မတူခြားနားတဲ့ digital copier အမျိုးစားတွေ။
############################################# Digital copier ကိုဝယ်မယ် သို့မဟုတ် ငှားမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အဲဒီမတူခြားနားတဲ့ digital copier အမျိုးစားတွေကိုတော့ သိသင့်ပါတယ်။ ဒါမှလည်း ကိုယ်နဲ့သင့်တော် အသုံးသက်မယ့်စက်မျိုးကို ဝယ်ယူနိုင်မယ်။ ပြီးတော့ ကုန်ကျစရိတ်လည်းသတ်သာမယ်။ Digital copier အမျိုးစား ၄ မျိုးရှိပါတယ်။
၁။ Monochrome digital copier (black and white)
ဒီအမျိုးစားကတော့ ဈေးနှုန်းအသတ်သာဆုံးပေါ့။ ဒီစက်အမျိုးစားရဲ့ အခြေခံအလုပ်လုပ်နိုင်တဲ့ Function တွေကတော့ copying, faxing and scanning ဆိုပြီး ရိုးရိုးရှင်းရှင်းပဲဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ထုတ်နိုင်မယ့် ရွက်ရေကတော့ ၃၀ မှ ၁၄၀ အတွင်းရနို်င်ပါတယ်။ အံဆွဲတစ်ခုကို စာရွက်ရေ ၁၀၀ အထိဝင်ဆန့်နိုင်တယ်။
၂။ Digital Color copier
ဒီအမျိုးစားတွေကတော့ အရောင်နှင့်ပတ်သက်လာရင် အကောင်းဆုံး resolution ကိုထုတ်ပေးနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းသုံး ကြော်ငြာစာစောင်၊ လက်ကမ်းစာစောင် နှင့် presentation တွေထုတ်တဲ့အခါမှာ အများဆုံးသုံးကြတယ်။ တစ်မိနစ်အတွင်းထုတ်နိုင်တဲ့ အရွက်ရေကတော့ ၄၀ မှ ၉၀ အထိထုတ်နိုင်ပါတယ်။ အံဆွဲကတော့ စာရွက်ရေ ၁၀၀၀ အထိဝင်ဆန့်ပါတယ်။ ဒီအမျိုးစားတွေကတော့ ဈေးနှုန်းနည်းနည်းပိုများပါတယ်။
၃။ All-in-one copier (AIO)
ဒီအမျိုးစားကတော့ အသေးစားလုပ်ငန်း သို့မဟုတ် ရုံးခန်းတွေမှာ အသုံးပြုတာများပါတယ်။ Print, scan and fax ဆိုပြီး ရိုးရိုး Functions လောက်ပဲပါပါတယ်။ ဒီစက်ရဲ့ speed ကတော့ နည်းနည်းနှေးပါတယ်။ တစ်မိနစ်ကို စာရွက်ရေ ၂၀ မှ ၃၀ အထိပဲထုတ်လို့ရနိုင်တယ်။ resolution ကတော့ တခြားအမျိုးစားနှင့်ယှဉ်ရင် မလုံလောက်ပါဘူး၊ ဈေးနှုန်းလည်း သက်သာပါတယ်။
၎။ Multifunction copier
ဒီအမျိုးစားကတော့ ယခုလက်ရှိ အရမ်းလူကြိုက်များတဲ့ လုပ်ငန်းကြီးသေး အရွယ်အစားမရွေး သုံးကြတဲ့ အမျိုးစားဖြစ်တယ်။ ဒီစက်အမျိုးစားဟာ အလုပ်လုပ်နိုင်တဲ့ Functions တွေအများကြီးပါတဲ့ အတွက်ကြောင့် မလိုအပ်တဲ့ စက်ကိရိယာတွေ သို့မဟုတ် လုပ်သားတွေကို လည်းလျော့ချစေတယ်။ လုပ်ငန်းတွေမှာ အဆင်ပြေ အလုပ်သွင်ကျယ်အောင် အထောက်ကူပြုတဲ့အတွက်ကြောင့် လူကြိုက်များတာပါ။

No comments:
Post a Comment