ဓါတ်ပုံရိုက်သူတိုင်းရဲ့ စမတ်ဖုန်းတွေ အတွက် လိုအပ်တဲ့ Application (၁၅) မျိုး
iOS နဲ့ Android စမတ်ဖုန်းတွေအတွက် ဓါတ်ပုံပညာနဲ့သက်ဆိုင်တဲ့ App ကောင်းများစွာရှိကြပါတယ်။ဒီဆောင်းပါးမှာတော့ သင့်ရဲ့ စမတ်ဖုန်းတွေအတွက် App တွေကို ဦးစားပေးဖော်ပြထားသော်လည်း အများစုက သင့်ရဲ့ တက်ဘလက်နဲ့လည်း အလုပ်ဖြစ်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။
Instagram နဲ့ VSCO Cam လို App တွေက သင့်ရဲ့ စမတ်ဖုန်းထဲက ရိုက်ကူးထားတဲ့ ပုံကောင်းတွေကို အလွယ်တကူနဲ့ လူမှုမီဒီယာ နက်ဝပ် ပေါ်မှာ ဝေမျှနိုင် ပါတယ်။ ဓါတ်ပုံဆရာတွေ အနေနဲ့ကတော့ စမတ်ဖုန်းတွေကို ကင်မရာတစ်လုံးလိုတော့ အမြဲအသုံးမချကြပေမယ့်လည်း အချို့သော App များဟာ ဓါတ်ပုံရိုက်ဖို့ အစီအစဉ်ဆွဲတာ၊ model release (သို့) မော်ဒယ်နဲ့ သဘောတူညီချက်စာချုပ် တွေရယူတာ၊ ဓါတ်ပုံမှာ GPS နဲ့ နေရာအချက်အလက်ကို ထည့်သွင်းပေးနိုင်တာ စသဖြင့် လုပ်ဆောင်ပေးနိုင်ကြပါတယ်။ အဲဒီ App အများစုက လက်လှမ်းမီတဲ့ ဈေးတွေ နဲ့ စမတ်ဖုန်းမှာ hardware အပိုပစ္စည်းလေးတွေအစားထိုးပြီး ဈေးကြီးတဲ့ ကင်မရာပစ္စည်းတွေအစား အသုံးပြုနိုင်ပါတယ်။
– မိုးလေ၀သဆိုင်ရာ App များ
ဓါတ်ပုံရိုက်တယ်ဆိုတာ တကယ်လို့ ခင်ဗျားက စတူဒီယိုထဲမှာရိုက်သူမဟုတ်ရင်တော့ ပြင်ပကို ထွက်ရိုက်ရပါလိမ့်မယ်။ ဆိုးဆိုးရွားရွား ဖြစ်နိုင်ချေတွေထဲက တစ်ခုဖြစ်တဲ့ ရုတ်တရက် မိုးရွာချတဲ့ ကိစ္စမျိုးက ခင်ဗျားရဲ့ ညနေခင်း သို့မဟုတ် နံနက်ခင်း ရိုက်ကွင်းကို ဖျက်စီးလိုက် နိုင်ပါတယ်။ iOS အတွက် Dark Sky နဲ့  Android အတွက် Accuweather Platinum ဆိုတဲ့ App တွေရှိပြီး သူတို့က ဘယ်တော့မှ ရာသီဥတိုကို အကြမ်းဖြင်းမခန့်မှန်းကြပါဘူး။ တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်းက တစ်မိနစ်ချင်းစီအတွက်တောင် ကြိုတင် ခန့်မှန်း နိုင်ပါတယ်။ Dark Sky နဲ့ AccuWeather တို့မှာ အချိန်နဲ့ တပြေးညီ အချက်အလက်တွေ တင်ပြပေးနိုင်တဲ့အတွက် မိုးတိမ်တွေကြည့်ပြီးစိုးရိမ်နေရတာထက် ပိုပြီးတော့ သင့်အတွက် ပြင်ဆင်နိုင်ပါတယ်။
– ကြယ်တာရာ လမ်းကြောင်း ရှာဖွေပေးနိုင်တဲ့ App များ
