oo

  • iiii

Monday, January 22, 2018

Windows 10 နှင့် ပတ်သက်၍ သိထားရမည့် အချက်များ (PDF)


ယခုအခါတွင် Windows 10 ကို အခမဲ့ download ပြုလုပ်၍ install ပြုလုပ်ထားသည့် သူများသည် Windows ဗားရှင်းသစ်နှင့် ပတ်သက်၍ သတင်းအချက် အလက်များ သိရှိလိုကြသည်။ ထို့ ကြောင့် သုံးစွဲသူများကHow-to geek ဝက်ဘ်ဆိုက်ထံသို့ အီးမေးလ်များ ပေးပို့၍ Windows 10  နှင့် ပတ်သက်၍  မေးခွန်းပေါင်းရာပေါင်း များစွာကို မေးမြန်းကြသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် How-to geek  ဝက်ဘ်ဆိုက်သို့ လူပေါင်းများစွာက  မကြာခဏ မေးမြန်းကြသည့် မေးခွန်းများ ဖြစ်ပါသည်။
Windows 10 က အခမဲ့လား။
လူများအကြားတွင် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည့် Windows 10 ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ရောထွေးမှုများ ဖြစ်ပေါ်နေသည်။ Microsoft အနေဖြင့်၎င်း OS သစ်ကို တိုးတက်လာစေရန် ဆောင်ရွက်ခြင်းနှင့် beta ဗားရှင်း စမ်းသပ် စဉ်ကာလအတွင်း upgrade နှင့် ဈေးနှုန်း သတ်မှတ်ရေး အစီအစဉ် တို့ကို အကြိမ်ရေ အနည်းငယ် ခန့် ပြောင်းလဲခဲ့သည်။
သုံးစွဲသူ အများအပြားအတွက် ရည်ရွယ်၍ Windows 10 သည် ခြွင်းချက်မရှိ အခမဲ့ဖြစ် သည်။ လက်ရှိတွင် သင့်အနေဖြင့် တရားဝင်Windows 7 သို့မဟုတ် Windows 8.1 အသုံးပြုထားပါက Windows 10 ကိုအခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ အကယ်၍ pirate ဗားရှင်း အသုံးပြုထားသည့် Windows ထုတ်ကုန်တွင်လည်း အခမဲ့ အဆင့်မြှင့်တင်မှု များ ပြုလုပ်နိုင်ကြောင်း Microsoft မှ အရိပ်အမြွက် ပြောကြားခဲ့သည်။ Windows 7/ Home/Basic/Premium နှင့် Windows 8.1 သုံးစွဲသူများ သည် Windows 10 Home ကို အခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ Windows 7 Professional/ Ultimate နှင့် Windows 8.1 Pro သုံးစွဲသူများသည် Windows 10 Pro အား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သည်။
သတိပြုရန်မှာ Windows 10 စတင်ထွက်ရှိလာသည့် ပထမဆုံး နှစ်တွင်သာ အဆင့်မြှင့်တင်မှုများ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။ Windows 10 ကို ၂၉.၇.၂၀၁၅ တွင် တရားဝင် ဖြန့်ချိခဲ့သောကြောင့် ၎င်းအဆင့်မြှင့်တင်မှုကို၂၈.၇.၂၀၁၆ အထိသာ အသုံးပြု နိုင်မည် ဖြစ်သည်။
Windows 10 ကိုဘယ်လိုရယူ အသုံးပြုမလဲ။
