oo

  • iiii

Tuesday, June 14, 2016

အင်တာနက်ကွန်နက်ရှင်မရှိဘဲ NET Framework 3.5 အင်စတောလုပ်ခြင်း)

Install .NET Framework 3.5 in Window 8 offline (Window 8 မှာ အင်တာနက်ကွန်နက်ရှင်မရှိဘဲ NET Framework 3.5 အင်စတောလုပ်ခြင်း)

6:12 PM - By Saw Linux 0

Window 8 မှာ အင်တာနက်ကွန်နက်ရှင်မရှိဘဲ NET Framework 3.5 အင်စတောလုပ်နည်းလေးပါ။ ကျ
နော့်ကိုမေးမေးနေကြတယ်။ NET Framework 3.5 ဟာ internet connection ရှိတဲ့နေရာမှာအဆင်ပြေ
ပေမယ့် internet connection မရှိတဲ့နေရာမှာ ဘယ်လိုအင်စတောလုပ်ရမလဲ။

internet connection ရှိတဲ့နေရာမှာ NET Framework 3.5 အင်စတော့ အပ်ဒိတ်လုပ်နည်းတွေကို ပြီးခဲ့ပို့
စ်တစ်ခုမှာ ကျနော်ရေးခဲ့ပါပြီး လိုအပ်ရင်လိုက်ရှာကြည့်ပါ။ Window 8 မှာ ဒီ NET Framework 3.5 မပါ
သည့်အတွက်ကြောင့် ၀င်းဒိုးတင်ပြီးတဲ့အခါ ဒါကိုမလုပ်ထားရင် ဆော့ဝဲပရိုဂရမ်တွေကို ထည့်သွင်းလို့အ
ဆင်မပြေပါဘူး။ Window 8 မှာ အဓိကပြဿနာကဒါပါပဲ။

ကဲ...ဒါဆိုတော့ internet connection မရှိတဲ့နေရာမှာ NET Framework 3.5 အင်စတောထည့်သွင်းနည်း
ကိုလေ့လာရအောင်...
ကျနော်တို့ရှိထားရမှာက မိမိတင်ထားတဲ့ Window 8 disk DVD ခွေတစ်ခွေရှိရပါမယ်။ iso image file နဲ့
mount လုပ်ပြီးအင်စတောနည်းကိုတော့ ကျနော်မပြတော့ပါဘူး။ ရှုပ်သွားမှာစိုးလို့။

၁။ Window 8 disk DVD ကို DVD Drive မှာထည့်လိုက်ပါ။
၂။ command prompt ကို As Administrator နဲ့ဖွင့်လိုက်ပါ။ အောက်ပါ command များကိုရိုက်ထည့်ပါ။
ပြီးတော့ Enter ။ ခဏစောင့်လိုက်ရင် ပြီးတဲ့အခါ ကွန်ပျူတာကို Restart

dism /online /enable-feature /featurename:NetFx3 /All /Source:F:\Sources\sxs /LimitAccess

 F: ဆိုတဲ့နေရာမှာ မိမိ dvd Drive ရဲ့ letter ကိုရွေးပါ။

အထက်ပါ command line များကိုရိုက်ထည့်ရတာအဆင်မပြေဘူးဆိုရင် bat ဖိုင်နဲ့လုပ်တဲ့နည်းကိုဆက်
လေ့လာရအောင်...
၁။ notepad ကိုဖွင့်လိုက်ပါ။ အထက်ပါ command line များကိုကော်ပီယူပြီး notepad မှာ paste လုပ်ပါ။
၂။ F: ဆိုတဲ့နေရာမှာ မိမိ dvd Drive ရဲ့ letter ကိုရွေးပြီးပြင်ပါ။
၃။ နောက်ပြီး notepad menu က file>Save As ကိုနှိပ်ပြီး သိမ်းမည့်နေရာ ၊ သိမ်းမည့်အမည်မှာ .bat
ဥပမာ (netframe 3.5.bat) လို့ပေးပြီး အောက်ကွက်က Save As Type တွင် All File ကိုရွေးပြီး Save
လုပ်လိုက်ပါ။
၎။ အဲဒီ .bat ဖိုင်ကို Right Click ကိုထောက်ပြီး “Run as Administrator” နဲ့ Run လိုက်ပါ။

အဲဒါဆို command prompt ကိုဘောက်စ်ပေါ်လာပြီး  NET Framework 3.5 အင်စတောလုပ်တာတွေ့
ရမှာဖြစ်ပါတယ်။
 
မိနစ်အနည်းကြာလျှင် NET Framework 3.5 အင်စတောလုပ်တာပြီးသွားမှာဖြစ်ပါတယ်။ ပြီးလျှင် ကွန်ပျူတာ ကို Restart

ref : http://techygiene.com/easiest-way-to-install-net-framework-3-5-in-window-8-offline/

အဆင်ပြေကြပါစေ...
 စောလင်းနက်စ်
Tags:

No comments:

Post a Comment