oo

  • iiii

Tuesday, September 30, 2014

Offline Installers Of .NET Framework 4.5, 4.0, 3.5, 3.0 & 2.0






.Net Framework ကိုသိကြမှာပါ... ကွန်ပြူတာအတွက် မရှိမဖြစ် လိုအပ်ပါတယ်... Offline Installer လေးတွေမို့ Share ပေးလိုက်တာပါ......




As many of the new Microsoft Windows applications are developed using .NET Framework, it is becoming mandatory to install .NET Framework on our personal computers. Microsoft provides .NET Framework installer as a free download available to everyone. But it is an online installer. That means, initially we have to download a small piece of installer and upon starting the installation process the installer automatically connects to Microsoft servers and downloads the required components and completes the installation.



The online installers works great as long as we have internet connectivity always. But many of us required offline installer to install the software on computers not connected to internet, to save the bandwidth while installing on many computers, etc.



I gathered a set of links on Microsoft servers from where we can download the offline installers of .NET Framework 4.0, 3.5, .NET Framework 3.5 Service Pack 1, .NET Framework 3.0 and .NET Framework 2.0









NET Framework 4.5 Setup
Download 32 bit & 64 bit versions



NET Framework 4.0 Setup





NET Framework 3.5 Setup









.NET Framework 3.5 Setup Service Pack 1


Download .NET 3.5 Service Pack 1



.NET Framework 3.0 Setup






NET Framework 2.0 Setup





NET Framework Client Profile Offline Installer


Monday, September 29, 2014

Windows 7 မှ Wifi ပြန်လွှင့်နည်း( WiFi အခက်အခဲရှိသူများဖတ်ပါ)

ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။ မမြင်ရလျှင်ပုံကိုနှိပ်ပြီးကြည့်ပါ။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။

ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။

Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။

Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။

Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
         

Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
          

ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
                       

ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
                

ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork
           

              