Windows 10 သုံးစွဲလိုသူများ အနေဖြင့် Microsoft မှ Windows 10 intaller tool ကို download ပြုလုပ်ပြီး reboot တွင် install ပြုလုပ်ကာ သုံးစွဲနိုင်သည်။ ၎င်းလုပ် ငန်းစဉ်သည် အလွန် ရိုးရှင်းပြီး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာ တွင် လွယ်ကူချောမွေ့မှု ရှိ သည်။ Windows 7 သို့မဟုတ် 8.1 မှ Windows 10 သို့ update ပြုလုပ်သည့်အခါ အင်တာနက် ချိတ်ဆက်မှုဖြင့်လည်း download ပြုလုပ်နိုင်သည်။
ကွန်ပျူတာတိုင်းမှာ Windows 10 အသုံးပြုနိုင်မလား။
သုံးစွဲသူ တစ်ဦးချင်းစီ၏ အသုံးပြုထားသည့် ကွန်ပျုတာအပေါ် မူ တည်၍ မေးမြန်းထားသည့် မေးခွန်းတစ်ခု ဖြစ်သည်။ Windows 7 သို့မဟုတ် Windows 8 အသုံးပြုနေသည့် သုံးစွဲသူများတွင် hardware သစ်များ အသုံးပြုထား ပါက ၎င်းတို့၏ ကွန်ပျူတာတွင် Windows 10 အသုံးပြုနိုင်မည့် အခွင့်အရေးများပြားမည် ဖြစ်သည်။ သို့မဟုတ်ပါက Windows XP သုံးစွဲထားသည့် ကွန်ပျူတာများတွင် Windows 7 ကို စိတ်ကျေနပ်မှု အပြည့်အဝဖြင့် အသုံးမပြုနိုင်လျှင် Windows 10 အား ကောင်းမွန်စွာ အသုံးပြုနိုင်မည် မ ဟုတ်ပေ။
Windows 10 ကို အဆင့်မြှင့်တင် မှု လုပ်ကို လုပ်ရမှာလား။
Windows သုံးစွဲသူများ အနေဖြင့် Windows 10 ကိုမဖြစ်မနေ ပြောင်းလဲအသုံးပြုရန် မလိုအပ် ပေ။ Microsoft အနေဖြင့်  Windows 10 ထုတ်ကုန် အလွန် အမင်း ကြော်ငြာမှုများ ပြုလုပ်နေ သော်လည်း သုံးစွဲသူများ ဆန္ဒရှိမှသာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်သည်။
Windows 10 အဆင့်မြှင့်တင်မှု လုပ်သင့်သလား။
Windows 10 သည် Windows 7 နှင့် အလွန်အမင်းကွာခြားသွားသည်။ Windows 10 မှ တိုးတက် ပြောင်းလဲမှုများသည် Windows 8 ၏ အားနည်း ချက်များကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် Windows 8 ကို ဦးစွာ update ပြုလုပ်၍ သုံးစွဲသင့်သည်။ Windows 10 သည် ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီများ အတွက် driver များ update ပြု လုပ်ရန် အချိန်အတိုင်းအတာ တစ်ခု အထိရထားပြီး ၎င်းတွင် မမြင်မတွေ့ရသော ပြဿနာများကို ပြင်ဆင်ထားရခြင်းမရှိသေးပေ။ Windows 10 ကို သုံးစွဲလိုသူများသည် ဖိုင်များ အားလုံးကို backup ပြုလုပ်၍ ၎င်း OS ကို ပြောင်းလဲရန် အသင့်ပြင်ဆင်ထားသင့်သည်။ သုံးစွဲသူများ အနေဖြင့် ၁ လ သို့မဟုတ် ၆ လခန့် စောင့်ဆိုင်းလိုက်လျှင် Windows 10 သည်တည်ငြိမ်မှုရှိလာမည် ဖြစ်သည်။
Windows 10 အသုံးပြုဖို့ Clean install ပြုလုပ်ရမှာလား။
Windows 10 ကို အဆင့်မြှင့် တင်ရာတွင် စိတ်ပျက်စရာ အ ကောင်းဆုံးတစ်ခုမှာ clean install ပြုလုပ်လိုလျှင် installer တွင် တရားဝင် Windows 7 သို့မဟုတ် 8 key ကိုအသုံးပြုရမည် မဟုတ် တော့ပေ။ သုံးစွဲသူအနေဖြင့် Windows 7 သို့မဟုတ် 8 ကို  Windows 10 update ပြုလုပ်ပြီး မှသာ clean install ပြုလုပ်ရန် installer ကို အသုံးပြုရမည် ဖြစ်သည်။
