oo

  • iiii

Thursday, August 17, 2017

ဒီနေ့တွေ့တာလေး . . .
အိုင်တီလမ်းညွှန်
လိုဂိုဒီဇိုင်းပညာကို စပြီးလေ့လာနေပြီလား . . ဒီပိုစ့်လေးကို ဖတ်ကြည့်ပေးနော် . .👍 👍👍👍
---------------------------------------------------------------------------------
လိုဂိုဒီဇိုင်းပညာဟာဆိုရင် ဒီဇိုင်းပညာရပ်အားလုံးထဲမှာ လူစိတ်ဝင်စားမှုကို အများဆုံးရှိတဲ့ပညာရပ်တစ်ခုပါ။ ကောင်းမွန်တဲ့ လိုဂို ဒီဇိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် ကိုယ်ပိုင်စိတ်ကူးအပြင် ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့လမ်းညွှန်မှုတွေကိုလည်း လိုအပ်ပါတယ်။ ဒါကြောင့် လိုဂိုဒီဇိုင်းတစ်ခုကို ရေးဆွဲတော့မယ်ဆိုရင် ဘယ်လိုကောင်းမွန်အောင် ရေးဆွဲရမလဲဆိုတာကို ကျွန်တော်တို့ MWD မှ အကြံပြုချက်လေးအချို့ဖြင့် ကူညီပေးပါရစေ။
|
၁) ပုံစံအကြမ်းတည်ဆောက်ခြင်း
လိုဂိုဒီဇိုင်းတစ်ခု စပြီးရေးဆွဲတော့မယ်ဆိုရင် အဲဒီ့လိုဂိုဒီဇိုင်းအတွက် လိုအပ်တဲ့ အရာဝတ္ထုတွေကို စတင်စုဆောင်းရပါတယ်။ (ဥပမာ - icon , ဆွဲမယ့်လိုဂိုဒီဇိုင်းပုံစံ စသည်ဖြင့်)။ အဲဒါတွေအားလုံးကို စုဆောင်းပြီးပြီဆိုရင် ကိုယ်ဆွဲချင်တဲ့ လိုဂိုဒီဇိုင်းအတွက် ပုံစံအကြမ်းတစ်ခု အရင်တည်ဆောက်လိုက်ပါ။
|
၂) ဒီဇိုင်းအရွယ်အစား ချိန်ညှိခြင်း
ပုံစံ အကြမ်းရေးဆွဲပြီးပြီးဆိုရင် လိုဂိုကို ကြည်လင်ပြတ်သားအောင် အရွယ်အစားကို ချိန်ညှိပေးရပါတယ်။ ဒီနေရာမှာ ချိန်ညှိမှု လွဲမှားသွားခဲ့ရင် ကြည်လင်ပြတ်သားတဲ့ လိုဂိုဒီဇိုင်းကို မရှိနိုင်ပါဘူး။
|
၃) ကိုက်ညီမည့် Software ကိုအသုံးပြုခြင်း
ကောင်းမွန်တဲ့ လိုဂိုတစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် အဲဒီ့လိုဂိုကို ရေးဆွဲဖန်တီးလို့ရမယ့် Software တွေကို ရွေးချယ်အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ (Photoshop , Illustrator စသည်ဖြင့်ပေါ့)။ အခြား Free Tools တွေဖြစ်တဲ့ Inkscape နှင့် Vectr တို့ကို သုံးစွဲလို့လည်း ရပါတယ်။
|
၎) ဓာတ်ပုံတွေ မသုံးပါနဲ့
