oo

  • iiii

Thursday, December 8, 2016

Firefox ကိုဖွင့်လိုက်တိုင်း Mozilla Crash Reporter ဘောက်ပဲတက်နေလျှင်



Firefox ကိုဖွင့်လိုက်တိုင်း ပုံမှာပြထားသလို Mozilla Crash Reporter ဘောက်ပဲတက်နေလျှင် ဖြစ်နိုင်တာတွေအများကြီးပါ..
browser မှာ သွင်းထားတဲ့ Add-on တွေ Pluginတွေကြောင့်ဖြစ်နိုင်သလို အခြား tool တစ်ခုခုကိုတင်လိုက်လို့လည်း ဖြစ်နိုင်ပါသေးတယ်
ခုကျွန်တော်ပြောတဲ့အခြေအနေကတော့ Firefox ကိုဖွင့်လိုက်လျှင်... အဲဒီreport အယ်ရာပဲပြနေပြီး browser ကပွင့်မလာတာပါ...။firefox safemodeဖြစ်တဲ့ Shiftခံပြီး run ရင်လည်းရမလာပါဘူး...။ ဒါနဲ့ window safemode ကိုဝင်ပြီး firefox ကိုဖွင့်တဲ့အခါ.. ပွင့်လာပါတယ်။အဲဒီတော့ safemodeမှာပဲ Addon တွေအားလုံး pluginတွေအားလုံး ကိုDisable ချပြီး window ပြန်run ကြည့်ပါတယ်..တက်မလာသေးပါဘူး..တခြားChrome တို့ Maxthonတို့က runပါတယ် Firefox တစ်ခုပဲမရတာဖြစ်ပါတယ်။ ဒါနဲ့ Firefox ကို uninstall လုပ်..သေချာအောင် cache တွေပါရှင်းပြီး restart တစ်ချက်ပြန်ချ firefox update ဆွဲပြီး ပြန်တင် ပြန် run မရဘူးဖြစ်ပြန်ပါတယ်... safemode မှာ တက်ပြီး ပုံမှန်ဝင်းဒိုးမှာမကတ်တာဆိုတော့ virus တစ်ခုခုကြောင့်ဖြစ်နိုင်တယ်လို့ထင်မိပါတယ်...ဒါပေမယ့်ကျွန်တော်စက်မှာ Avira လိုင်စင်ဗားရှင်းတစ်ခုရှိတယ်..သူက မသိတာလားတော့မသိဘူး..
ဒါနဲ့ firefox ရဲ့ ပင်မ location ရှိရာ program file ထဲက ဖိုဒါနဲ့ AppData ထဲတွေဝင်ကြည့်တော့ ပုံမှန်မဟုတ်တဲ့ name တွေ့ပါတယ်.....ဒါပေမယ့် ကိုယ်တိုင်မရှင်းတတ်ဘူးလေ..ဒီတော့ Tool ရှာရတာပေါ့ဗျာ...(ငှဲ)..
ဒါနဲ့ အောက်ကလင့်ကပေးထားတဲ့ Tool လေးကိုတွေ့ရော့..မယုံချင်ယုံချင်နဲက run လိုက်တာ အဆင်ပြေသွားတယ်ဗျ..malware ဖြစ်မယ်ထင်တယ် သူ့ရှင်းပြီးရင် Log ဖိုင်ထုတ်ပေးတယ် အဲမှာ ဘာတွေကြောင့်ဆိုတာကြည့်နိုင်တယ်...။
ဒါက ဘာမှမဟုတ်ပေမယ့်..မသိရင် အင်း မသိသလိုပေါ့လေ..
Adware.exe ဆိုတာလေးကို အောက်မှာဒေါင်းလိုက်ပါမိတ်ဆွေ!!!


DOWNLOAD HERE


No comments:

Post a Comment