oo

  • iiii

Thursday, October 13, 2016

t 5:21pm ·
‎May Moon‎ to ဗဟုသုတ မှတ်စု
Mobile ကို ကျွမ်းကျင်စွာ အသုံးပြံတက်စေဖို့ဖုန်းအကြောင်း သိကောင်းစရာ
*********************************

*#0011# ဒါလေးကို ရိုက်ထည့် လိုက် ပြီးရင် ဖုန်းကို wifi ပြန်ဖွင့် ပေးပီးစစ်ကြည့် လိုက်ပါ။
ဆွဲအားတက်လာပါ လိမ့် မယ်။

လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။
ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။
ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။
ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် ရှာမှာဖြစ် ပါတယ်။
ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
့(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။
ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
့(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။
အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။
မိမိရဲ့ ဖုန်းကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲအဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
့(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု
ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။
ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ တယ်။
တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။
ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက် ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်
Mi device များကို အစစ် အတု အကြမ်းဖျင်း ခွဲနည်း
*#*#64663#*#* ဆိုတဲ့ code ကို ရိုက်လိုက်လို့ hardware test ပေါ်ရင် အစစ်ဖြစ်ဖို့များတယ် ... cross-check အနေနဲ့ ဖုန်းနဲ့ ဘူးခွံ imei တိုက်စစ် ... ပီးရင် www.order.mi.com/imei/service မှာ imei နဲ့ S/N ရိုက်ပီး စစ်ပါ ... နောက်ဆုံးအနေနဲ့ firmware update လုပ်လို့ရရင် အစစ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ... အနှစ်ချုပ်အနေနဲ့ ပြောရရင် hardware test ကိုစစ် ... imei ကို cross-check တိုက်စစ်လို့ တူရင် အစစ်လို့ ကောက်ချက်ချလို့ရပါပီ ... ပိုသေချာချင်ရင် online ကလည်းစစ် ... ဒီ့ထက်ကို ထပ်ပီး သေချာစေချင်သေးရင် firmware ပါ မြှင့်ခိုင်းလိုက်ပါ
တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပါစေ
credit

Wednesday, October 12, 2016

'3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out)
ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။'
Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)
***********************************************
မင်္ဂလာပါ…
အရင်က ကျွန်တော်ဆရာ အကိုထက်ဝေ(IKBMM) တင်ပေးထားတဲ့ Apple ID အလွယ်ဖွင့်နည်းကို အခြေခံပြီး Apple ID လုပ်နည်းကို နည်းနည်းကွန့်ပီး နောက်ထပ် ရေးသားမျှဝေလိုက်ပါတယ်ခင်ဗျ။
နားလည် လွယ်ကူစေရန် ပုံနဲ့ တဆင့်ခြင်း ရှင်းပြထားပါတယ်။
ကျွန်တော်တို့ iOS User တွေအနေနဲ့ iDevice တခုခုပိုင်ဆိုင်လာပီဆိုရင် Apple ID ဆိုတာ မရှိမဖြစ်လိုအပ်လာမှာပါ။
ဒါကလည်းမခက်ခဲပါဘူး။
ဆိုင်တွေမှာလုပ်ရင် ပေါက်ဈေးကိုက ၃၀၀၀ - ၁၀၀၀၀ ကြားဖြစ်နေတယ်ဗျ။
ဒီတော့ မကုန်သင့်တာ မကုန်ရအောင်၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေကိုလည်း ကူညီရအောင်လို့ ဒီနည်းလေးကို ပြောပြလိုက်ပါတယ်။
ကဲ စလိုက်ကြရအောင်…

