oo

  • iiii

Friday, January 29, 2016

ပုံပြု ပြင်နည်း (၁)

မင်္ဂလာပါ ဒီနေ့ ကျွန်တော် photoshop နဲ့ပါတ်သတ်ပြီး ပုံပြင်နည်းလေးကို အလွယ်ဆုံးလေးတင်ပေးလိုက်ပါတယ် photoshop လေ့လာနေတဲ့ဘော်ဘော်တွေ အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်၊ ဒီတော့ ကျွန်တော် အောက်မှာပုံလေးတွေနဲ့ တဆင့်ချင်းပြထားပေးပါတယ်၊ နားမလည်သေးရင်တော့ video လေးပါကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်...
(၁) ကဲလိုက်ကြည့်ရအောင်နော်..အရင် အောက်ပုံမှာပြထားတဲ့အတိုင်း file>open ကနေလုပ်မယ်ပုံသွားယူထည့်ပါ..ပြီးရင်(၂)ပုံလေးဆက်ကြည့်ပါ၊ ရောက်လာရင် မျှားပြထားတဲ့နေရာလေးမှာ စလက်ပေးထားမှာဖြစ်ပါတယ်၊ ပြီးရင်ပုံလေးကိုပွားရမှာဖြစ်ပါတယ် ပွားဖို့ အတွက် ctrl+j ကိုကီးဘုက်ပေါ်မှာတွဲနိုပ်ပေးလိုက်ပါ (၂)ပုံယူရမှာဆိုတော့ (၂) ခါနိုပ်ပါ..(၃) ပုံမှာပြထားသလိုဖြစ်သွားမှာပါ အောက်က (၂)မျှားမှာပြထားတာက ဘာလဲဆိုတော့  ctrl+j မနိုပ်ချင်ရင် ပုံကိုမောက်ထောက်ပြီးဆွဲထည့်လဲရပါတယ် မျှားပြထားတဲ့နေရာလေးမှာ...

(၂)  အောက်ကပုံလေးတွေဆက်ကြည့်ပါ ပုံ(၂) ပုံပွားထားတဲ့ အပုံဆုံးက layer 1 copy မှာ စလက်ပေးထားပါ၊ ပြီးရင် filter>blue>motion blue ကိုမျှားပြထားတဲ့တိုင်းသွားပြီးနိုပ်ပေးလိုက်ပါ၊ (၂)ပုံလေးတိုင်ဘောက်လေးတက်လာမှာပါ၊ တက်လာတဲ့ ဘောက်မှာ ပုံကိုကြည့်ပြီးချိန်ယူရမှာဖြစ်ပါတယ်၊ ကျွန်တော်ချိန်ထားတာတော့(၂)မျှားပြထားတဲ့နေရာမှာ 45% ပါ (၃)မျှားပြထားတဲ့နေရာမှာတော့ 35% ပါ ပြီးရင် ok ဖြေပေးလိုက်ပါ၊
(၃)အောက်ကပုံလေးမှာခုဏအပေါ်မှာလုပ်ခဲ့သလိုလုပ်ရမှာပါ နည်းနည်းလေးကွာသွားပါတယ် ဘာတွေကွာသွားလဲကြည့်ရအောင် (၁) မျှားမှာပြထားတဲ့ပုံကို စလက်ပေးပါ မပေးခင် အပေါ်ပုံလေးကို မျက်လုံးပုံလေးကိုမောက်နဲ့နိုပ်ပြီးအရင်ပိတ်ပါ ပြီးမှာ layer 1 ကို စလက်ပေးပါ၊ ပြီးရင် အပေါ်မှာသွားလိုက်သလိုပဲ မျှားပြထားသလိုထပ်သွားပါ ခုဏလိုလေးပဲ ဘောက်တက်လာမှာပါ (၂) မျှားမှာ အပေါ်တုန်းက 45% ထည့်ခဲ့ရင် ဒီမှာ -45% ပါ - လေးပဲ ပိုလာတာပါ ကျန်တာတွေ အပေါ်ကတိုင်းပါပဲ ပြီးရင် ok ပေါ့...