Windows 10 မသုံးလိုလျှင် Windows 7 ပြန်သုံးနိုင်သလား။
Windows 10 မှ ယခင် Windows 7 သို့မဟုတ် Windows 8.1 ကို downgrade ပြုလုပ်၍ အသုံးပြုနိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် Windows 10 ကို ဖယ် ရှား၍ ယခင် key အဟောင်းဖြင့် Windows ဗားရှင်းဟောင်းများကို ပြန်လည် install ပြုလုပ်နိုင်သည်။
သို့ရာတွင် ၎င်းလုပ်ငန်းစဉ်မှာ Windows 10 ကို install ပြုလုပ်ပြီးနောက် ပထမဆုံး ရက် ၃၀ အတွင်းသာ ပြုလုပ်နိုင်မည် ဖြစ်သည်။
အကယ်၍ ရက် ၃၀ အထက်ကျော်လွန်သွားပါက ကွန်ပျူတာတွင် သိမ်းဆည်းထားသော rollback ဖိုင်များ ပျက်သွားမည် ဖြစ်ပြီး ယခင် Windows ဗားရှင်းကို ပြန်သွင်းရန် မလိုအပ်ဘဲ downgrade ပြုလုပ်သော လုပ်ငန်းစဉ်မှာ ဖြစ်နိုင်ခြေမရှိတော့ပေ။
App အဟောင်းနှင့် ဆက်စပ်ပစ္စည်းများ ဆက်အသုံးပြုနိုင် သေးသလား။
Windows 10 တွင် အသုံးမပြုနိုင်သည့် app များမရှိသေးပေ။ သို့သော်လည်း Windows 7 တွင် အသုံးပြုရ အဆင်ပြေသည့် photo print သည်လည်း Windows 8 driver များမရှိသလို Windows 10 ထောက်ပံ့မှု မရရှိသေးပေ။ Win-dows 10 တွင် app ၏ update များအလိုအလျောက် download ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ အလို အလျောက် update ပြုလုပ်ပေးသည့် setting များကို Windows 10 တွင်ပြောင်းလဲထားနိုင်သည်။
Solitaire နဲ့ DVD Playback ကို ငွေပေးချေပြီး သုံးရမှာလား။
Microsoft သည် နှစ် ၂၀ ကျော်ခန့် Windows OS များ တွင် ပါဝင်ခဲ့သော Solitarie နှင့် Minesweeper app များကို Windows 8 ၌ ဖယ်ထုတ်ခဲ့သည်။ Windows 10  တွင်လည်း Solitarire နှင့် Minesweeper ဂိမ်းများကစားလိုပါက တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၀ ပေးရမည် ဖြစ်သည်။ Windows 7 မှ Windows 10 ပြောင်းလဲ အသုံးပြုရာတွင် ထူးခြားမှာ DVD playback ထောက်ပံ့မှု ပါဝင်လာခြင်း မရှိပေ။ သုံးစွဲသူများ အနေဖြင့် data DVD များ ဆက်လက် အသုံးပြုနိုင်သေးသော်လည်း Windows အတွင်း DVD ဗွီဒီယို playback အတွက် လိုင်စင်လည်း မပါဝင်ပေ။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကွန်ပျူတာအတွင်း ပုံမှန် DVD ရုပ် ရှင်များ ထည့်သွင်း၍ ကြည့်ရှု၍ မရနိုင်သောကြောင့် တရားဝင် Windows အတွက် Microsoft DVD App ကို ၁၅ ကန်ဒေါ်လာဖြင့် ဝယ်ယူရမည် ဖြစ်သည်။
PDF စာအုပ်အဖြစ်သိမ်းဆည်းထားချင်တဲ့သူတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ
Ref: Howtogeek
Internet Journal