လိုဂိုဒီဇိုင်းကို ရေးဆွဲတဲ့နေရာမှာ ဓာတ်ပုံကို ထည့်သွင်းအသုံးမပြုသင့်ပါ။ ဓာတ်ပုံကိုသုံးပြီး ရေးဆွဲခဲ့မယ်ဆိုရင် အရည်အသွေး ကောင်းမွန်တဲ့ လိုဂိုဒီဇိုင်းကို မရနိုင်ပါဘူး။
|
၅) အရောင်သဘောသဘာဝကို နားလည်ခြင်း
လိုဂိုဒီဇိုင်းနာတစ်ယောက်ဟာ ကိုယ်သုံးစွဲမယ့် အရောင်တစ်ခုချင်းစီကို သူ့နေရာနဲ့သူ လိုက်လျောညီထွေအောင် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ RYB အရောင်ပုံစံမှာဆိုရင် အနီ၊ အ၀ါနဲ့ အပြာကို ပထမအရောင်အဖြစ်သတ်မှတ်ထားပြီး အစိမ်း၊ လိမ္မော် နဲ့ ခရမ်းရောင်ကိုတော့ ဒုတိယအရောင်အဖြစ် သတ်မှတ်ထားပါတယ်။ အခြားအရောင်ကွဲ ခြောက်မျိုးကိုတော့ ပထမနဲ့ဒုတိယ အရောင်တို့နဲ့ ရောစပ်အသုံးပြုပါတယ်။ အရောင်သုံးစွဲခြင်းနဲ့ပတ်သက်ပြီး နည်းလမ်း (၃) မျိုးရှိပါတယ်။ အဲဒါတွေက -
- လိုက်ဖက်ညီတဲ့ အရောင်နှစ်မျိုးကို တွဲဖက်သုံးစွဲခြင်း
- ဆင်တူအရောင် (သို့) တူညီသည့် အရောင်ကိုအသုံးပြုခြင်း
- အရောင်သုံးမျိုးကို ရောစပ်သုံးစွဲခြင်း တို့ပဲဖြစ်ပါတယ်။
|
လိုက်ဖက်ညီတဲ့ အရောင်နှစ်မျိုးကို တွဲဖက်သုံးစွဲခြင်း။ ။ လိုဂိုဒီဇိုင်းတစ်ခု ရေးဆွဲပြီဆိုရင် လိုက်ဖက်ညီတဲ့ အရောင်နှစ်မျိုး ကို တွဲဖက်ပြီး ရွေးချယ်ရေးဆွဲလို့ရပါတယ်။ (ဥပမာ - အနီနှင့် အစိမ်း၊ အပြာနှင့် လိမ္မော်) စသည်ဖြင့်။ ဒီလိုမျိုးရေးဆွဲတာက စာသားနဲ့ပုံဖော်တဲ့ လိုဂိုတွေအတွက် ပြဿနာအနည်းငယ် ရှိပေမယ့် လိုဂိုအများစုအတွက်တော့ ကောင်းမွန်ပါတယ်။
-
ဆင်တူအရောင်များကိုအသုံးပြုခြင်း။ ။ အချို့လိုဂိုတွေကို မူလအသုံးပြုမယ့် အရောင်နဲ့ဆင်တူသည့် အခြားအရောင်တစ် မျိုးမျိုးနဲ့ တွဲဖက်ရေးဆွဲကြပါတယ်။(ဥပမာ အနီနှင့် လိမ္မော်ရင့်ရင့်အရောင် (သို့) အနီနှင့် လိမ္မော်ဖျော့ဖျော့ အရောင်)။ ဆင်တူတဲ့ အရောင်နှစ်ခုကို သုံးထားတာဖြစ်တဲ့အတွက် အရောင်ကွဲပြားသွားအောင် သေချာချိန်ညှိထားဖို့ တော့လိုပါတယ်။
-