ကောင်းကင်မှာရှိတဲ့ နေရဲ့အနေထားကိုလိုက်ပြီး ရိုက်လိုက်နိုင်တဲ့ဓါတ်ပုံတွေလောက် ဘယ်ဓါတ်ပုံမှ မကောင်းမွန်နိုင်ပါဘူး။ အလင်းရောင်အားနည်းတာ၊ နေ့လည်ခင်းအလင်းရောင်အောက်မှာ ဓါတ်ပုံရိုက်ရတာလောက် ဆိုးတာလဲမရှိပါဘူး။ နေထွက်ချိန် နဲ့ နေဝင်ချိန်မှာ ဓါတ်ပုံရိုက်တယ်ဆိုကြပါဆို့ ဘယ်အချိန် နေထွက်မယ်၊ ဘယ်အချိန် နေဝင်မယ်ဆိုတာ သိလာနိုင်ရင် သိသိသာသာကိုပဲ အကျိုးရှိပါတယ်။ အလားတူပဲ ညဖက်ဆိုရင်လဲ ဘယ်နားမှာ လ၊ ဘယ်နားမှာ ကြယ်တွေ နဲ့ ဘယ်နားမှာ ဂြိုဟ်တွေ ရှိတာ သိတယ်ဆိုရင် ခင်ဗျားရဲ့ ရိုက်ကွင်းကို ဘယ်လို စီစဉ်ရမလဲဆိုတာ အထောက်အကူပြုမှာပါ။
The Photographer’s Ephemeris လိုမျိုး App တချို့က အထက်ဖော်ပြပါ အားလုံးကို လုပ်ဆောင်ပေးပါတယ်။ TPE က နေရဲ့လမ်းကြောင်း၊ ကျနေတဲ့ အရိပ်ရဲ့ အလျား ကို ကမ္ဘာ့ဘယ်နေရာမှာပဲ ရောက်နေနေ တွက်ချက်ဖော်ပြပေးနိုင်ပါတယ်။ Sun Seeker လိုမျိုး App ကတော့ နေ ဘယ်လမ်းကြောင်းကနေ ရွေ့နေလဲဆိုတာ တစ်နေ့လုံး အချိန်နဲ့ တပြေးညီ တွက်ချက်ပေးနိုင်ပါတယ်။
အဲဒီအတွက် ဈေးကြီးလွန်းလှတဲ့ ပစ္စည်းတွေအစား App က နေရာအစားထိုးလာနိုင်ပါပြီ။
– ဓါတ်ပုံရိုက်ရန် စီစဉ်ပေးနိုင်တဲ့ App များ
ခင်ဗျား ဓါတ်ပုံရိုက်နေတဲ့ အချိန်မှာ ခင်ဗျားအတွက် စိတ်ကူးအမျိုးမျိုးကို ပုံဖော်ပြီး ရိုက်ကွင်းနေရာကို လေ့လာဖို့ အချိန်များများရရင်တော့ အကောင်းဆုံးပါ။ ကံမကောင်းစွာနဲ့ပဲ ဒါမျိုးအချိန်ကာလတွေက ကြုံတောင့်ကြုံခဲဖြစ်ပါတယ်။ အဲဒီတော့ ခင်ဗျား ရိုက်ကွင်းနရာတစ်ခုကို မသွားခင် ကြိုပြီးကြည့်နိုင်စေဖို့အတွက် တချို့ App တွေက ဒီကိစ္စကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။
ပထမဖော်ပြထားပြီးဖြစ်တဲ့ Photographer’s Ephemeris လိုမျိုး App တွေက ဒီအမျိုးအစားထဲကပါ။ သူနဲ့ ညီအမ App လို့ပြောလို့ရတဲ့ The Photographer’s Transit ဆိုတာ iPad သီးသန့်ပဲသုံးလို့ရပြီး ရိုက်ကွင်းရဲ့ အနေအထား ၊ ကင်မရာနေရာချထားဖို့ မြင်ကွင်း နဲ့ ဘယ်လို ကင်မရာ၊မှန်ဘီလူးမျိုး ယူသွားသင့်လဲဆိုတဲ့အကြံမျိုးရအောင် ကူညီပေးပါလိမ့်မယ်။
Google Maps, StreetView and Earth ကလဲ သင်ရိုက်ကွင်းနေရာမရောက်ခင် ကြိုတင်ပြီး လေ့လာလို့ရအောင် ကူညီပေးနိုင်ပါတယ်။
– Exposure အလင်းအမှောင်နဲ့ Depth of Field Calculator များ