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
                   

Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
             

ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။
Android ဖုန်းများ မြန်မာစာမြင်နိုင်ဖို့အတွက်လိုအပ်သည်လေးများစုစည်းမှူ့
*********************************************************
*********************************************************
Androidဖုန်းများမြန်မာစာမြင်နိုင်စေဖို့ ကျနော် စုစည်းရရှိသမျroot apkများနှင့်
myanmar font & font changer များ keyboard များကို တစ်နေရာထဲမှာအဆင်
ပြေစွာရယူနိုင်ဖို့ပြန်လည်မျှဝေပေးခြင်းပါ သိပြီးသား ရှိပြီးသား ဆရာ များတော့
ကျော်သွားးပါ ခင်ဗျာ လိုအပ်သူများတော့ဒေါင်းယူနိုင်ပါပြီနော်......
★ ★ ★ ★ Root apks★ ★ ★ ★
V root>>> http://d-h.st/rZv
V root မြန်မာ>>> http://d-h.st/5qP
Key root master>>> http://d-h.st/LXy
Root master>>> http://d-h.st/jS3
Root master>>> http://d-h.st/FLg
Z4 root>>> http://d-h.st/iWT
Pro myanmar root>>> http://d-h.st/dJz
Towel root>>> http://d-h.st/9MX
Frama root>>> http://d-h.st/AZ8
360 root>>> http://d-h.st/fsv
Baidu easy root>>> http://d-h.st/HO8
Wandou root>>> http://d-h.st/c9m
King root>>> http://d-h.st/AA9
King master root>>> http://d-h.st/Xii
King user>>> http://d-h.st/VIU
King root v.2.3.0>>> http://d-h.st/GjJ
★ ★ ★ ★ Font Changer★ ★ ★ ★
mmaio font changer>>> http://d-h.st/1pG
MMAS Zawgyi Changer 2>>> http://d-h.st/M56
Smartzawgyi installer>>> http://d-h.st/dlx
Smartzawgyi pro>>> http://d-h.st/Gpq
Z.F.C font changer>>> http://d-h.st/aSB
★ ★ ★Font style ပါသောsamsungဖုန်းများ2.3မှ4.2.2ထိrootမလိုပဲမြန်မာစာထည့်ရန်★ ★ ★
Zawgyi flip font>>> http://d-h.st/nTC
Zawgyi Design 4.2 flip font>>> http://d-h.st/oTQ
Zawgyi One TTF>>> http://d-h.st/WVQ
Zawgyi One 2008(ifont)>>> http://d-h.st/wm2
★ ★ ★Eui fonts installer (no need root)Huawei အတွက်ပါ★ ★ ★
Eui font installer (no need root)>>> http://d-h.st/ZRo
★ ★ ★ Myanmar Keyboards★ ★ ★
Bagan keyboard>>> http://d-h.st/LV5
Frozen keyboard>>> http://d-h.st/p0q
Frozen keyboard pro>>> http://d-h.st/x1h
Sulfur's keyboard>>> http://d-h.st/to3
Myanmar keyboard>>> http://d-h.st/czo
★ ★ ★ လိုအပ်လျင်အသုံးပြုရန်★ ★ ★
Busy Box pro>>> http://d-h.st/M4u
Fepfz apk>>> http://d-h.st/Y68
***အားလုံးအဆင်ပြေကြပါစေ အမှားပါရင်လဲခွင့်လွှတ်ကြပါလို့ download
အဆင်မပြေရင်လဲပြောခဲ့ပါ နည်းပညာဆရာသမားအားလုံးကိုလေးစားလျက်***
ဤပို့စ်နဲ့ပတ်သက်ပြီးသက်ဆိုင်သူအားလုံးကိုCreditပေးပါတယ်
Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
==============================
ဒီတစ်ခါတော့Hardwareသမားတွအတွက်ဖုန်းအကြောင်းသိသင့်သိထိုက်တာလေးတွေပါ။..။
ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက်ပေးသွားမယ်။
Post ကရှည်လို့ မဖတ်နိုင်ရင်တောင် Downloadဆွဲပြီး ဖတ်လို့ ရအောင် PDF file နဲ့ပါတင်ပေးလိုက်ပါတယ်ခင်ဗျာ..။
အောက်က လင့်ခ်မှာဒေါင်းနိုင်ပါပြီ..။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးပါ..။
http://www.mediafire.com/download/to0399hkrc7d1ui/Mobile_Phone_Small_Part.pdf
ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်၊ အောက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊
Antenna Switch:
-----------------------
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့
Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပီး
CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊
P.F.O
------------
PFO ကို Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတတ်သွားရင် ဖုန်းပျက်သွားမယ်၊
RF IC / Hagar / Network IC
------------------------------------
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာတွေ့နိုင်တဲ့ Hardware component
ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကိုပြုလုပ်ပါတယ်၊ RF IC မကောင်းရင်
ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊
Phone 26 MHz Crystal Oscillator
-----------------------------------------
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call
ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊
VCO
--------------
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network
ပျက်မှာဖြစ်ပီး "Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊
RX Filter
--------------
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င် Call တွေလာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊
TX Filter
------------
TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊
ROM
------------
ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကိုဝန်တင်ပေးပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာတတ်မှာဖြစ်ပီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊
RAM
------------
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့
ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့ လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊
Flash IC
------------------
Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထားတယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို
သုံးမရအောင်ပါဖြစ်သွားနိုင်ပါတယ်၊
Power IC
-------------
Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့ အလုပ်က
battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း
သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊
Charging IC
--------------------
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍
Charging IC သာ short then the set will get dead.
RTC
------------
RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပီး
ရေတွက်နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝသုံးမရတဲ့အထိလဲ ဖြစ်သွားနိုင်ပါတယ်၊
CPU
-----------
CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင်
ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊
Logic IC / UI IC
--------------------
Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊
အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊
Audio IC
--------------
Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ
မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊
Credit: BrighterMyanmar