(၄) အောက်ကပုံ(၁)မျှားပြထားတဲ့နေရာကအပေါ်ဆုံးပုံစလက်ပေးပြီး (၂)မျှား(၃)မျှားပြထားသလိုအဆင့်လိုက်သွားပါ၊ (၂) ပုံတိုင်းမြင်ရမှာပါ ပြီးရင် (၁)မျှားပြထားသလိုစလက်ပေးပြီး(၂)မှားနေရာမှာဘေးမျှားအသေးလေးနိုပ်ပြီး (၃) ပုံကပြထားတဲ့ screen လေးနိုပ်ပေးလိုပါ။
(၅) အပေါ်ကလိုအဆင့်ဆင့်ပြီးရင်တော့ အောကပုံမှာပြထားသလို (၁)မျှားနေရာစလက်ပေးထားပါ ပြီးရင်(၂)မျှားနေရာမှာနည်းနည်း ကိုယ်လိုသလိုချိန်ပါ လိုသလောက်ပေါ့ ဒါဆိုပြီးပါပြီ ပုံလေးကို သိမ်းဖို့ အောက်မှာဆက်ကြည့်ရအောင်....
(၆) အောက်ပုံလေးတွေကိုကြည့်ပါ (၁)က (၁) မျှားနေရာကိုသွား (၂) မျှားနိုပ် ပြီးရင် (၂) ပုံလေးတိုင်ပေါ်လာရင် (၂)ပုံက(၁)မျှားပြထားတဲ့ အနီကွပ်မှာ နမည်ပေး (၂)မျှားနေရာက အစိမ်းကွပ်မှာ ရွေးပေးလိုက်ပါ jpeg (3)မျှားပြထားတဲ့နေရာပါ၊ ဒီလောက်ဆိုအားလုံးနားလည်လောက်ပါပြီ နားမလည်သေးရင်တော့ video ဆက်ကြည့်လိုက်နော်.....
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ

3D Pop Out Photo လုပ်နည်း

မင်္ဂလာပါ မျှော်နေတဲ့ဘော်ဘော်တွေနဲ့ သူငယ်ချင်းတွေ ကျေးဇူးတင်ပါတယ် ကျွန်တော်ဒီပိုစ်လေးတင်မလို့ WINDOW ပြက်သနာ လေးတက်နေတာနဲ့ ကြာသွားခဲ့တာပါ၊ ခုအဆင်ပြေတာနဲ့ ပထမဦးစွာရေးတင်ပေးလိုက်ပါတက်၊ လိုအပ်မယ် ကြိုတ်နှစ်သက်ရင်တော့ အောက်မှာ ပုံလေးတွေနဲ့တကွ VIDERO လေးတွေလိုက်ကြည့်လိုက်ပါ......
(၁) အရင်အောက်က (၁) ပုံလေးမှာပြထားသလိုဝင်ပြီး လုပ်မယ့်အပုံလေးဆွဲထည့်ပါ၊ ပြီးရင်(၂)ပုံမှာမြင်ရတဲ့တိုင်း မျှားပြထားတဲ့ ဘားမှ ဝိုင်းထားတဲ့ မျှားသေးလေးကလစ်ပါ...
(၂) အပေါ်ကအဝိုင်းနေရာလေးကလစ်လိုက်ရင်ပဲ အောက်က(၁)ပုံလေးတိုင်မြင်ရရင် မျှားပြထားတဲ့နေရာလေးကလစ်ပေးလိုက်ပါ၊ ပြီးရင် ကီးဘုပ်ပေါ်မှ ctrl+j လေးကလစ်ပေးလိုက်ရင် (၂) ပုံလေးတိုင်မြင်ရမှာပါ....