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

Hardware Repair Basic Book (အခြေခံသမားတွေ ဆောင်ထားသင့်တဲ့စာအုပ်)

Hardware Service သမားတွေအတွက် အခြေခံအကျဆုံးနဲ့
လိုရင်း တိုရှင်း စာအုပ်လေးဖြစ်ပါတယ်။

ဆရာ Aung Hein (B.E Electronice) ရေးသားပြုစုတဲ့

( ကွန်တော်သင်တဲ့ Hardware) ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်မိတယ်

ကောင်းပါတယ်

ကျနော်က Software ကိုအားသန်တယ်ဆိုပေမယ့် Hardware ပိုင်းဆိုင်ရာ
အချို့သော စာအုပ်လေးတွေကိုတော့ ဖတ်ဖြစ်ပါတယ်။

ဖတ်မိတဲ့ စာအုပ်တွေထဲမှ ၀ါသနာတူ (သို့) လေ့လာခါစ ညီအကိုတွေအတွက် 
ဖတ်မိတဲ့စာအုပ်တွေထဲမှ အဆင်ပြေနိုင်မယ့် အထောက်အကူဖြစ်မယ့် စာစုတွေကိုတော့
 ပြန်လည် Edit လုပ်ပြီးမူလ ရေးသားသည့် ဆရာများ၏ အာဘော်မပျက်ပဲ စာအုပ်အတို 
အထွာလေးတွေ လုပ်ပေးပြီး ပြန်လည် Sharing လုပ်ပေးချင်တာက ကျနော့်ဝါသနာတစ်ခုပါ



ဒီစာအုပ်တွင် အောက်ပါ အကြောင်းအရာများကို ရေးထားပါတယ်


Ring Speaker
============

ဖုန်းတစ်လုံးမှာ Ring Speaker နဲ့ပတ်သက်လို့ Error တက်လာခဲ့ပြီဆိုရင်တော့ အောက်ပါ အချက်လက်များကြောင့် ဖြစ်တတ်ပါတယ်၊ အဆိုပါအချက်အလက်များဖြင့် ကိုက်ညီနေရင်တော့ ဖြေရှင်းနည်းကို အောက်ပါနည်းလမ်းများအတိုင်း ပြုပြင်နိုင်ပါတယ်။

Error
=======
1. အသံလုံးမထွက်

2. အသံမကြည်

3. အသံတိုး

4. အသံပြတ်တောင်း ပြတောင်းဖြစ်


ပြုပြင်နည်း အဆင့်ဆင့်
===============

1. Setting ကိုစစ် (အသံ အတိုး၊ အကျယ် လုပ်ကြည့် Silent Mode ဖြစ်နေရင်အသံပြန်ပြောင်း)။

2. PCB ပေါ်မှ ကြေးငုတ်ကိုစစ် စပီကာကြေးငုတ်ကိုစစ်။

3. စပီကာကောင်း၊ မကောင်း 1V ပေးပြီးစစ်။

4. လမ်းကြောင်းတန်ဖိုးမှန်၊ မမှန်တိုင်းပါ (0.455 စသည်) တန်ဖိုးပြောင်းနေရင် 
Gnd ကျနေတာကိုဖြုတ်၊ တန်ဖိုးမရှိရင် တန်းဆက်ထားတဲ့ပစ္စည်းလေးတွေ
 ပြုတ်နေလားစစ် ပြုတ်ရင် ပြန်တတ်၊ ပြုတ်မနေရင် အိုင်စီခဲဖေါ် ပြန်တပ်။

5. မကောင်းသေးရင် စပီကာလမ်းကြောင်းလိုက်ပါ၊
Coupling C လေးတွေပြုတ်နေရင် ပြန်တပ်။

6. မရသေးရင် CPU ကိုလဲလိုက်ပါ။


Ear Speaker
===========

ဖုန်းပြောနေတဲ့အချိန် အသံကြားဖို့ အသုံးပြုတဲ့ စပီကာလေးကို Ear speaker လို့ခေါ်ပါတယ်၊
 Earspiece လို့လည်းခေါ်ပါတယ်၊ အသံလမ်းကြောင်းပေါ်မူတည်ပြီး
 Power IC, CPU, Auido IC တို့နဲ့ ချိတ်ဆက်ထားပါတယ်။


Error
=====
1. အသံတိုး

2. အသံမမည်

3. အသံပြတ်တောင်း ပြတ်တောင်းဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။


ပြုပြင်နည်း အဆင့်ဆင့်
================
1. ဖုန်းကိုင်ထားပြီး စပီကာအသံကိုချဲ့ကြည့်ပါ။

2. Ear speaker ကောင်း၊ မကောင်း စစ်ဆေးကြည့်ပါ။

3. Ear speaker ရဲ့ကြေးငုတ်ကိုစစ်ပါ၊ PCB ပေါ်က ကြေးငုတ်ကို စစ်ဆေးကြည့်ပါ။

4. လမ်းကြောင်းတန်းဖိုးကို စစ်ကြည့်ပါ။

5. တန်းဖိုးပြောင်းနေလျှင် လမ်းကြောင်းမှာ Ground ချထားတဲ့ ပစ္စည်းလေးတွေကိုဖြုတ်ပါ။