1. အရင်ဆုံး Gmail or Email တခုကို Setting > Mails,Contacts, Calendars မှာ Sign in လုပ်ပါ။ (အချို့ Email ဆိုရင် Browser မှာပဲ Sign in လို့ ရပါတယ်)
2. Sign in ၀င်ပီးလျှင် Mail ကို On ပါ။
3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out)
ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။
4. Sign Out လုပ်ပြီးလျှင် AppStore ထဲဝင်ပါ။ Free App တခုခုကို Download လုပ်လိုက်ပါ။
5. Box တခု ကျလာပါမယ်။ Create New Apple ID ကို ရွေးပါ။
6. ပြီးလျှင် Store ကို ကိုယ်ကြိုက်တဲ့ Country ထားပါ။ (ကျွန်တော်ကတော့ US Store နဲ့ ရှင်းပြသွားပါမယ်)
ရွေးပြီးရင် Next ပါ။
7. ထပ်ပီး Agree ကို နှိပ်ပါ။
8. ဒီနေရာမှာ Email နဲ့ Password ကိုရေးပေးရမှာပါ။
a) Email မှာ ကိုယ်ပြုလုပ်မယ့် Email ကိုဖြည့်ပါ။
b) Password ပေးရင် ရှေ့ဆုံးမှာ အနည်းဆုံး Capital Letter တလုံးနဲ့ နောက်ဆုံးမှာ ကိန်းဂဏန်းတခုခု ပါဝင်ရပါမယ်။ (Eg : Password12345)
c) Security Questions တွေထည့်တဲ့ အခါမှာ ကိုယ်မှတ်မိမယ့်ဟာကိုပဲ ထည့်စေချင်ပါတယ်။ အလွယ်ထည့်ပါ။
(ဥပမာ - What was the name of your first pet? ဆိုရင် အဖြေမှာ pet ပေါ့
What was the model of your Car? ဆိုရင် အဖြေမှာ car ပေါ့
What was the first name of your Boss ဆိုရင် အဖြေမှာ boss ပေါ့)
d) နောက်ပီး Email တခုရှိသေးတယ်ဆိုရင်တော့ Recuse Mail ပါ ထည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ ပြန်လည်ရယူနိုင်တာကြောင့်ပါ။
e) ပြီးရင် Birthday ဖြည့်ပါ။ အားလုံးပီးရင်တော့ Next ပေါ့။
9. ဒီအဆင့်မှာ ကိုယ့်ရဲ့ Billing Information နဲ့ ပါတ်သက်တာတွေ ဖြည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူတွေဆိုပါက သေသေချာချာ စီစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တခုဖွင့်နည်းပဲပြောပြပါမယ်။
a) None ကိုရွေးပါ။
b) Code နေရာမှာ လောလောဆယ် ဘာမှ မထည့်ပါနဲ့
c) အောက်ဆက်သွားရင် ကိုယ့်ရဲ့ လိပ်စာတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်။
Address 1 မှာ ကြိုက်တဲ့ No ပေးပါ။ (eg : 200)
Address 2 မှာ ကြိုက်တာဖြည့်ပါ။ (eg : Tatkone)
City မှာလည်း ကြိုက်တာဖြည့်ပါ။ (eg : Mandalay)
State နဲ့ Zipcode မှာတော့ အရေးကြီးပါတယ်။ မှားလို့မရပါဘူး။
အောက်မှာ State နဲ့ Zipcode တွေ ဖော်ပြသွားပါမယ်။ ခုတော့ ဆက်လိုက်ဦးမယ်။
ဖုန်းနာပါတ်နေရမှာ ရှေ့ ၃ လုံး၊ နောက် ၇ လုံး ကြိုက်ရာဖြည့်ပါ။ (eg : 123-456-7890)
အားလုံးပြီးရင် Next
10. ပုံ ၁၀ အတိုင်း Verify Your Account ဆိုရင်တောင် အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။
(ထိုအဆင့်ပီးလို့ Apple ID မှ Password တောင်းလျှင် Cancel ကိုနှိပ်ပါ)
11. Verify လုပ်ဖို့အတွက် Mail ထဲဝင်လိုက်ပါ။
12. Apple က ပို့ထားတဲ့ Mail တဆောင်ရှိပါလိမ့်မယ်။ ၀င်လိုက်ပါ။
13. Verify Now ကိုနှိပ်လိုက်ပါ။
14. Apple ID နဲ့ Password ရေးပြီး Verify Address ကိုနှိပ်ပေးလိုက်ပါ။
15. ပုံ ၁၅ လိုပြရင် Verify လုပ်တာ အောင်မြင်ပါပြီ။
16. ပိုပြီး သေချာသွားအောင် AppStore က Free App တခုကို Download လုပ်ကြည့်ပါ။
17. သင်ဟာ ကိုယ်ပိုင် Apple ID တခုကို ပိုင်ဆိုင်သွားပီပဲဖြစ်ပါတယ်ခင်ဗျာ။
State and Zipcode
************
For US Store
*********
1. State : FL
Zipcode : 33859
2. State : UT
Zipcode : 84403
3. State : CA
Zipcode : 93901
For Canada Store
**********
Province : ON-Ontario
Postal Code : M5H 2A4
(or)
Postal Code : M5B 2G4
For Singapore Store
**************
Town : Singapore
Postal Code : 049145
Postal Code : 380052
For Chinese Store
*************
Province : Beijing
Postal Code : 100027
Like and Share ဖို့ မမေ့နဲ့ဦး 😁😁😁
စာတော့ နည်းနည်းများသွားတယ်။ အသေးစိတ်ရှင်းလို့များသွားတာပါ။
အားလုံး အဆင်ပြေကြပါစေဗျာ။
အကိုထက်ဝေပို့အား အခြေခံထားသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ...😊☺️😊
Kyaw Soe Moe(IT Knowledge Sharer

Saturday, October 8, 2016

ကနှတ်ဘောင်လေးတွေပါ လိုအပ်ရင်တော့ အောက်မှာယူသွားကြပါနော်
အားလုံးအဆင်ပြေပါစေ...
...
http://adf.ly/1efSq2

Wednesday, October 5, 2016

21 hrs ·
U Ko Latt
21 hrs ·
ဦးပဇင်းပုံတောင်းထားသောသူများအတွက် လာပီနော် MBလည်းနည်းပါတယ်။ အားလုံးအဆင်ပြေပါစေနော်။
========[[===[[==[[[[========[[[========]]
https://www.mediafire.com/download/bqo2b4hlkx4vio8

Monday, October 3, 2016


U Ko Lattရှိကယူလာတာ ကဲထက်လာပီနော် ဟင်္သာပုံတောင်းဆိုထားတဲ့ ဝါသနာတူများအတွက် ။ Mbနည်းနည်းလေးပါ။ အားလုံးအဆင်ပြေပါစေနော်။
====================================
https://www.mediafire.com/download/fpv0xxszmjdub73

Mobile ဖုန်း မျိုးစုံအတွက် All In One Myanmar Font Tool




ဆရာတွေ ရေးသားထားတဲ့ Font Tool တွေကို စုစည်းပြီး
All In One Tool အဖြစ် Setup တစ်ခုတည်းကနေ အသုံးပြုလို့ ရအောင် X-King မှ ဖန်တီးထားခြင်းဖြစ်ပါတယ်။

Tool ကို အသုံးပြုဖို့အတွက် Root လိုအပ်ပါတယ်။
Ref:  www.linmss.org

Sunday, October 2, 2016

2 hrs ·
U Ko Lattရှိကယူလာတာ ဒီပုံလေးတွေလည်း အသုံးဝင်ပါတယ်။ လိုချင်ရင်ရှာရခက်ပါတယ်။ Mbလည်းနည်းပါတယ်။ အားလုံးအဆင်ပြေပါဗျာ။
====================================
https://www.mediafire.com/download/yvg7e75jflm2x87
Comment