(၃) အောက်မှာပြထားတဲ့ပုံလေးကြည့်ပါ အပေါ်မှာ ctrl+j လိုက်လို့ ရလိုက်တဲ့ layer copy ပုံလေးကို ကလစ်ပြီးမျက်လုံးလေးပိတ်လိုက်ပါ၊ ပြီးရင်(၂)ပုံလေးကတိုင်း မူရင်း layer ပုံလေးကလစ်ပေးလိုက်ပြီး (၂) မျှားနေရာကို ပုံမှာပြထားတဲ့တိုင်းသွားပါ.....
(၄) အပေါ်က(၂)ပုံတိုင်းလုပ်လိုက်ရင်ပဲ အောက်က(၁) ပုံလေးတိုင်းမြင်ရမှာပါ (၁)မျှားပြထားတဲ့နေရာရွေးပေးပြီး အောက်က ၆ ခုထဲမှ မိမိကြိုတ်တာရွေးပါ ကျွန်တော်ကတော့ (၂)မျှားနေရာရွေးပေးထားပါတယ် ပြီးရင် (၃)မျှားနေရာမှာမိမိ လိုသလို ချိန်နိုင်ပါသေးတယ်.၊ ပြီးရင် Ok နိုပ်ပါ၊
ပြီးရင် (၂) ပုံမှာပြထားသလို အရောင်ချိန်ဖို့ မျှားပြထားတဲ့နေရာနိုပ်ပါ....
(၅) အပေါ်က(၂)ပုံလေးလိုနိုပ်လိုက်ရင် အောက်က(၁) ပုံမှာပြထားတဲ့ မျှားနေရာလေး နိုပ်ပေးလိုက်ပါ၊ ပြီးရင် (၂) ပုံလေးမှာ မျှားပြထားတဲ့နေရာမှာ မိမိ ကြိုတ်တဲ့ အရောင်ချိန်နိုင်ပါတယ် ပြီးရင် အောက်လားမှ LAYERS ကိုပြန်နိုပ်ပေးလိုက်ပါ......
(၆)ပြီးရင်အောက်မှာ(၁)ပုံမှာပြထားတဲ့ (၁)မျှားနေရာမှာ စလက်ပေးထားပြီး (၂)မှားနေရာကိုနိုပ်ပေးလိုက်ပါ ၊ နိုပ်လိုက်ရင်ပဲ Layer တစ်ခုပိုလာမှာပါ (၂)ပုံမှာပြထားတဲ့ပိုလာတဲ့ layer လေး စလက်ပေးပြီး (၂)မျှားပြထားတဲ့ tool ကိုရွေးပေးလိုက်ပါ၊ ပြီးရင် ပုံပေါ်မောက်ထောက်ပြီး လိုချင်တဲ့ဘောင်အနေအထားအပေါ်ကနေ အောက်ကိုမောက်နဲ့ဆွဲလိုက်ပါ (၃) မျှားပြထားသလိုမြင်ရမှာပါ.
(၇) ပြီးရင်အောက်က(၁)ပုံမှာပြထားတဲ့ (၁)မျှားပြထားတဲ့ (၂)မျှားနေရာ ကိုနိုပ်ပေးလိုက်ပါ ဘောက်တစ်ခုတက်လာမှာပါ (၂) ပုံကတိုင်းဘောက်တက်လာရင် (၁)မျှားနေရာမှာ ဘော်အထူအပါးချိန်ပါ ကျွန်တော်ကတော့ 30% ပေးထားပါတယ် (၂)မျှားနေရာမှာ အရောင်နေရာကလစ်ပြီး မိမိကြိုတ်တဲ့အ
ရောင်ရွေးနိုင်ပါတယ်၊ (၃)မျှားပြထားတဲ့နေရာမှာ အမှတ်ပေးပါ..အားလုံးပြီးရင် ok နိုပ်ပါ...
(၈)အောက်က(၁)ပုံလေးတိုင်းမြင်ရရင် ကီးဘုပ်မှ ctrl+d ကိုနိုက်ပေးလိုက်ပါ ၊ ပြီးရင် ctrl+t ဆက်နိုပ်ပါ (၂)ပုံလေးတိုင်မြင်ရရင် ထောင့်တစ်နေရာမှ ကီးဘုပ်ပေါ်မှ shift+alt ကိုတွဲနိုပ်ပြီးမောက်နဲ့လိုသလောက်ဘောင်အကျယ်ဆွဲပေးပြီး enter နိုပ်ပေးလိုက်ပါ...