Sunday, September 28, 2014

Format Factory 3.2.0.1 အသစ် Free လေးပါ




ဟောဒီက Format Factory အသစ်ဗျို့...ငိငိငိငိ

Format Factory ကို အသဲစွဲ ကြိုက်သူတွေအတွက် update လေး ကို

တင်ပေးလိုက်ပါတယ် ခင်ဗျာ သုံးစွဲနည်းလည်း သိကြမယ် ထင်ပါတယ်နော်

အသုံးပြု့မယ်ဆိုရင်အောက်မှာ ဒေါင်းယူသွားကြပါခင်ဗျာ

အဆင်ပြေပြေဒေါင်းနိုင်အောင် လင့်များများကနေ

တင်ပေးထားတယ် မဒေါင်းတက်ရင်ပြန်အော်လိုက်ပါ..ပြောပြမယ်နော်







AVS Video Converter ဖြင့် မြန်မာ subtitle ထည့်နည်း


ကျနော် သိသလောက် ကျနော် လုပ်ဖူးသလောက်ကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ခင်ဗျာ

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်းထိုးနည်းလေးကို မျှဝေခြင်ပါတယ်

ကျနော်ကိုလည်း ကြယ်ရောင် ကို ဆိုတဲ့ Facebook ထဲက သူငယ်ချင်းက ပြန်ရှင်းပြပေးထားတာပါ

ကျနော် ကိုယ်တိုင်စမ်းတာတော့ Converter တွေ ကိုအများကြီးနဲ့ ၃ ရက်လောက်စမ်းလိုက်ရတယ်

ဟိုရှာ ဒီရှာနဲ့ မြန်မာစာတန်းထိုးတွေကို ပြပေးနေတဲ့ myanmar subtitles Group မှာ သွားတွေ့လို့

သူငယ်ချင်းလုပ်ပြီးတော့ အကူအညီတောင်းထားရတာပါ။သူကလည်း လိုလိုချင်ချင်နဲ့ ကူညီခဲ့ပါတယ်

ပထမဦးစွာ ဒီပိုစ့်အတွက် လူနှစ်ယောက်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

မြန်မာစာထည့်နည်းကို ပြပေးတဲ့ ကြယ်ရောင် ကို နဲ့ မြန်မာတွေအတွက် အဆင်ပြေပြေဇာတ်လမ်း

တွေကိုကြည့်နိုင်အောင် မြန်မာစာတန်းတွေရေးပေးနေတဲ့ ကို မိုးကျော် ကို အရမ်းကျေးဇူးတင်ပါတယ်

ဒီပိုစ့်လေးကြာင့် လူတော်တော် များများလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်တက်သွားလိမ့်မယ်လို့ယုံကြည်

ပါတယ်ခင်ဗျာ။ Facebook chat box မှာ လာလာမေးနေတဲ့ သူငယ်ချင်းတွေကိုလည်း

အားလည်းနာပါတယ် တောင်းလည်းတောင်းပန်ပါတယ်။လုပ်နည်းလေးကိုအောက်မှာကြည့်လိုက်ပါ

ပထမဦးဆုံ မိမိဆီမှာ Win innwa font ကိုထည့်ထားပါ။

 မရှိရင် ဒီနေရာမှာ ဒေါင်းယူပြီး install လုပ်လိုက်ပါ။

AVS Video Converter ကို ဒီနေရာ | ဒီနေရာဒီနေရာ တွေမှာ ရယူလိုက်ပါ။ 

မြန်မာ Subtitles တွေကိုတော့ ဒီလင့်မှာ ဒါမှမဟုတ် ဒီနေရာမှာ သွားရောက် ယူနိုင်ပါတယ် 

မိမိကြည့်မယ့် MOVIES ကတော့ ကောင်းမည်ထင်သည့်နေရာကနေ ဒေါင်းယူပါ

ကျနော်ဆိုဒ်ရဲ့ ဆိုဒ်ဘားမှာလည်း ချိပ်ပေးထားပါတယ်.သွားရောက်ဒေါင်းယူနိုင်ပါတယ်။


AVS Converter ကိုတော့ install လုပ်နည်း မပြတော့ပါဘူး ခင်ဗျာ။ကျနော်ပေးထားတာကတော့ 

keygen လေးနဲ့ပါ။ လူတိုင်းသိလောက်ပါတယ်နော်....:p

အိုကေ..AVS ကို install လုပ်ပြီးသွားပြီဆိုရင် desktop ပေါ်က shotcut လေးကို

ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်လိုက်ပါ။ Browse ကို နှိပ်ပြီးတော့ မိမိ အသုံးပြု့မယ့် movies ကို 

