oo

  • iiii

Tuesday, October 25, 2016

Ko Ko Nay
13 hrs ·
✦ Samsung FRP Lock ✦✦
ဒီနေ့ J7 (2016) SM J710FN Version 6.0.1 တလုံးကို FRP Lock ဖြည်ပေးရင်း အဆင်ပြေတာနဲ့ အခြားလုပ်မတတ်သူများ လေ့လာရလေအောင် တင်ပေးလိုက်ပါတယ်၊ အရင် FRP Lock ကျော်နည်းတွေက Samsung 2016 အလုံးတွေမှာ အဆင်မပြေတော့ပါဘူး။FRP Lock ထိရင် အရင် Sigin သုံးတဲ့ Google အကောက်ကို မမှတ်မိတာတို့ Google Account ရဲ့ Password မမှတ်မိတာတို့ဆို အရမ်းစိတ်ညစ်ရပါတယ်၊ Firmware ပြန်တင်ဖို့တောင် အဆင်မပြေပါဘူး။
ထိုင်းကဖုန်းပြင်ဆိုင်တွေဆို ဒီ FRP Lock ဖြည်နည်းကိုဘဲ ဘတ် ၄၀၀ တောင်းကြပါတယ်၊ ဒါကြောင့် လေ့လာသင့်တဲ့ သိထားသင့်တဲ့ သိမ်းထားသင့်တဲ့ နည်းပညာတမျိုးဆို မမှားပါဘူး။ FRP Lock ဆိုတာက ပြောရမယ်ဆို Samsung ရဲ့ လုံခြုံရေးတမျိုးပေါ့၊ ဥပမာ ဖုန်းကိုသခိုးကခိုးသွားရင် သုံးမရအောင် ပြုလုပ်ထားတာပါ၊ Lollipop Version တွေတုန်းကတော့ PIN Lock တို့ Password Lock တို့မမှတ်မိရင် Recovery Mode ဝင်ပြီး Formet reset ချပေးလိုက်ယုံနဲ့ အသစ်အတိုင်း ပြန်သုံးရကြပါတယ် ပြောရမယ်ဆို မလုံခြုံဘူးပေါ့ဗျာ၊ သခိုးခိုးသွားလည်း Formet reset ချပြီး ပြန်သုံးလို့ရတာပေါ့။ ခု FRP Lock လုံခြုံရေးက အဲ့လိုရန်ကို ကာကွယ်ထားတာပါ၊ Recovery Mode ဝင်ပြီး Formet reset ချလည်း Power ပြန်တတ်လာရင် အပုံထဲကလို အရင်ကဖုန်းမှာ Sigin သုံးတဲ့ Google Account ကို ထည့်ခိုင်းပါလိမ့်မယ်၊ မမှတ်မိလို့ မသိလို့ဆိုရင်တော့ ရှေ့ဆက်မရတော့ပါဘူး။
ဒီလို FRP Lock မထိအောင်လို့ ကာကွယ်ထားချင်ရင်တော့ ဖုန်းရဲ့ Setting ထဲက Developer Options အကွက်ကိုနှိပ့်ပြီး OEM Unlock အကွက်ကို ဖွင့်ထားပေးလိုက်ပါ၊ Setting ထဲမှာ Developer Options အကွက်ကိုမတွေ့လျှင် About Device ထဲက Build number (2016 အလုံးဆို Software info ကိုနှိပ့်ပါ) ကို ၆ ချက် ၇ ချက်လောက် ဆက်တိုက်နှိပ့်ပေးပါ၊ OEM Lock ကိုဖွင့်ပေးထားရင် ဖုန်းကို Formet reset ချပြီးလို့ Power ပြန်တတ်လာရင် FRP Lock မထိတော့ပါဘူး ဒါပေမဲ့ မလုံခြုံဘူးပေါ့ဗျာ။ FRP Lock ဖြည်နည်း စာအုပ်ပိုင်ရှင်ကို Credit ပေးပါတယ်၊ ကျွန်တော်က လိုအပ်တဲ့ဖိုင်တွေကို တင်ပေးယုံပါဘဲ လမ်းညွန်ပေးတာပါ။ ခုနည်းနဲ့ FRP Lock ဖြည်နည်းကတော့ ကွန်ပြူတာလိုပါမယ်၊ FRP Lock ဖြည်ဖို့အတွက် လိုအပ်တဲ့ ကွန်ပြူတာဆော့ဝဲလ်နဲ့ လိုအပ်တဲ့ Apk တွေကို အောက်မှာ Download ရယူနိုင်ပါတယ်။
FRP Lock ဖြည်နည်း PDF စာအုပ် (754KB)
Download >> https://1drv.ms/b/s!AvfslDe1Fw7_gX7LaVaMiGL-sANk
ကွန်ပြူတာဆော့ဝဲလ် Realterm Zip (1MB)
Download >> https://1drv.ms/u/s!AvfslDe1Fw7_gXzq1pbzFXT-T_ga
လိုအပ်တဲ့ Quick Shortcut Maker Apk (2MB)
Download >> https://1drv.ms/u/s!AvfslDe1Fw7_gX2PxqTfUzwO7IGx
ဒါက Google Account Manager Apk ပါ၊ နောက်ဆုံးအဆင့် Google Account Manager ထဲမှာ Type Email and Password အကွက်မပြရင် ခုပေးတဲ့ Google Account Manager Apk ကို Inatall ပေးလိုက်ပါ၊ Type Email and Password အကွက်ပေါ်လာပါမယ်။ (တချို့ 2016 အလုံးတွေမှာ Email and Password အကွက်မပြလို့ပါ)
Download >> https://1drv.ms/u/s!AvfslDe1Fw7_gXu853mQ8KJGSl0H

No comments:

Post a Comment