အရောင်သုံးမျိုးကို ရောစပ်သုံးစွဲခြင်း။ ။ အရောင်သုံးမျိုးကို ပေါင်းစပ်ပြီး ရေးဆွဲထားတဲ့ လိုဂိုတွေကို နောက်နာမည်တစ်မျိုး အနေနဲ့ သုံးမျိုးစပ်အရောင်နှင့်ဒီဇိုင်းရေးဆွဲခြင်း လို့လည်းခေါ်ပါတယ်။ (ဥပမာ - ခရမ်း၊ အစိမ်း၊ လိမ္မော်တို့ကို ပေါင်းစပ် ရေးဆွဲခြင်း)။ အရောင်သုံးမျိုးသုံးပြီး လိုဂိုဆွဲမယ်ဆိုရင် ပင်မအရောင်တစ်ခုထားပြီး ကျန်နှစ်ခုကို အရံအရောင်အဖြစ်ထားပြီး ဒီဇိုင်းရေးဆွဲပါ။
|
၆) အကွက်စဉ်ပုံစံဖော်ပြီး ရေးဆွဲခြင်း
ဒီဇိုင်းတစ်ခုဆွဲပြီးဆိုရင် ကိုယ်ဆွဲမယ့်ဒီဇိုင်းကို အချိုးကျကျဖြစ်အောင် စနစ်တကျ အကွက်စဉ်ဖော်ပြီး ရေးဆွဲတဲ့ အလေ့အကျင့်ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားပါ။ ဒါမှာသာ စမတ်ကျတဲ့ လိုဂိုဒီဇိုင်းကောင်း တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။
|
၇) ရိုးရှင်းတဲ့ လိုဂိုဒီဇိုင်းတစ်ခု ဖြစ်ပါစေ
လိုဂိုဒီဇိုင်းတစ်ခုကို ရေးဆွဲပြီဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ မိမိဖော်ပြချင်တဲ့ အဓိပ္ပာယ်ကို တစ်ပါတည်း ပါဝင်အောင် ရေးဆွဲနိုင်ဖို့ အဓိကပါ။ ဒါမှသာ ကိုယ့်နဲ့တွဲဖက်လုပ်ကိုင်တဲ့ ပါတနာနဲ့ ကိုယ့်ရဲ့ကာစတန်မာတွေကို ဆွဲဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးဆွဲထားတဲ့ လိုဂိုဒီဇိုင်းက ရိုးရှင်းပြီး ဆိုလိုရင်းအဓိပ္ပာယ် ပါနေဖို့လိုပါတယ်။
|
၈) နေရာအပိုတွေကို အကျိုးရှိရှိအသုံးချပါ
အချို့လိုဂိုဒီဇိုင်းတွေကို ရေးဆွဲတဲ့အခါ နေရာအပိုတွေ ကျန်ခဲ့လေ့ရှိပါတယ်။ အဲဒီ့နေရာကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုအပ်ပါ တယ်။ မဟုတ်ရင် သင့်ကို ဒုက္ခပေးနိုင်ပါတယ်။ အဲလွတ်နေတဲ့နေရာမှာ ကိုယ်ထည့်ချင်တဲ့ Hidden Message တွေကို ထည့်သွင်း အသုံးပြုလို့ရပါတယ်။
|
လိုဂိုဒီဇိုင်းတစ်ခုကို စတင်ရေးဆွဲမယ်ဆိုရင် Beginner တစ်ယောက်အတွက် ခက်ခဲပေမယ့် အခြေခံသဘောတရားတွေကို နားလည်ပြီး လေကျင့်မှုများများပြုလုပ်မယ်ဆိုရင် တဖြည်းဖြည်း ကျွမ်းကျင်လာပါလိမ့်မယ်။ လိုဂိုဒီဇိုင်းနာတစ်ဦးအတွက် အဓိက အရေးအကြီးဆုံးအချက်က ကိုယ့်ရဲ့စိတ်ကူးတွေကို အမြဲတမ်း ဒီဇိုင်းရေးဆွဲနေဖို့ နှင့် Fonts , Shapes တွေကို စနစ်တကျ နေရာချပြီး ရေးဆွဲနိုင်ဖို့ပါပဲ။