(၉)ကဲအောက်က(၁)ပုံလေးတိုင်းဖြစ်ဖို့ ဘေးမှာအပြစလက်အပြာပြထားတဲ့နေရာကို ကီဘုပ်ပေါ်မှ ctrl နိုပ်ထားပြီး မောက်နဲ့ နိုပ်လိုက်ပါ (၁) ပုံမှာပြထားသလိုရပြီဆိုရင် ကီးဘုပ်ပေါ်မှ Q လေးနိုပ်လိုက်ပါ၊ (၂) ပုံလေးတိုင်းမြင်ရမှာပါ....
(၁၀) အပေါ်မှာပြထားခဲ့တဲ့အဆင်ပြီးရင် အောက်က(၁)ပုံမှာပြထားတဲ့ (၁)မျှားနေရာမှ ဆေးဗုံးပုံစံလေးနဲ့ tool လေးရွေးပေးလိုက်ပါ ၊ ပြီးရင်(၂)မျှားပြထားတဲ့နေရာမှာ အဖြူ  နဲ့ အမဲ နှစ်ခုထပ်နေတဲ့ tool လေးမှာ အပေါ်ကအရောင်ကို ကလစ်ပြီး အဖြူရွေးပေးထားပါ၊ ပြီးရင် အပုံပေါ်မှာ ဘောင် အပြင်မှာ မောက်နဲ့ ကလစ်ပေးလိုက်ပါ၊ ပုံမှာပြထားတိုင်း မြင်ရမှာပါ မြင်ရရင် ကီးဘုပ်ပေါ်မှ Q လေးတစ်ချတ် နိုပ်လိုက်ပါ၊ (၂) ပုံလေးတိုင်းမြင်ရမှာပါ.ပြီးရင် ကဘုပ်ပေါ်မှ ctrl+shift+i ကိုတစ်ချတ်နိုပ်ပေးလိုက်ပါ (၃) ပုံလေးတိုင်းမြင်ရမှာပါ...


(၁၁)အပေါ်ကအဆင့်တွေပြီးရင်တော့ အောက်က(၁)ပုံမှာ (၁)မျှားပြထားတဲ့ မျက်လုံးလေးပိတ်နေတဲ့ပုံလေးစလက်ပေးပြီး (၂)မျှားလေးလေးနိုပ်လိုက်ပါ (၂)ပုံးလေးတိုင်းမြင်ရရင် မျက်လေးလုံလေးဖွင့်ဖို့အကွပ်လေးမှာကလစ်ပေးလိုက်ရင်(၂)ပုံတိုင်းမြင်ရမှာပါ...
(၁၂)အပေါ်အဆင့်ပြီးရင် အောက်က(၁)ပုံလေးတိုင်း (၁)မျှားမှာပြထားတဲ့နေရာကို ကီးဘုပ်ပေါ်မှ ctrl လေးနိုပ်ထားပြီး ကလစ်လိုက်ပါ ပုံမှာပြထားတဲ့တိုင်းမြင်ရမှာဖြစ်ပါတယ်၊ ပြီးရင် ကီးဘုပ်ပေါ်မှ Q လေးပြန် နိုပ်ပါ(၂) ပုံလေးတိုင်မြင်ရမှာပါ..ပြီးရင် အဆင့်(၁၀)မှာပြထားခဲ့သလို ဘယ်ဘက်ကဘားမှ ဆေးဗုံး TOOL လေးရွေးပြီး ဘောင်အတွင်းပိုင်းမှာ မောက်နဲ့ ကလစ်ပါ ခုဏက အဆင့်(၁၀)မှာ အပြင်မှာ ကလစ်တာနော် အတူပါဘူး ပြီးရင် Q လေးပြန်နိုပ်ပါ....
