Torrent သမားများ Torrent သမားများအနေနဲ့ . မြန်မာ၊ ထိုင်း စတဲ့နိုင်ငံတွေကနေ
သုံးတဲ့သူများက သိပ်ပြသနာမရှိပေမယ့် . တစ်ခြားနိုင်ငံကနေ
သုံးနေတဲ့သူများအနေနဲ့ကတော့ VPN တစ်ခုခုကို အသုံးပြုပြီးတော့ မိမိရဲ့ ip
ကို ဖျောက်ပြီးမှ သုံးကြစေချင်ပါတယ်။ အမေရိကားနဲ့ တစ်ခြား
ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ အင်တာနက် သုံးနေတဲ့ ညီ/အစ်ကိုများ အနေနဲ့
တိုက်ရိုက် Download/Upload မလုပ်ကြပါနဲ့ . ကျနော် သုံးနေတဲ့ Free VPN
ကတော့ Trust.Zone ဖြစ်ပါတယ်။ အခု လတ်တလော သုံးလို့ရနေတဲ့ ဆိုက်တွေကို
အစဉ်လိုက်တိုင်း ရေးပေးလိုက်ပါတယ်။ အဲ့ထဲမှာ အကောင်းဆုံးကတော့ Thepiratebay.org
ပဲဖြစ်ပါတယ်။ လတ်တလော ဆိုက် Down သွားပေမယ်လို့ မကြာခင်မှာ Kickass
website ကို Domain name အသစ်တစ်ခုနဲ့ အသက်ပြန်ဝင်လာမယ်လို့တော့ အားလုံးက
ပြောနေကြပါတယ်။ စောင့်ကြည့်ကြရတော့မှာပေါ့။ လတ်တလော Kickass နာမည်နဲ့
ဆိုက်တွေအားလုံးနီးပါးက Fake တွေများပါတယ်တဲ့။ kickass ဆိုက်ပိုင်ရှင်ကနေ
သူ့တရားဝင် ဆိုက်တွေ မဟုတ်ဘူးလို့ ငြင်းထားတယ်လို့ သိရပါတယ်။ အဲ့တော့
ဆိုက်အသစ် မလာသေးခင်မှာ Fake ဆိုက်တွေဖြစ်တဲ့ Kickass
နာမည်တွေနဲ့ဆိုက်တွေသည် လိမ်ထားတဲ့ဆိုက်တွေဖြစ်လို့ Register
လုပ်ခိုင်းတဲ့အခါ ဘဏ်အကောင့်တွေ တောင်းခဲ့ရင် မိမိရဲ့ ဘဏ်ကတ်နံပါတ်တွေနဲ့
လျှို့ဝှက်ကုတ်တွေကို သွားမထည့်မိကြဖို့ သတိပေးလိုပါတယ်။
No comments:
Post a Comment