Tuesday, August 15, 2017

💻 Windows 10 အကြောင်း💻

★ ★ ★ ★ ★ ★ ★ ★ ★
From IT Guide
ဒီပို့(စ်​)​လေးက​တော့ ဆရာများ​တော​တောများများတင်​ထားတာ​လေး​တွေ့တယ်​ ၊ အ​မေးလည်း​တော​တောများတယ်​၊ သိတဲ့ဆရာများ​ကျော်​သွား​ပေးပါ။
ခင်ဗျားတို့လက်တော့တွေထဲမှာ Windows 10 ရှိနေတယ်ဆိုရင် ...
DVD အခွေနဲ့ တင်ထားတာဆိုရင် ....
ဝယ်ကတည်းက ပါလာတာ ဆိုရင် ....
ရိုးရိုး Windows 10 လို့ ပြောရမယ် ...
ဘာလို့ဆို Windows 10 ဟာ စစချင်းတုန်းကဟာက လှတာပဲရှိတယ်
မြန်သင့်သလောက်လည်း မြန်တယ် သို့သော် ဒါအကင်းပဲရှိသေးတယ်
Windows 10 ကို အကြီးစား ပြင်ဆင်မှု အနေနဲ့ Anniversary Update နဲ့ Creator Update ဆိုတာ ထပ်ထုတ်ထားသေးတယ် ...
Creator Updateမှာမှ အရမ်းလန်းသွားတာဖြစ်​တယ်​ ...
Creator Update ကို ယူဖို့အတွက်က Microsoft ကနေ Download ဆွဲမှ ရမယ် .. 6 GB လောက်ရှိတယ် .. Media Creation Tool Google ကနေရှာပြီး ISO ဆွဲပြီး အသုံးပြုပါလေ ... Memory Stick ထဲကို မထည့်ပါနဲ့ ... ပြီးမှသာ Rufus နဲ့ ISO ကို Memory Stick ထဲကို ထည့်ပါ .
Trial အနေနဲ့ပဲ တင်ပြီး KMSpico နဲ့ ခိုးပါ ....
တင်နည်း ဘာညာကတော့ မပြောတော့ဘူး .. စာရှည်သွားမယ် ....
အထူးသတိထားဖို့ .....
Windows 10 မှာ အဆုံးအဆမဲ့ Update ကြီးရှိတယ် ... သူ့ကို မပိတ်ထားရင် ဖုန်းဘေ သိန်း ၁၀၀ ထည့်လည်း ကုန်မှာပဲဆိုတာ သတိပြုပါ ..ဘာလို့ဆို ကိုယ်က Update လုပ်ပြီးလို့ အေးဆေးပဲဆိုပြီး မနေပါနဲ့
ကိုယ့်ရဲ့ Update ကို Upload ပြန်လုပ်ပြီး တကမ္ဘာလုံးက လိုအပ်တဲ့သူတွေဆီ ပြန်ပို့ပေးတဲ့ Feature ကြီးပါလို့ .. တင်ပြီးသွားရင် အရင်ဆုံးပြေးပြီးတော့ .. Setting\Windows Update/ Advence ကနေ Update From More than one place ကို ပိတ်ရမယ် ...
Windows Update ကိုတော့ ပိတ်မရဘူး ... မဆွဲစေချင်ရင် ကိုယ်ချိတ်ထားတဲ့ Wifi ကို Network Setting ကနေ Metered Connection ကို ON ပေးရမယ် ..
ပြီးတာနဲ့ Program Feature ကနေ .NET Framework 3.5 ကို ON ပေးပါ ..အင်တာနက်ကနေ 100 MB လောက်ဆွဲချလိမ့်မယ် .. ခွင့်ပြုလိုက်ပါ
ဒါမှသာ Windows 7 မှာ Run တဲ့ ဆော့ဝဲတွေအကုန် Run မှာ ဖြစ်တယ် ...
Anti Virus ဆော့ဝဲသီးသန့်မလိုဘူး Windows Defender ဆိုတာ MSE (Microsoft Security Essential) ဖြစ်သွားပြီ ... သူ့ကိုပဲ Update လုပ်လိုက်ပါ ... Malware အတွက်က iobit ကထုတ်တဲ့ ပေါ့ပေါ့ပါးပါး Free ကို တင်လိုက်ရင် အားလုံး OK သလောက်ဖြစ်ပီ ... Driver အဆင်မပြေရင် Windows Update လုပ်လိုက်ပါ ... ဒါမှမရသေးရင် iobit ကပဲ ထုတ်တဲ့ Driver Booster တင်ပြီး Serial Key ကိုတော့ Google ကနေပဲရှာလိုက်ပါ ပေါပေါလောလောတွေ့ရမှာ ဖြစ်တယ် ...
Network ချိတ်သုံးမယ့်သူတွေအတွက်က Internet ချိတ်လိုက်တာနဲ့ Yes No နှစ်ခုမေးလိမ့်မယ် Yes သာဖြေ ... Network ခေါ်မရရင် Firewall ပိတ် .. Network and Sharing Center ကနေ Change Advenced Sharing Settings မှ တစ်ဆင့် Turn on password protect sharing မှာ off အဖြစ် ထားပေးရပါမယ် ... ဒါတောင်မှ အခြားစက်ကနေ ခေါ်လိုက်ရင် user name နဲ့ password တောင်းပါတယ် .. ရိုက်ချင်တာ ရိုက်ထည့်လိုက်ပါ ခေါ်လို့ရပါတယ် ...
Zawgyi font အတွက်က Windows 10 မှာ Replace လုပ်ရတဲ့ Font ၂ ဖိုင်ရှိတယ် အဲ့ကောင်ကို Overwrite လုပ်ပြီးတော့မှ Zawgyi Installer ကိုမောင်း .... Zawgyi-One Font ကိုသပ်သပ်ထည့် ... စက်ကို Restart ချ ..
Desktop မှာပါ မြန်မာလိုရေးချင်ရင် wintools.info ကနေ advence windows font changer နဲ့ ချိန်းမှရမယ် ဆိုဒ်သေးသေးလေး portable ..
ဒေါင်းလုပ်ဆွဲ ....Run .....လုပ်...
အားလုံးအဆင်​​ပြောသွားပါပြီး....
MR.WaiThu-နည်းပညာ
ဗဟုသုတ ပညာဒါန

