်ဝင်ပါ
Add email address ဆိုတာပါပါတယ် အဲ့ဒါကို နှိပ်ပါ အထဲမှာ Email အသစ်ရေးပါ Password ရေးပါ
ကိုယ်ထဲခဲ့တဲ့ Email Inbox ကို သွားပါ Gmail ဆို www.gmail.com ပေါ့ အဲ့မှာ Code ပို့ ထားမှာပါ
အဲ့ Code ကို ထည့်ပြီး Confirm လုပ်ပါ Confirm Link ကို သုံးလဲရပါတယ်
Email အောက်တည့်တည့်မှာ Friends လို့ ပေါ်လာရင်ရပါပြီ
Primary Email နေရာမှာ နောက်ထည့်တဲ့ Email Change ပါ ပြီးရင်(Password တောင်းရင်ပေးလိုက်ပါ)
နောက်ထည့်တဲ့ Email ပြောင်းပြီးပြီဆို အရင် Email ကို Remove လုပ်ပစ်ပါ
နောက်ထည့်တဲ့ Email အောက်က Friends ကိုနှိပ်ပြီး only me ပြောင်းပါ
............................................................................................................................
Facebook Password Change နည်း
Account Setting ကိုသွားပါ
General ထဲဝင်ပေးပါ
Password ထဲထပ်ဝင်ပါ
Current Password မှ အခုလက်ရှိသုံးနေတဲ့ Password ကို ရေးပါ
New Password and Re-New Password နေရာမှာ နောက်ထားမယ့် Password ကို ရေးပါ
ပြီးရင် Change နှိပ်ပါ
Log out other device နဲ့  log in stay... ပါပါမယ်
Log out other device ရွေးပေးလိုက်ပါ
စက်ရုပ်ကလေး က ခိုင်းတာလေးတွေ အနည်းငယ်လုပ်ပေးလိုက်ပါ Go to newfeeds ပေါ်လာရင် ရပါပြီ
.........................................................................................................................................
Facebook ၀င်ထားပြီး Password မေ့နေတယ်ဆိုရင် Password အသစ် Change နည်း
Account Setting ကိုသွားပါ
Text Messaging ထဲကို ၀င်ပါ
Ph no ထည့်ခဲ့တယ်ဆို အဲ့ ph no ကို reset code ပို့ ဖို့ www.faceboook.com ကို နှစ်သက်ရာ Browser နဲ့ ဝင်ပါ
ပြီးရင် Forget Password? မှာ မိမိ Facebook ရှာပါ ပြီးရင် ခုနက ph no ကို code လှမ်းပို့ ပါ
ှSMS ရောက်လာရင် အဲ့ Code ထည့်ပါ ပြီးရင် Log out other device ရွေးပေးလိုက်ပါ
စက်ရုပ်ကလေး က ခိုင်းတာလေးတွေ အနည်းငယ်လုပ်ပေးလိုက်ပါ Go to newfeeds ပေါ်လာရင် ရပါပြီ
Ph no မထည့်ထားခဲ့ဘူးဆိုရင် Text Messaging နေရာမှာ Ph no ထည့်ပါ ပြီးရင် SMS ၀င်လာရင် ph no confirm လုပ်ပါ
ပြီးရင် အထက်က ပြောတဲ့တိုင်း www.faceboook.com ကနေ Password Reset ချလိုက်ပါ
.........................................................................................................................................................
င်္Facebook Page ဖျက်နည်း
မိမိ ဖျက်ချင်တဲ့ မိမိ ပိုင်တဲ့ Facebook Page ကို သွားပါ
Edit Setting ကိုသွားပါ ပြီးရင် General ထဲကို ၀င်ပါ
အောက်ဆုံးမှာ Remove
Credit To Original Writer
လေးစားစွာဖြင်
ခမီတိုင်းရင်းသား​လေးရဲ​သွေး

Epson L Series Printer များအတွက်...

မှင်ဘူးမှ Ink Code မလိုပဲ Reset လုပ်ရန်

http://www.2manuals.com/WIC/WICReset.zip
📠 မိတ်ဆွေတို့ရဲ့ လုပ်ငန်းသုံး Printerများ
ပုံထွက်အရည်အသွေး ညံ့နေပါသလား?
စာရွက်တွေညပ်လို့ စိတ်ညစ်နေပါသလား?
Error တွေတက်လို့ သုံးလို့မရပဲဖြစ်နေပါသလား?
ဘယ်ဆိုင်ပြင်ပြင် အဆင်မပြေဖြစ်နေပါသလား?
အစားထိုးပစ္စည်းမရှိလို့ ပြင်လို့မရဖြစ်နေပါသလား?

