Case တစ်ခုကိုရွေးချယ်ရာတွင်လေဝင်လေ
ထွက်နဲ့ကိုယ့်သုံးပြုမဲ့ပစ္စည်းတွေကိုသိမ်းထားနိုင်မယ့်နေ
ရာတွေကိုကြည့်ပြီးဝယ်ရမှာဖြစ်ပါတယ် Case တွေကို system Unit
လို့လည်းခေါ်ကြပါတယ် Case တွေမှာ အကြမ်းအားဖြင့် Mini Case နှင့် Tower Case
ဆိုပြီးနှစ်မျိုးရှိပါတယ် Mini Case တွေကတော့
လဲပြီးရောထောင်ပြီးရောနှစ်မျိုးလုံးအသုံးပြုနိုင်ပါတယ်
လဲပြီးအသုံးပြုတဲ့အခါကျရင် Case ပေါ်မှာ Monitor
ကိုတင်ပြီးအသုံးပြုနိုင်ပါတယ် CD Drive တွေကတော့
အလွန်ဆုံးတစ်လုံးဘဲ့ထည့်လို့ရပါတယ်
Tower Case တွေကိုတော့အမျိုးအစားအမျိုးမျိုးရှိပြီး
အသုံးပြုမဲ့အပေါ်မူတည်ပါတယ် Tower Case တွေကတော့ထောင်လို့ဘဲ့ရပါတယ် အဲဒီ
Tower Case တွေကတော့ Mini Tower ၊ Medium Tower ၊ Full Tower
ဆိုပြီးဖြစ်ပါတယ် Mini Tower တွေကတော့ CD Drive
Drive တွေကိုအလွန်ဆုံးနှစ်လုံးဘဲ့ထည့်လို့ရပါတယ် Medium Tower တွေကတော့ CD
Drive တွေကိုအလွန်ဆုံးခြောက်လုံးကနေတစ်ဒါဇင်လောက်ထိထည့်လို့ရပါတယ်
တစ်ချို့ Case တွေဟာ Cooler Master Case တွေရှိသလိုအထဲမှာ အအေးငွေ့ပါတဲ့
အမျိုးအစားတွေလည်းရှိပါတယ် Cooler Master Case
တွေကတော့လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားပြီး အအေးငွေ့ပါတဲ့ Case တွေကတော့
Case တစ်ခုလုံးကိုအမြဲတမ်းအေးနေအောင်လုပ်ထားတာပါ ဈေးနှုန်းတွေကတော့
သတ္တုသားဘယ်လောက်ကောင်းလည်း Case ပန်ကာဘယ်နှစ်လုံးပါလည်း Case အမျိုးအစားနဲ့
အအေးငွေ့ပါတဲ့အမျိုးအစားတွေပေါ်မူတည်ပြီးဈေးကွာပါတယ်အဲလောက်ဆိုရင်တော့
Case အကြောင်းတွေကိုနားလည်လိမ့်ပြီလို့ထင်ပါတယ်
( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါသည် )
Downlo
No comments:
Post a Comment