Monday, August 14, 2017

https://m.facebook.com/story.php…
ဟိုနေ့က

Hair Brushes + Skin Brushes

တောင်းထားသူများ ဒေါင်းနိုင်ပါပြီဗျ။

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

Tuesday, August 8, 2017

ကီးဘုတ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;f7;f8;F9
Function keys များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်
=======================
F1 = ဖွင့်ထားတဲ့Application မှာ မိမိမသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screem ပေါ်လာပါလိမ့်မည်။)
F2 = ဖိုင်တစ်ခုကိုရွေးပြီး F2 ကို နှိပ်ပါက ဖိုင်အမည်အား အလွယ်တကူ ပြောင်းလို့ရပါလိမ့်မည်။
F3 = ဖွင့်ထားသည့် Application တစ်ခုမှာ စာသား Text တစ်ခုခုရှာဖို့အတွက် အသုံးဝင်ပါတယ်။
F4 = လက်ရှိဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ပိတ်သွားပါလိမ့်မည်။
F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လပ်စေပါသည်။ (Refersh)
F6 = Browser တွေ အသုံးပြုသည့်အခါ ကာဆယ်ကို adress bar ဆီ တန်းရောက်သွားစေသည့် အစွမ်းထက် key လေးပါ။
F7 = Microsoft word လို စာရိုက်တဲ့ software တွေမှာ စာလုံးပေါင်း။ သဒ္ဒါတွေကို စစ်ဆေးပေးပါတယ်။
F8 = ကွန်ပျုတာကို စဖွင့်ဖွင့်ချင်း Boot Menun သွားမည်ဆိုပါက F8 ကို နှိပ်လိုက်ပါ။
F9 = Microsoft word မှာ ဆိုရင်တော့ Document ကို Refersh (ပေါ့ပါးသွက်လပ်စေသည်) လုပ်ပေးပါတယ်။ Out look နဲ့ Email မှာ အသုံးပြုရင်တော့ Send / Receive အတွက် အသုံးပြုလို့ရပါတယ်ခင်ဗျာ။
မိတ်ဆွေများအားလုံး အဆင်ပြေချောမွေ့ကြပါစေပါခင်ဗျ
Crd...org