ထည့်ပါ။ ဒီမှာတခု့ပြောစရာရှိပါတယ်။ဒေါင်းယူထားတဲ့ subtitles နဲ့  movies ကို ဖိုင်တခု့ထဲမှာ

အတူတူရှိရမယ်။ဖိုင်နာမည်ကလည်း အတူတူ ဖြစ်ရပါမယ်။ subtitle ကတော့ ဖိုင်နာမည်

srt,sat.txt စသည်ဖြင့်ဆုံးမှာဆိုတော့ နောက်ဆုံး အလုံးတွေကတော့ မတူဘူးပေါ့။ဒါပေမယ့်

movies ကို subtitle နဲ့တူအောင်နာမည် ပြောင်းပေးလိုက်ပါ။ကျနော်အပေါ်မှာပြထားသလို

movies ကို Add လိုက်ပါ။


ဒီပုံ မှာကတော့ 
(1 )setting ကိုသွားပါ။ 
( 2 ) subtitles ကိုနှိပ်လိုက်ပါ။
 ( 3 )Font ဆိုတဲ့နေရာမှာwinInnwa  လို့ပြောင်းပေးပါ။
 
( 4 ) " C " ဆိုတာလေးကို နှိပ်ဖြစ်အောင်နှိပ်ပါ။မနှိပ်ရင်စာလုံးပေါ်တဲ့နေရာမှာ မထင်မရှားပဲပေါ်ပါတယ်

ကာလာ ကတော့ အဖြူရောင် သို့မဟုတ် အနီရောင် ပဲကောင်းပါတယ်




ဒါကတော့ convert လုပ်မယ့် video format ပါ။ ကျနော်ကတော့ mov နဲ့ ပဲ

အသုံးပြု့ရပါသေးတယ် ။ကျန်တာနဲ့တော့ မစမ်းရသေးပါဘူး။ သူငယ်ချင်းတို့ အားရင်လည်းစမ်းကြည့်ပါ

အဆင်ပြေတဲ့ နည်းလေးတွေတွေ့ရင်လည်း ကျနော့်ကို ပြန်ပြောပြပါအုံး။ mov ကို မတွေ့ဘူး ဆိုရင်

