Windows 8/8.1 မှာ .NET Framework 3.5 ကို Enable ပြုလုပ်ခြင်း။
Windows 8/8.1 မှာ .NET Framework 4.5 အင်စတောလုပ်ပြီးသား ပါရှိလာမှာဖြစ်ပါတယ်။တစ်ချို့  Application တွေကို အင်စတောလုပ်ဖို့ အတွက် .NET Framework 3.5 လို Version အနိမ့်တွေ အင်စတောလုပ်ထားဖို့ လို ပါတယ်။Windows 8 မှာ .NET Framework 3.5 နဲ့  သူ့ အနိမ့် Version တွေကို Enable လုပ်ပြီးသုံးနိုင်ပါတယ်။ထပ်ပြီးအင်စတောလုပ်လို့ မရပါဘူး။ဒီိဆောင်းပါးမှာ Enable လုပ်နိုင်မယ့် နည်းနှစ်နည်းကိုရေးပါမယ်။
When You Are Online
ကွန်နက်ရှင်ရှိနေရင်တော့ ဒီနည်းကိုသုံးနိုင်ပါတယ်။ Windows 8 Search Box ကနေ Uninstall a program ကိုရှာပြီး ဖွင့်ပါ။
ပြီးရင် ညာဘက်က Turn Windows features on or off ကိုနှိပ်ပါ။
ဝင်းဒိုး တစ်ခုပေါ်လာရင် ".NET Framework 3.5 (includes .NET 2.0 and 3.0) " ဆိုတဲ့ Check Box တွေ မှာ အမှန်ခြစ်ပေးပါ။
OK နှိပ်ရင် လိုအပ်တဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ပြီးရင်တော့ Restart ချရင် .NET Framework 3.5, 3.0 ,2.0 အားလုံးကို Enable လုပ်ပြီးပြီဖြစ်လို့  အင်စတောလုပ်မရတဲ့ Application တွေကို အင်စတောလုပ်နိုင်ပါပြီ။
ကျွန်တော်ကတော့ ဒီနည်းသုံးကြည့်တာ ဒေါင်းနေတဲ့ အချိန်ကြာတဲ့အတွက် Cancel လုပ်ပြီးအောက်ကနည်းကိုသုံးပါတယ်။
When You Are Offline
C: အောက်မှာ NET35 ဆိုတဲ့ဖိုဒါတစ်ခုပြုလုပ်ပါ။
Windows 8 CD/DVD ခွေထဲက sources\sxs ဖိုဒါကို ကော်ပီကူးပါ။ ISO Image ဖိုင်ရှိရင် ISO ဖိုင်ပေါ် Right Click နှိပ်ပြီး Mount လုပ်ပါ။ sources\sxs ဖိုဒါကိုကော်ပီကူးပါ။ ကူးထားတဲ့ဖိုဒါကို NET35 ဖိုဒါထဲထည့်ပါ။
Cmd ကို Admin အနေနဲ့ ဖွင့်ပြီး အောက်က Command ရိုက်ပေးပြီး Enter ခေါက်ပါ။
DISM.exe /online /enable-feature /featurename:NetFX3 /All /Source:c:\net35 /LimitAccess
Successful Message ကျလာရင် အဆင်ပြေပါပြီ။
No comments:
Post a Comment