ကွန်ပျူတာ Password ဖျက်သည့် Hiren's Boot CD

.....
.....
.....
https://my.pcloud.com/publink/show…
အသုံးပြုနည်း
အရင် သင့်ရဲ့ ကွန်ပျူတာထဲကို DVD ခွေအလွတ် တစ်ခွေ ထည့်ပါ။ Hiren's Boot CD ကို Download ဆွဲပြီးလျှင် အဲဒီ Folder ပေါ်မှာ Right Click ထောက်ပြီး Extract Here ကို နှိပ်ပါ။ Hiren's Boot CD Uploaded by Ashin Nandisara ဆိုတဲ့ Folder လေးပေါ်လာရင် အဲဒီ Folder ကို ဖွင့်လိုက်ပါ။ Hiren's Boot CD ပေါ်မှာ Right Click ထောက်ပြီး Open with... ကို နှိပ်ပါ။ Nero Burning Room ရွေးပြီး Ok နှိပ်ပါ။ DVD Image ကို ရွေးပြီး Burn ကို နှိပ်ပါ။
Password ဖျက်နည်း
Start BootCD ကို ရွေးပါ။
3. Password & Registry Tools… ကို ရွေးပါ။
1. Active Password Changer 3. 0. 420 (Nt/2000/XP/2003/Vusta) ကို ရွေးပါ။
Your choice: [] ဆိုတဲ့အကွက်ထဲမှာ 1 လို့ရိုက်ထည့်ပါ။ enter ခေါက်ပါ။
Your choice (0..2 or All) : [] ဆိုတဲ့နေရာမှာ A ရိုက်ထည့်ပါ။ enter ခေါက်ပါ။
အနီရောင်စာကြောင်းနဲ့ MS SAM file have not been found. (Press any key to exit…) လို့ ပေါ်လာလျှင် enter နှိပ်ပါ။
Password ဖျက်နေပါလိမ့်မည်။ ခဏစောင့်ပါ။
ပြီးသွားရင်တော့ enter ခေါက်ပါ။
ခွေထုတ်ပါ။ ပါဝါပိတ်လိုက်ပါ။ ပြန်ဖွင့်လိုက်ပါ။
ဒီ Hiren's Boot CD ရဲ့ စွမ်းဆောင်ချက်တွေကတော့ တော်တော်လေးများပါတယ်။ ကွန်ပျူတာမှာ Password ပေးထားပြီး မေ့နေရင် Password ကို ဖျက်နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows ၂ နှစ် တင်ထားရင်တော့ Password ဖျက်လို့မရပါ။ နောက်မှထွက်တဲ့ Lenovo Laptop တွေဟာ Security အားကောင်းသည့်အတွက် ဖျက်လို့မရပါ။) Hard Disk တွေကို ကောင်းအောင် ပြုပြင်နိုင်ပါတယ်။ Partition တွေကို ပိုင်းချင်သလိုပိုင်းပြီး ပြန်ပေါင်းမရတဲ့ အခါတွေမှာလည်း ဒီ Hiren's Boot CD လေးနဲ့ ပြန်ပြင်နိုင်ပါတယ်။ ကျန်တာတွေကိုတော့ သင်ကိုယ်တိုင်သာ လေ့လာကြည့်ပါတော့။
Credit… ကွန်ပျူတာ မာစတာ