oo

  • iiii

Wednesday, November 9, 2016

IPhone Lock & Unlock အလွယ်တကူခွဲနည်း
❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉
iPhone တစ်လုံးကို ၀ယ်တော့မယ်ဆိုရင် သင်ဝယ်မဲ့ဖုန်းဟာ ဘယ်လိုဖုန်းလဲဆိုတာ သိသင့်ပါတယ်။
ပထမဆုံး သိသင့်တာကတော့ lock phone လား unlock ဖုန်းလားဆိုတာပါပဲ lock phone တွေဟာ unlock ဖုန်းတွေထက်ဈေးနှုန်း ထက်ဝက်နီးပါး သက်သာလေ့ရှိပါတယ်။ အရည်အသွေးကတော့ ကျမသွားပါဘူး lock ဖုန်းတွေရဲ့  အားနည်းချက်က lock phone ထုတ်တဲ့ကုမ္မဏီနဲ့ စာချုပ် ချုပ်ထားတဲ့ sim card ကလွဲပြီး တခြား sim card သုံးမရတာပဲ ဒီတော့ တန်ဖိုးနည်းတဲ့ lock phone တွေဝယ်ပြီး တခြား sim card နဲ့ သုံးလို့ရအောင် unlock sim နဲ့ဖြစ်စေ software unlock နဲ့ဖြစ်စေ unlock ဖုန်းဖြစ်အောင်လုပ်ထားတဲ့ဖုန်းတွေလည်းရှိပါတယ်
အဲလို lock phone တွေကို reset ချတဲ့အခါ unlock လုပ်ထားတာပျက်သွားပြီး
lock phone ပြန်ဖြစ်သွားပါတယ်။ဒါကြောင့် သင်ဝယ်တုန်းက lock phoneကို unlock လုပ်ထားတဲ့ဖုန်းဖြစ်နေမယ်ဆိုရင်သင် reset ချမိသည်နှင့် sim card သုံးမရသည့်ပြသနာနဲ့ကြုံတွေ့နိုင်ပါတယ်။
lock phone လား unlock phone လားဘယ်လိုသိမှာလဲ ဒါကတော်ရုံနဲ့ကြည့်လို့ မသိနိုင်ဘူး ဒါကြောင့် iPhone တစ်လုံးရဲ့ အရည်အသွေးအစစ်မှန်ကို စစ်နိုင်ဘို့ Apple က၀န်ဆောင်မှုပေးထားပါတယ်။
အရင်ဆုံး သင်ဝယ်ယူမဲ့ဖုန်းရဲ့  IMEI ကိုသိရပါမယ်။
Setting->General->About->IMEI မှာကြည့်ပါ
နံပါတ် ၁၅ လုံးတွေ့ပါမယ် အဲဒါကိုမှတ်ထားလိုက်ပါ။
ပြီးလျှင် အောက်က link ကိုသွားပါ...
http://iphoneimei.info/
ပေါ်လာတဲ့ iPhone IMEI ကအကွက်မှာသင့်ဖုန်း၏ IMEI နံပါတ် ၁၅ လုံးကိုဖြည့်ပေးပြီး Enter နှိပ်ပါ မြှားကိုနှိပ်ပေးလည်းရပါတယ်။
နှိပ်ပြီးပါက နမူနာပြထားတဲ့ ပုံထဲကလို သင့်ဖုန်းရဲ့ အချက်အလက် အပြည့်အစုံကိုမြင်တွေ့နိုင်ပါပြီ

Ref_ iOS Banker Myanmar

No comments:

Post a Comment