🔧 ၎င်း အဆင်မပြေမှုများအတွက်...
Service ၁၀နှစ်ကျော်အတွေ့အကြုံရှိသော
ကျွန်တော်တို့ PROACTIVE Service Centre မှ
အပိုပစ္စည်းစုံလင်စွာဖြင့် စိတ်တိုင်းကျသုံးနိုင်ရန်
မည့်ပြစ်ချက်မျိုးကိုမဆို ပြု ပြင်ပေးလျှက်ရှိပါသည်။
Epson Service Error များအား online မှပြု ပြင်ပေးခြင်း၊
Resetter Software များလည်းရောင်းချပေးပါသည်။
🏠၂၁လမ်း၊ (ဒေါ်ခဓမ္မာရုံလမ်း)
၆၃နှင့်၆၄လမ်းကြား၊
နန်းရှေ့၊ မန္တလေးမြို့။
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
ဆိုင်ဖွင့်ချိန် 9:30AM - 5:30PM
☎ 09-402700066, 09-798545123
Epson AP Free Download
-------------------------------------
L800
https://app.box.com/s/ktaozkibtrg1v9w97loy5kk8obw3u0ab
L110,210
https://app.box.com/s/9ccfa2e7efd59gq2qrisp380kn404c5t
L100
https://app.box.com/s/vig57yt8ewhnimqjaq2un1steil4ajn3
L200
https://app.box.com/s/86p4wdsnohtojqosbz0j7wdrjhptrfac
ME1100
https://app.box.com/s/xxj909zn6rw8c6czu473v0tctkwsuq93
ME620f
https://app.box.com/s/ri1lm14why768kfiqmlargid6ve36g6b
T1100
https://app.box.com/s/0oj54gyei0gbze2bj1hypgz8zjbrkdna
T30
https://app.box.com/s/4qmehvymydmk9gi6t1n1c00gjm4ewqtt
T50,60
https://app.box.com/s/kqxkszqgi5q5296qw9rqnfejfw17nluf
TX720wd
https://app.box.com/s/60eyn7jyiwaoyki8yng7xdbx025zlnid
R230
https://app.box.com/s/e1t8o7sa0xx5qhynoyefn2bxedzwctla
R390
https://app.box.com/s/616nsu18p1lwllb55mka9n9ucb3hmafs
Photo1390
https://app.box.com/s/ijoiqzbzybw2dq157pb6esmi3yhdkts6
No automatic alt text available.Image may contain: indoorNo automatic alt text available.

Comment

Sunday, May 7, 2017

8 hrs ·
Computer နဲ့ လူတိုင်းလိုလို ထိတွေ့လာရတဲ့ ခေတ်မှာ တစ်ချို့ကတော့ သင်တန်းတွေ တတ်ပြီး တတ်မြောက်လာတာရှိသလို တစ်ချို့ကလဲ မိမိဘာသာ လေ့လာသင်ယူပြီးတော့ တတ်မြောက်လာတာရှိပါတယ် . ဒီတော့ Computer မှာ ShortCuts key တွေကို အသုံးပြုတတ်မယ်ဆိုရင် လုပ်ဆောင်ရတာ မြန်ဆန်မှုပြီးတော့ Mouse ကို နေရာတကာမှာ အသုံးမပြုရတော့ပါဘူး. ဒီတော့ ShortCuts Key တွေအကြောင်းကို သိသလောက်လေး ဖော်ပြပေးလိုက်ပါတယ် . Prospect Myanmar ကို အားပေးနေတဲ့ ပရိသတ်တွေလဲ အသုံးဝင်မယ်လို့ ထင်ပါတယ် . ယခု အသုံးမလိုသေးရင်တောင် တစ်ချိန်မှာ အသုံးဝင်လာနိုင်တာကြောင့် Share ထားတာ အကောင်းဆုံးပါပဲ .
Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။
Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။
F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + C - မိတ္တူ ပွားပေး ပါမယ်။
Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။
Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။
Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။
ှShift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။
General Keyboard
F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။
Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen - Multiple Doc**ent Interface ကို ပြသ ပေးတယ်။
Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။
Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။
Selected objects & shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။
F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။
Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။
Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။
Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။
Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူပါတယ် .
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ .
David Jame
#DavidJame #ProspectMyanmar #PM_Tech