ဓါတ်ပုံပညာဆိုတာ ရူပဗေဒ ဥပဒေသတွေနဲ့ သချာင်္ ပညာတို့ ပေါင်းစပ်ထားတာပါ။ သာမန် အမြန်ရိုက်ချက်တွေအတွက်ကတော့ ကင်မရာရဲ့ အလိုအလျောက်လုပ်ဆောင်မှုနဲ့ တင်အဆင်ပြေပါတယ်။ ခေတ်ပေါ်ကင်မရာတွေမှာ auto exposure နဲ့ auto focus လုပ်ဆောင်ချက်တွေအတွက် ဂဏန်းပေါင်းစက်ကို နောက်ကွယ်မှာ အသုံးပြုထားတာကို သိသင့်ပါတယ်။ Manual လုပ်ဆောင်ချက်နဲ့ သတိထားပြီး ဓါတ်ပုံတစ်ပုံရိုက်ခဲ့မယ်ဆိုရင်တော့ ပိုပြီး ဖန်တီးမှုအားကောင်းတဲ့ ဓါတ်ပုံတွေကို ရရှိနိုင်ပါတယ်။
Shutter speed, aperture နဲ့ ISO တို့ရဲ့ ဆက်သွယ်မှုကို တွက်ချက်ဖို့ ဆိုတာ လွယ်ကူပါတယ်။ ဒါပေမယ့်လည်း တချို့အနေအထားတွေမှာ အကူအညီလေးနည်းနည်းလေးရရင် ပိုပြီးလွယ်ကူသွားပါလိမ့်မယ်။ အထူးသဖြင့် Long Exposure ဓါတ်ပုံရိုက်တဲ့အချိန် မှာတွက်ချက်ရတယ်ဆိုရင်တော့ သင့်ခေါင်းထဲမှာ ကမောက်ကမ ဖြစ်နေမှာပါ။
iOS အတွက် PhotoBuddy နဲ့ Android အတွက် Photo Tool Pro (US သီးသန့်သာ ရယူနိုင်) တို့ဟာ App ထဲမှာတင် Exposure နဲ့ Depth of field ကို အပြီးအစီးတွက်ချက်ပေးသွားပါတယ်။ iOS အတွက် Long Exposure Calculators န့ Android အတွက် Exposure Calculator တို့ဟာ Exposure တွက်ချက်မှုအတွက်သီးသန့်သာဖြစ်ပေမယ့် Neutral Density filters တွေကိုတပ်ဆင်ထားလဲ တွက်ချက်ပေးနိုင်တဲ့အတွက် Long Exposure ဓါတ်ပုံဆရာတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။
– အလင်းအမှာင် တိုင်းတာနိုင်တဲ့ App များ သို့မဟုတ် Light meter apps များ
Light Meter တခုအတွက် ဒေါ်လာရာပေါင်းများစွာပေးရနိုင်ပြီး တိကျလွန်းတဲ့ exposure ကို အချိန်တိုင်းမှာ ရရှိနိုင်အောင် ကူညီပေးမှာပါ။ iOS နဲ့ Android တို့အတွက် Light Meter apps တွေရှိပါတယ် သိပ်တော့ အတိကျကြီးမဟုတ်ပေမယ့် ဈေးနှုန်းကွာခြားမှုကိုယှဉ်ကြည့်ရင်တော့ တော်တော်လေး စိတ်ကျေနပ်မှာပါ။
ခင်ဗျားဖုန်းရဲ့ ကင်မရာကို အသုံးချပြီး ပတ်ဝန်းကျင်မှာ ရှိတဲ့အလင်းရောင်ကို အသုံးပြုပြီးတော့ အနီးစပ်ဆုံး မှန်ကန်တဲ့ exposure တန်ဖိုးရအောင် shutter speed, aperture နဲ့ ISO စတာတွေအသုံးပြုပြီး တွက်ချက်ပေးပါတယ်။ Apps အများစုကတော့ setting တွေကို lock လုပ်ပေးနိုင်တာပေါ့၊ ဥပာ ခင်ဗျား အတွက် အသင့်တော်ဆုံး shutter speed ကို ရှာရုံပါပဲ တကယ်လို့ f/5.6 ISO 200 အသုံးပြုချင်တဲ့အခါမှာပေါ့။