(၁၃) အပေါ်တိုင်းပြီးရင် အောက်က(၁)ပုံလေးတိုင်းမြင်ရမှာပါ (၂) မှာ မျှားပြထားတဲ့နေရာလေးနိုပ်ပြီး ကီးဘုပ်ပေါ်က Alt+Del ကိုတွဲနိုပ်ပေးလိုက်ပါ ပုံစံလေးပြောင်းသွားတာတွေ့ရမှာပါ....
(၁၄)အပေါ်နဆင့်တွေပြီးရင် အောက်က(၁) ပုံမှာမျှားပြထားသလို စလက်ပေးရမှာဖြစ်ပါတယ် ပေးလို့ရဖို့ ကီးဘုပ်ပေါ်မှ ctrl ကီးလေးနိုပ်ပေးထားပြီး layer တစ်ခုစီကို ကလစ်ပြီးပေးလိုက်ပါ ပေးပြီးရင် ကီးဘုပ်ပေါ်က ctrl+ - လေးတွဲနိုပ်ပေးလိုက်ပါ၊ ပြီးရင် ctrl+t လေးထပ်နိုပ်ပါ (၂) ပုံလေးတိုင်းမြင်ရရင်ထောင့်တစ်နေရာကနေ ကီးဘုပ်ပေါ်က shift+alt နိုပ်ထားပြီးလိုချင်သလောက်ဆွဲလိုက်ပါ ပုံကိုလဲ လိုချင်သလောက် ဘောင်ဘေးမှာမောက်ထားပြီးလည့်နိုင်ပါတယ် ပြီးရင် enter နိုပ်ပါ၊ ဒါဆိုသင်ခန်းစာပြီးပါပြီ ပုံသိမ်းဖို့ (၃) ပုံလေးတိုင်းသွားပြီး  jpeg နဲ့ သိမ်းပါ.နားမလည်သေးတဲ့ဘော်ဘော်တွေ က video လေးဆက်ကြည့်ပေးပါနော်......
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

How to Make Water Drops (ရေစက်ဒီဇိုင်း လုပ်နည်း) (၁)

မင်္ဂလာပါ ဒီနေ့တော့ photoshop နဲ့ ပတ်သက်တဲ့ နည်းလမ်းလေးတင်ပေးလိုက်ပါတယ် ဒီနည်းလေးကတော့ ရေစက် ဒီဇိုင်းဆွဲနည်းလေးပါ၊ မလုပ်တက်သေးတဲ့ ဘော်ဘော်တွေ အတွက် ကြိုးစားပြီးရေးပေးလိုက်ပါတယ်၊ လိုအပ်တဲ့ဘော်ဘော်တွေ အောက်မှာ ပုံလေးတွေနဲ့ လိုက်ကြည့်လိုက်ပါ၊ ပုံတွေနဲ့ နားမလည်သေးတဲ့ဘော်ဘော်တွေ က video လေးပါ တင်ပေးလိုက်ပါတယ်.....ကဲလိုက်ကြည့်လိုက်ရအောင်နော်..
(၁)အရင်ဆုံး ကိုယ်မယ့်ပုံလေးကိုအောက်ကပုံလေး တွေအတိုင်း ခေါ်ထည့်လိုက်ပါ .....
(၂) အပေါ်ကလိုရောက်လာရင်အောက်က (၁)ပုံမှာမျှားပြထားတဲ့နေရာက အဝိုင်း tool လေးကိုရွေးပေးလိုက်ပါ၊ ပြီးရင် (၂) ပုံမှာပြထားတဲ့ (၁)မျှားနေရာက အောက်မှ tool လေးကို တစ်ချတ် မောက်နဲ့ ကလစ်လိုက်ပါ၊ layer တစ်ခုကို (၂)မှားမှာပြထားသလိုတွေ့ရမှာပါ.......