6. တန်းဖိုးလုံးဝပျောက်နေလျှင် လမ်းကြောင်းမှာ တန်းဆက် ဆက်ထားတဲ့ 
ပစ္စည်းလေးတွေ ကောင်း၊ မကောင်း စစ်ဆေးကြည့်ပါ။

7. မရသေးလျှင် သက်ဆိုင်ရာင် IC ကို Reball လုပ်ပါ။


Microphone
===========

ဖုန်းပြော်နေတဲ့အချိန် မိမိပြောတဲ့အသံကို တခြားသူကြားအောင် အသုံးပြုတတ်ဆင်ထားတဲ့ 
ပစ္စည်းလေးပါ၊ Mic လို့ပဲ အလွယ်ခေါ်ကြပါတယ်၊ အသံလမ်းကြောင်းမူတည်ပြီး 
CPU ဒါမှမဟုတ် Audio IC တို့နဲ့ ချိတ်ဆက်ထား တတ်ပါတယ်။


Error
=====
1. မိမိရဲ့ အသံကိုတစ်ဘက်မှ လုံးဝမကြားရခြင်း။

2. မိမိရဲ့ အသံကိုတစ်ဘက်မှ တိုးတိုးလေးသာကြားရခြင်း။

3. မိမိရဲ့ အသံ ပြောင်းနေခြင်း။

4. မိမိရဲ့ အသံ ပြတ်တောက် ပြတ်တောက် ဖြစ်နေခြင်း စတဲ့ Error တွေဖြစ်တတ်ပါတယ်။


ပြုပြင်နည်း အဆင့်ဆင့်
=================
1. Mic နဲ့ပတ်သက်တဲ့ Setting ကိုစစ်ဆေးကြည့်ပါ။

2. Mic ကိုဖြုတ်ပြီး အထိုင်ငုတ်တွေကို စစ်ဆေးကြည့်ပါ။

3. Mic အထိုင်မှာရှိရမယ့် တန်ဖိုးတွေကို စစ်ဆေးကြည့်ပါ။

4. အားလုံးကောင်းနေရင် Mic အသစ်လဲတပ်ကြည့်ပါ။

5. တန်ဖိုးပြေင်းနေရင် လမ်းကြောင်းမှာ Ground ချထားတဲ့ ပစ္စည်းလေးတွေကိုဖြုတ်ပါ။

6. တန်ဖိုးမပြရင် လမ်းကြောင်းပေါ်က ပစ္စည်းလေးတွေပြုတ်၊ မပြုတ်ကို စစ်ဆေးကြည့်ပါ။

7. တန်းဖိုးလုံးဝပျောက်နေရင် လမ်းကြောင်းမှာ တန်းဆက် ဆက်ထားတဲ့ 
ပစ္စည်းလေးတွေ ကောင်း၊ မကောင်း စစ်ဆေးကြည့်ပါ။

8. မရသေးရင် သက်ဆိုင်ရာ IC ကို Reball လုပ်ပါ။


SIM
=====

Sim နဲ့ပတ်သက်တဲ့ Error များနဲ့ ဖြေရှင်းနည်းကို လေ့လာကြည့်ရင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်၊ အဆိုပါ Error များနဲ့ ဖြေရှင်းနည်းသည် Service သမားတိုင်းကြုံနေတဲ့ Sim ဆိုင်ပဲဖြစ်ပါတယ်။


Error
======

1. Insert Sim (ဆင်းထည့်ခိုင်းနေခြင်း)

2. Invalid Sim (ဆင်းကဒ်အဆင်မပြေခြင်း, ဆင်းကဒ်ပျက်နေခြင်း)

3. No SIM (ဆင်းကဒ်မရှိကြောင်း)

4. “ SIM “ (ပါတဲ့ စာတစ်ခုခုဖြင့် ပြနေတာမျိုး)


ဖြေရှင်းနည်းအဆင့်ဆင့်
=================
1. Sim ကဒ်ကိုပြောင်းပြန်ထည့်ထားမိသလား စစ်ဆေးကြည့်ပါ။