iOS အတွက် Apps အများစုက ပိုပြီး တိကျတဲ့ Exposure ရဖို့ Luxi လို့ခေါ်တဲ့ ဒေါ်လာ ၃၀ တန် အလင်းညှိပစ္စည်းတစ်ခုနဲ့တွဲပီး အလုပ်လုပ်နိုင်ပါတယ်။
– နေရာအနေအထားပြ App များ
ခေတ်ပေါ် ကင်မရာအများစုမှာ နေရာအနေအထားပြသနိုင်တဲ့ လုပ်ဆောင်ချက် ထပ်မံထည့်သွင်းနိုင်ပါတယ်။ ဓါတ်ပုံတွေရဲ့ အချက်အလက်တွေကို GPS အချက်အလက်တွေနဲ့ သင်ဓါတ်ပုံရိုက်လိုက်တဲ့အခါမှာ တွဲပေးလိုက်တာပါ။ တကယ်လို့ ခင်ဗျား LightRoom သုံးတယ်ဆိုရင် Maps Module ဆိုတဲ့ လုပ်ဆောင်ချက်မှာ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာကို ပြသပေးနိုင်ပါတယ်။ ဒီပစ္စည်းတွေက ဈေးမသက်သာပေမယ့် Geotag Photos Pro ဆိုတဲ့ App ကို သုံးကြည့်ပါ။
Geotag Photos Pro က သင်ရိုက်သမျှ ဓါတ်ပုံတွေကို မှတ်တမ်းတင်ပေးပြီး LightRoom မှာ အသုံးပြုနိုင်တဲ့ GPX ဖိုင်အဖြစ်ပြောင်းပေးနိုင်ပါတယ်။ LightRoom က သင့်ရဲ့ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာတွေကို သင့်ကင်မရာနဲ့ ဖုန်းရဲ့ နာရီတွေကို ချိတ်ဆက်ထားသ၍ ဖော်ပြပေးနိုင်တာပေါ့။
– သင့်ကင်မရာကို ထိန်းချုပ်ရိုက်ကူးနိုင်တဲ့ App များ
တကယ်တော့ ခင်ဗျား ရဲ့ စမတ်ဖုန်းက သင့်ကင်မရာထက် တွက်ချက်ရာမှာ တော်တော်လေး ပိုပြီးမြန်ဆန်ပါတယ်။ TriggerTrap လိုမျိုး ကျွန်တော်တို့ အကြိုက်ဆုံး App တစ်ခုကို သုံးရင်တော့ ကင်မရာကို ဒါမျိုးတွေ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ TriggerTrap က သင့်ရဲ့ ကင်မရာအတွက် ပိုပြီးများပြားတဲ့ လုပ်ဆောင်ချက်တွေ ဥပမာ Time lapse လိုမျိုး၊ Long Exposure လိုမျိုး ကို ဈေးကြီးတဲ့ ဂီယာတွေအစားထိုး အသုံးပြုပြီး ထောက်ပံ့ပေးနိုင်ပါတယ်။
TriggerTrap က သင့်ကင်မရာကို App လေးသုံးရုံနဲ့ အလုံးစုံ ထိန်းချုပ်နိုင်ပါတယ်။ ကင်မရာရဲ့ trigger ကို နှိပ်တာကနေ ပုံထောင်ပေါင်းများစွာ ရိုက်ကူးတာ၊ အလင်းအမှောင်ပေါ်မူတည်ပြီး exposure ကို ချိန်ညှိတာတွေကို လုပ်ဆောင်နိုင်မှာပါ။
– သဘောတူစာချုပ် ချုပ်ဆိုနိုင်သော App များ