(၃)အပေါ်ကအဆင့်ပြီးရင် အောက်က(၁)ပုံက (၂)မျှားနေရာက tool လေးရွေးပြီး ကို ရေစက်ပြုလုပ်မယ့် နေရာမှာမောက်ထောက်ပြီး ကီးဘုပ်ပေါ်မှ shift+alt ကိုနိုပ်ထားပြီးမောက်နဲ့ လိုချင်တဲ့အနေအထားထိဆွဲလိုက်ပါ၊ ပြီးရင် (၂)ပုံလေးမှာ မျှားပြထားတဲ့ gradient tool လေးရွေးပေးထားပါ......
(၄)အပေါ်ကအဆင့်တွေပြီရင် အောက်က(၁)ပုံလေးကြည့်ပါ (၁)မှားမှာပြထားတဲ့ အပေါ်ဘားတန်က အောက်မျှားအသေးလေး ကလစ်ပြီး (၂)မျှားပြထားတဲ့ black,white ကိုရွေးပေးပြီး မျှားသေးလေးပြန်နိုပ်ပေးလိုက်ပါ၊ ပြီးရင်(၂) ပုံလေးကြည့်ပါ (၁)မျှားမှာပြထားတဲ့နေရာကိုအရင်ကလစ်ပါ ပြီးရင်(၂)မျှားပြထားသလို စလက်ပြနေတဲ့အဝိုင်းလေးမှာ ဒေါင်လိုက် မျှားပြထားသလို shift+alt တွဲနိုပ်ထားပြီး မောက်နဲ့ ဆွဲလိုက်ပါ...
(၅)အပေါ်ကဆင့်ပြီးတာနဲ့ အောက်က (၁)ပုံလေးမှာ (၁)မျှားပြထားသလိုမြင်ရမှာပါ၊ ပြီးရင်(၂)မျှားပြထားတဲ့မျှားသေးလေးကလစ်ပြီ (၃)မျှားနေရာက overlay ကိုရွေးပေးလိုက်ပါ၊ (၂)ပုံက (၁) မျှားပြထားသလိုမြင်ရပြီဆို (၂)မျှားပြထားတဲ့နေရာကိုနိုပ်ပြီးကြိုက်တဲ့စာလေးနိုပ်ပြီဖော်လို့ရသလို (၃)မျှားနေက ကျွန်တော်တို့ပြုလုပ်နေတဲ့ ရေစက် layer လေးကို (၂) ချတ်ကခေးလိုက်လဲရတယ် ကလစ်လိုက်တာနဲ့ဘောက်တစ်ခုတက်လာမှာပါ...
(၆)အပေါ်ကအဆင့်တွေပြီးရင် အောက်က (၁)ပုံလေးလိုဘောက်ပေါ်လာမှာ ရေစက် ပုံလေးကိုချိန်မှာပါ (၁)မျှားပြထားတဲ့ inner shadow ကိုရွေးပါ (၂) မျှားပြထားတဲ့ blend mode နေရာမှာ (၃) မျှားပြထားတဲ့ Linear burn ရွေးပါ၊ ပြီးရင်(၂)ပုံမှာပြထားတဲ့ အကွက်မှာ ချိန်ပါလိုချင်သလို ကျွန်တော်ချိန်ထားသလိုလဲချိန်နိုင်ပါတယ်...
(၇)အပေါ်တိုင်းပြီးရင် အောက်က (၁) ပုံလေးမှာ(၁) မျှားပြထားတဲ့ drop shadow ကိုနိုပ်ပါ ပြီးရင် blend mode မှာ Linear burn ကိုရွေးပါ ပြီးရင် (၂)ပုံမှာပြထားတဲ့နေရာတွေမှာ လိုက်ချိန်ပါ ကျွန်တော်ချိန်ထားသလိုချိန်လဲရပါတယ်၊ ပြီးရင် ok ဖြေပေးလိုက်ပါ.....