2. Flight Mode ဖြစ်နေရင်- Turn off လုပ်ပါ။

3. Sim ကဒ်နဲ့ အထိုင်ကို သန်ရှင်းရေးလုပ်ပေးပါ။

4. Sim ကဒ်အသစ်နဲ့ထည့်စမ်းကြည့်ပါ။

5. Sim ကဒ်အထိုင်တွေကိုတိုင်းပြီး ပင်နံပါတ်တွေကိုခွဲပါ။

6. Ground နဲ့ NC ပင်တွေကလဲပြီး ကျန်တဲ့ပင်တွေမှာ တန်းဖိုးမှန်၊ 
မမှန် စစ်ဆေးကြည့်ပါ။

7. တန်ဖိုးပြောင်းနေတဲ့လမ်းကြောင်ရှိရင် လမ်းကြောင်းပေါ်က 
Gnd တစ်စချထားတဲ့ပစ္စည်းလေးတွေကို ဖြုတ်ပါ။

8. တန်ဖိုးပျောက်နေတဲ့ လမ်းကြောင်းတွေ့ရင် ပတ်လမ်းပေါ်က 
တန်းဆက်ပစ္စည်းလေးတွေပြုနေလား၊ ပျက်နေလားစစ်ပြီး ပြန်ပြုပြင်ပါ။

9. လိုအပ်မယ်ထင်ရင် Sim အထိုင်ကိုစမ်းကြည့်ပါ။

10. တန်းဆက်လေးမပါတဲ့ လမ်းကြောင်းမှာတန်းဖိုးမပြခဲ့ရင်
 ပါဝါအိုင်စီ Reball လုပ်သင့်ပါတယ်။

11. Sim နဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေကိုတိုင်းချင် 
ရှာချင်ရင် Sim ကဒ်နားတ၀ိုက်မှာတင် ရှာလို့ရပါတယ်။


Back Light
=========



Error & ပြုပြင်နည်းအဆင့်ဆင့်

Connector တွေကိုအရင်စစ်

Display လဲစစ်

ရုပ်ပုံမှိန်မှိန်ပေါ်ခြင်း

အရုပ်မှိန်မှိန်ပေါ်ရင် CPU ကမောင်းတာကောင်းတယ်၊ Power IC က 
1.8V နှင့် 2.8V တို့ကောင်းနေတယ်၊ Back Light Driver အပိုင်းကိုပဲ စစ်စရာလိုတော့တယ်။


1.    အ၀င်ဗို့ရှိရမယ်

2.    IC ကောင်းရမယ်

3.    Coil ကောင်းရမယ်

4.    Diode ကောင်းရမယ်

5.    LCD control ကောင်းရမယ် 0.6V နဲ့ 1.8V ကြား 
(Display သို့ Power IC တစ်ခုခုကလာနိုင်တယ်)

24 Pin LCD

34 Pin LCD

40 Pin LCD တွေမှာ Back Light စနစ်အမျိုးမျိုးကွဲပြားသွားပါတယ်၊

လျှာထိုး Connector တွေမှာ 25 ပင်သုံးတာတွေရှိပါသေးတယ်၊ 
တည်ဆောက်မှုတစ်ခုချင်းကို  ပိုင်အောင် လေ့လာကြည့်ပါ။

စာအုပ်အဖြစ် သိမ်းဆည်းထားချင်ရင်တော့ အောက်မှာဒေါင်းယူလိုက်ပါ






Ref- ကွန်တော်သင်တဲ့ Hardware
By Aung Hein (B.E Electronics)

 
Youth Mobile Training Center
 
မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း
 
ဇူးနစ်(နည်းပညာ)
 

နည်းပညာရွာလေးသင်တန်းကျောင်း
မှာ သင်ပေးနေတဲ့ AE သင်ခန်းစာများအား Free ပေးပါမည်။
ဆက်သွယ်ရန်ဖုန်း
061 ၈၉၅၃ 097
ဆရာ ဘိုလ်ကျော်ဝင်း
===================
ဒေါင်းချင်တဲ့သူတွေကတော့ ဒီလင့်ကနေ ဝင်ဒေါင်းနိုင်ပါတယ်။
အဆင်ပြေတယ်ဆိုရင် မန့်ခဲ့နော်...ကိုယ်ပိုင်လင့်လုပ်ပြီး တင်ပေးဖို့ အချိန်
မပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်။မူရင်းလင့်ကိုဘဲ ချပေးရတာ
သူတို့တွေကို Credit ပေးချင်လို့ပါ။အားလုံးကိုလေးစားချစ်ခင်လျှက်
http://downloadprojectfree.blogspot.com/