ဖောက်သည်တွေ ကိုယ်ဟန်ပြမယ်တွေနဲ့ အလုပ်လုပ်ရင်တော့ တရားဝင် စာရွက်စာတမ်းတွေ (စာချုပ်တွေ၊ သဘောတူညီချက်တွေ) ကို ခင်ဗျား ပေးရမှာပါ။ ဒီစာရွက်စာတမ်းတွေဟာ ပုံသေရေးထားတဲ့ စာရွက်အကြီးစားတွေဖြစ်ပြီး ဖောက်သည် နာမည်နဲ့ ရက်စွဲလောက်သာ ကွဲပြားပါတယ်။ ဒီလိုစာရွက်ကြီးတွေကို သိမ်းဆည်းထားရတာ ပြဿနာ တစ်ခုပါ။ အထူးသဖြင့် outdoor မှာရိုက်ရင် မိုးဒဏ် လေဒဏ်ကြောင့် အလွယ်တကူ ပျက်စီးနိုင်ပါတယ်။ Easy Release လိုမျိုး App တွေသုံးပြီး တရားဝင် စာချုပ်စာတမ်းတွေ ဖန်တီးခြင်း၊ သင့်ဖုန်းပေါ်မှာပဲ စာချုပ် လက်မှတ်ထိုးခိုင်းပြီးတော့ လက်မှတ်ထိုးထားတဲ့ file ကို pdf ဖိုင်ပြောင်းပြီး သင့်ဆီကို email ပို့နိုင်ပါတယ်။
– အသံသွင်းနိုင်တဲ့ Apps များ
DSLR ကိုသုံးပြီး အင်တာဗျူး ဗီဒီယိုတစ်ခုလုပ်ကြမယ်ဆိုပါစို့၊ အသံကောင်းမွန်စွာ ဖမ်းယူရှိနိုင်ဖို့ဆိုတာဟာ အလိုအပ်ဆုံးအရာ တစ်ခုပါပဲ။ ဒီဆောင်းပါးထဲမှာ ပါတဲ့ App အများစုက သင့်စမတ်ဖုန်းကို ဈေးကြီးတဲ့ ဂီယာတွေအစား အသုံးပြုနိုင်အောင် ပြုလုပ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီနေရာတော့ RODE SmartLav မိုက်ခရိုဖုန်းလိုမျိုး အသုံးပြုမယ်ဆိုရင် အသံကောင်းစွာဖမ်းယူနိုင်တဲ့ RODE Rec နဲ့ RecForge II တို့က သင့်ရဲ့ အသံဖမ်းယူမှုကို အထောက်အကူပြုနိုင်ပါတယ်။ လုပ်ဆောင်ရတာ ရိုးရှင်းပါတယ်၊ သင်ရဲ့ ဗီဒီယိုကို တည်းဖြတ်တဲ့အချိန်ကျရင် အသံဖိုင်ကို အရုပ်ဖိုင်နဲ့ တွဲပေးလိုက်ရုံပါပဲ။
– နိဂုံးချုပ်
ကျွန်တော် ဒီဆောင်းပါးမှာ ဓါတ်ပုံဆရာတွေ နေ့စဉ်လိုလို ဓါတ်ပုံရိုက်ရာမှာ အသုံးဝင်နိုင်တဲ့ App တွေအကြောင်းပြောခဲ့ပြီးပါပြီ။ ခင်ဗျားရဲ့ စမတ်ဖုန်းကိုအသုံးပြုပြီး မော်ဒယ် သဘောတူစာချုပ်တွေပြုလုပ်နိုင်တာ၊ GPS အချက်အလက်တွေ ကို သင့်ပုံတွေထဲမှာ ထည့်သွင်းတာ၊ ကင်မရာကို ထိန်းချုပ်အသုံးပြုတာ နဲ့ လာမည့်နာရီအနည်းငယ်အတွင်းမှာ သင်မိုးရေစိုမစိုကို တွက်ချက်တာမျိုး လုပ်ဆောင်လာနိုင်ပါပြီ။
ဒီစာရင်းထဲမှာ မပါတဲ့ app တွေသင်သိခဲ့ရင်၊ သို့မဟုတ် ပိုကောင်းတာတွေများ ရှိခဲ့ရင် အောက်မှာ မှတ်ချက်ပေးခဲ့ပါ။ ကျွန်တော်တို့ ပြန်ဆက်သွယ်ပါမယ်။
ကိုးကား။ ။ Harry Guniess ရဲ့ 15 Essential Apps for Every Photographer’s Smartphone ကို ဘာသာပြန်ပါသည်။
No comments:
Post a Comment