(၈)အပေါ်ကတိုင်းပြီးရင် အောက်က(၁) ပုံလေးတိုင်မြင်ရမှာပါ၊မြင်ရတာနဲ့ (၁)မျှားပြထားတဲ့ tool ကိုရွေးပေးထားပါ၊ ပြီရင် (၂)ပုံလေးမှာ (၁)မျှားနေရာက အောက်ပြနေတဲ့ မျှားသေးလေးကို ကလစ်ပြီး(၂) မျှားပြထားတဲ့နေရာမှာချိန်ပါ ကိုလိုချင်တဲ့ အရွယ်အစားပေါ့ ခုဘာလုပ်မှာလဲဆိုတော့ ရေစက်ပေါ်မှာအလင်းသက်လေးတင်မလို့ပါ  (၂)မျှားမှာချိန်ပြီရင် (၃)မျှားနေရာမှာ အဆင်ပြေတာရွေးထားလိုက်ပါ ပြီရင် မျှားသေးလေးကလစ်ပြီးပြန်ပိတ်လိုက်ပါ....
(၉)အပေါ်က အဆင့်တွေပြီရင် အောက်က(၁) ပုံလေးဆက်ကြည့်ပါ (၁)မျှားပြထားတဲ့နေရာလေးကလစ်ပြီး layer အသစ်တည်ဆောက်ပါပြီးရင်(၂)မျှားပြထားသလိုမြင်ရမှာပါပြီးရင် ရေစက်ပေါ်မှာ မောက်နဲ့ ကိုက်အလင်းပေးချင်တဲ့နေရာမှာ နိုပ်လိုက်ပါ၊ ပြီးရင် (၂) ပုံမှာ ပြထားသလို မျှားလေးတိုင် တည်ဆောက်ထားတဲ့ layer နှသ်ခုကို စလက်ပေးရမှာဖြစ်တဲ့အတွက် ကီးဘုပ်ပေါ်မှ Shift+alt ကီကိုတွဲနိုပ်ပြီး ကလစ်ပေးရင်ရပါတယ်၊ ပုံမှာပြထားသလိုရရင် တော့ ကီးဘုပ်ပေါ်မှ ctrl+g လေးကို တွဲနိုပ်လိုက်ပါ.....
(၁၀)ကဲအပေါ်ကအဆင်တွေပြီးရင် အောက်ကအဆင့်တွေ သေချာလိုက်ကြည့်ပေးပါ ရေးပြထားတာသိပ်နားမလည်ရင်တော့ video ဆက်ကြည်ပေါ့နော် (၁)ပုံလေးမှာခုဏကအပေါ်မှာ နောက်ဆုံး ctrl+g လေးကို တွဲပြီးနိုပ်ခိုင်ထားလဲ့ပါတယ် အောက်မှာ မျှားမပြထားတဲ့ ဒုတိယ group (1) ကိုမြင်ရမှာပါ ပြီးရင် ပုံလေးကိုမောက်ထောက်ပြီး ကီးဘုပ်ပေါ်မှ shift+alt ကိုတွဲနိုပ်ထားပြီးဘေးကိုမောက်နဲ့ဆွဲလိုက်ပါ (၂)မျှားပြထားသလိုမြင်ရမှာပါ ပြီးရင် ပုံကိုကြီးဖို့ ကီးဘုပ်ပေါ်မှ ctrl+t လေးနိုပ်ပေးလိုက်ပါ အကွပ်လေးတက်လာမှာပါ တက်လာရင် ထောင့်တစ်နေရာကနေ shift နိုပ်ထားပြီး မောက်နဲ့ ဆွဲလိုက်ပါ၊ (၂) ပုံက (၁)မျှားပြထားသလိုမြင်ရမှာဖြစ်ပါတယ် ပြီရင်(၁)မျှားပြထားတဲ့ပုံလေးကိုပဲ ခုဏလို  shift+alt ကိုတွဲနိုပ်ထားပြီးဘေးကိုမောက်နဲ့ဆွဲလိုက်ပါ ပြီးရင် ပုံသေးချင်ရင် ctrl+t နိုပ်ပြီး ခုဏပြောခဲ့သလို သေးနိုင်ကြီးနိုင်ပါတယ် ပြီးရင်(၂)ပုံလေးတိုင်မြင်ရမှာပါ ......