Saturday, May 6, 2017

‎Kyaw Pine‎ to မြန်မာ့ဆိုင်း-Myanmar Traditional Orchestra
အလှုပွဲတရားနာအပြီးရေစက်ချလို့ပြီးပါပြီအပါအဝင်
အသံချဲ့စက်ဆရာများအတွက်လက်ရွေးစဉ်ဆိုင်းသီချင်း
(၇)ပုပ်ကြိုက်ကြလိမ့်မယ်ထင်ပါတယ်။mp3ဒေါင်းရန်
(1) http://vocaroo.com/i/s0hWiYDTjdcy
(2) http://vocaroo.com/i/s0P7WDtJoY8J
(3) http://vocaroo.com/i/s08KgXaxVtx2
(4) http://vocaroo.com/i/s0cOzh72YHCL
( 5) http://vocaroo.com/i/s1yV5Q6uf6Us
( 6)http://vocaroo.com/i/s0Z6ZXqAVE0e
( 7)http://vocaroo.com/i/s0wkP56h9cVf
Credit-မြန်မာသံစဉ်နှင့်မြန်မာ့ဆိုင်း

Friday, May 5, 2017

Corel VideoStudio Pro X6 16.1.0.45 SP1 + keygen
ဒီဆော့လ်ကိုလူများများတောင်းဆိုထားအခုတင်ပေးပြီနော်
ဒီvideos တည်းဖြတ်ဆော့ဝဲလ်အ၇မ်းလွယ်ကူစွာသုံးနိုင်းပြီလုပ်ဆောင်ချက်တွေတကယ်ကိုထူးဆန်းတယ်
ဇာတ်ကိုတွေတည်ဖြတ်နေ၇ာတွေအရန်းသုံလိုကောင်းတယ် ကာလာတွေအရည်သွေးကောင်းပါတယ်
ဒီဆော့ဝဲလိကိုမသိတဲ့လူတွေများပြားပါတယ် အခုတော့စမ်းသုံးကြည်ရှင်တော့ ဆွဲထားနော်
bassword ( naymoe )
http://www.mediafire.com/…/Corel+VideoStudio+Pro+X6+Setup+F…

Credit…နေမိုး - စေတနာနည်းပညာမျှဝေရာ

Thursday, May 4, 2017

ကွန်ပြူတာမှာ သီချင်းအသံမပါပဲ တီးလုံးသက်သက်နဲ့ media payer နဲ့ကာလာ အိုကေဆိုကြရအောင်နော်

ကျွန်တော့် ကိုကို မမတို့ရေ ကွန်ပြူတာမှာ သီချင်းအသံမပါပဲ တီးလုံးသက်သက်နဲ့ media payer နဲ့ကာလာ
အိုကေဆိုကြရအောင်နော် ဒီနည်းလေးကို မသိသေးတဲ့သူအတွက်ပြောပြလိုက်ပါတယ် ပထမဆုံး media player မှာ Audio ဆိုတဲ့စာသားလေးကိုတစ်ချက်ကလစ်လိုက်ပါ ဘောက်တစ်ခုကြလာပါလိပ်မယ်အပေါ်ကမျှားပြထာပါ
တယ်
ဒုတိယက Audio channel စာသားပေါ်ကို မောက်တင်လိုက်ပါ stereo, Left, Righr, Reverse stereo ဆိုပြီဘောက်တစ်ခုကြလာပါလိပ်မယ် အပေါ်ကမျှားပြထာပါတယ်

တတိယက မိမိဖွင့်လိုက်တဲ့သိချင်းက Left ဖြစ်နေရင် Right ကိုအမှန်ခြစ်ပေးလိုက်ပါ အပေါ်ကမျှားပြထာပါ
တယ်
 စတုတ္ထက မိမိဖွင်ထြားတဲ့သီချင်းက Right ဖြစ်နေမယ်ဆိုရင် Left ကိုအမှန်ခြစ်လေးလိုက်ပါအပေါ်ကမျှားပြထာပါ
တယ်
 "မှက်ချက်'' တစ်ချို့ Player တွေကြတော့,only Left channel, နဲ့ ,only Righr  channel ဆိုပြီပေါ်လာပါတယ်
 အဲဒါဆိုရင်အပေါ်ကတိုင်ပါပဲပြောင်းပေးလိုက်ရင်ရပါတယ် ဒီလောက်ဆိုကိုကို မမတို့ သီချင်းဆိုတဲ့အခါမှာ အသံမပါဘဲ တီးလုံးသက်သက်နဲ့ကာလာအိုကေ ပုံဆံသီချင်းဆိုလို့ရပြီပေါ့ဗျာ ကဲကြာပါတယ်လက်တွေလုပ့်ကြည့်လိုက်ပါ အားလုံးကို ချစ်ခင်လေးစားလျှက်ပါ