အလယ်မှာရှိတဲ့ မြှားလေးကို နှိပ်ပြီးတော့ ရှာလိုက်ပါ။


ဒီပုံကတော့ Convert လုပ်ပြီးတဲ့အခါ  video ဖိုင် သိမ်းမယ့် နေရာကို ပြပေးရမှာပါ။

ပြပေးလိုက် ဒါမှ မိမိပြန်ရှာတဲ့အခါ လွယ်မှာပါ ။ Browse ကိုနှိပ်ပြီးတော့

မိမိထားမယ့် Folder ကိုရွေးပေးလိုက်ပါ။

 ပြီးရင် ဘေးနားက Advanced ကိုနှိပ်လိုက်ပါ




အပေါ်က ပုံထဲမှာပါတဲ့ subpicture ဆိုတဲ့နေရာမှာ 1.Track ကိုရွေးပေးပါ

ဒီ track က မြန်မာဖောင့်ရှိတာကို ညွှန်ပါတယ်။

အားလုံးပြီးသွားရင် Convert Here ကို နှိပ်ပေးလိုက်ပါ။

အောက်ကပုံအတိုင်း ဖြေးဖြေးချင်း အလုပ်လုပ်နေပါလိမ့်မယ်။ စာတွေကိုလည်း

ဒီနေရာမှာ တခါတည်း ကြည့်လို့မြင်ရပါတယ်




ဒါကတော့ ကျနော် အဆင်ပြေတဲ့နညည်းကို ပြန်လည်ပြောပြချင်းဖြစ်ပါတယ်

သူငယ်ချင်းတို့မှာလည်း ဒီထက်ကောင်းတာလေးတွေရှိပါက ကျနော်ကို

 ပြန်လည်ညွှန်ကြားပါအုံးလို့ တောင်းဆို့ပါတယ်ခင်ဗျာ

Who’s On My Wifi 2.2.0 Ultimate Edition Full Crack / Keygen



မင်္ဂလာပါ ခင်ဗျာ ဒါကတော့ ကိုယ့် wifi ကွန်ယက်ထဲမှာ ဘယ်သူတွေ ဝင်သုံးနေလဲဆိုတာကို ကြည့်တဲ့ဆော့ဝဲလ်လေးပါ.. အခုတင်ပေးလိုက်တာကတော့ အသစ်ထွက် ဗားရှင်း 2.2.0 ပါ၊။ ဒီဗားရှင်းမှာတော့ ကိုမသိပဲသုံးနေတဲ့ ip တွေပါဘလော့လုပ်လို့ရလာတာတွေ့ရပါတယ်... လိုချင်တဲ့သူများရှိရင် အောက်ကလင့်တွေမှာ ဝင်ယူလိုက်ပါဗျာ.. အားလုံးအဆင်ပြေကြပါစေဗျာ..

သတိ၊၊ လူတစ်ဖက်သားကို ဒုက္ခပေးဖို့မဟုတ်ပါ။ ရိုးသားစွာပဲအသုံးပြုကြပါလို့ အကြံပြုပါရစေဗျာ။။။






Download Link>>> ( Zippyshare :: TusFiles )

Shweyoe Dictionary Version 3.0 ( 10 MB )

  Shweyoe Dictionary Version 3.0 ( 10 MB )



4
မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာ နံပတ် ( 1) အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော်
ထင်ပါတယ်.. အင်္ဂလိပ် ၊ ရှရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာလို့
ပြောင်းလဲနိုင်ပါတယ်..မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်.. ဖွဲ့စည်းမှုအသွင်အ
အပြင်လည်း သေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်
ထဲမှာမပါတဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို.. အင်တာနက်
နဲ့ချိတ်ဆက်ထားမယ်ဆိုရင် မိမိရှာလိုတဲ့ စကားလုံးဟာ ဒီအဘိဓာန်ထဲမှာမပါသော်လည်း နာမည်ကြီး
စွယ်စုံကျမ်းဗဟုသုတ Website ကြီးများဖြစ်တဲ့ Wikipedia နဲ့ Wikitionary တို့လို စွယ်စုံဝဘ်ဆိုဒ်များ
တွင် အလိုအလျောက်ရှာဖွေနိုင်ပါသေးတယ်...ပညာရပ်နယ်ပယ်အသီးအသီးတွင် လေ့လာလိုက်စားနေကြ
သော ကျောင်းသားကျောင်းသူများ..ဆရာ .ဆရာမများ အတွက် အထူးအသုံးဝင်ဆုံး..ဆောင်ထားဖို့
အကောင်းဆုံး ဖြစ်ပြီး Online ရော.. .Offline ပါ Support ပေးတဲ့ မြန်မာ့နံပတ် 1 အဘိဓာန် Software
ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်မျာ...ဒီ Software ကိုအသုံးပြုမယ်ဆိုရင် မိမိစက်မှာ NetFraem 4 ထည့်
သွင်းထားဖို့လိုအပ်ပါမယ်ခင်မျာ...
ကျွန်တော်ကတော့ မိတ်ဆွေတို့အတွက် ယူလာပါတယ် အဆင်ပြေပြေအသုံးပြုနိုင်ကြပါစေ..


Download Dictionary ==> Link 1 / Link 2