(၁၁)အပေါ်ကတိုင်ပြီးရင် အောက်က(၁)ပုံလေးကြည့်ပါ (၂) မျှားမှာပြထားတဲ့ ရေစက် ပုံအရွယ်တစ်ခုထပ်လုပ်မှာပါ လုပ်ဖို့ မခတ်ပါဘူး အပေါ်မှာပြခဲ့တဲ့တိုင်ပါပဲ (၂) မျှားပြထားတဲ့ အပုံနေရာက (၁)မျှားနေရာက Group 1 copy ကို စလက်ပေးပြီး ကီးဘုပ်မှ shift+alt တွဲနိုပ်ပြီ မောက်နဲ့ ဘေးကိုဆွဲပြီးထားချင်တဲ့နေရာမှာ နေရာချပါ ပြီးရင်(၂) ပုံလေးမှာပြထားတဲ့အတိုင် (၁)မျှားပြထားတဲ့ ခုလုပ်လိုက်တဲ့ Group 2 copy မှာအောက်ကိုပြနေတဲ့မျှားသေးလေးရှိပါတယ် နိုပ်လိုက်ပါ ပြီးရင် အဆင်.(၁)မှာလုပ်ခဲ့တဲ့ ရေပုံလေးကိုကလစ်ပေးလိုက်ပါ မသိရင် မျှားပြထားတဲ့နေရာမှာ စလက်ပေးလိုက်ပါ......
(၁၂)အပေါ်ကအဆင်တွေလုပ်ပြီးရင် အောက်က(၁)ပုံမှာပြထားသလို (၁)မျှာလေးလိုကလစ်ပြီး (၂) မျှား နေရာကနေ (၃) မျှားပြထားတဲ့ စာကိုရွေးပေးလိုက်ပါ (၂) ပုံလေးတိုင်းဘောက်တက်လာမှာပါ၊ တက်လာရင်(၂) ပုံမှာပြထားသလို (၁) မျှားနေရာရွေးပါ ပြီးရင်(၂)မျှားပြထားသလို ရေစက်ပေါ်မှာမောက်တင်ပါ အကွက်လေးသေးနေရင် ကီးဘုပ်ပေါ်မှ [ - ] နဲ့ ကြီးနိုင်သေးနိုင်ပါတယ် ပုံနဲ့ ရွယ်တူအနေအထားကြီးပါ ရပြီဆို မောက်နဲ့ ကိုယ်လိုချင်တဲ့ရေစက် အတွန့်လေးဆွဲလိုက်ပါ ၊ (၃) ပုံလေးတိုင်မြင်ရမှာပါ.မိမိလိုချင်တဲ့ဒီဇိုင်းရရင် Ok ဖြေလိုက်ပါ၊ မိမိလုပ်တာမှားခဲ့ရင် ကီးဘုပ်ပေါ်မှ ctrl+alt+z နဲ့ အနောက်ပြန်လှည့်ရပါတယ်နော်.....
(၁၃)ကဲ အပေါ်ကတိုင်းအဆင့်တွေပြီးရင် အောက်က(၁)ပုံလေးတိုင်းမြင်ရမှာပါ ဒါဆို ကျွန်တော်တို့လုပ်နေတဲ့ ရေစက်လေးဒီဇိုင်းပြီးသွားပါပြီ၊ ပြီးရင်အပုံလေးကိုသိမ်းဖို့ (၂) ပုံမှာပြထားတဲ့အတိုင် အဆင့်နဲ့ သွားလိုက်ပါ၊ (၃) ပုံလေးလိုဘောက်တက်လာရင် အနီအကွပ်မှာ နမည်ရေးပါ အစမ်းအကွပ်မှာ ကျွန်တော်ပြထားတဲ့ jpegေ၇ွးပေးလိုက်ပါ..ဒီလောက်ဆိုအားလုံးနားလည်မယ်လို့ထင်ပါတယ်
သစ်ရွက်ဒီဇိုင်းလိုရင် အောက်မှာနော်
video အသံဖိုင်လေးကြည်မယ်
===================
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။