oo

  • iiii

Thursday, August 17, 2017

ဒီနေ့တွေ့တာလေး . . .
အိုင်တီလမ်းညွှန်
လိုဂိုဒီဇိုင်းပညာကို စပြီးလေ့လာနေပြီလား . . ဒီပိုစ့်လေးကို ဖတ်ကြည့်ပေးနော် . .👍 👍👍👍
---------------------------------------------------------------------------------
လိုဂိုဒီဇိုင်းပညာဟာဆိုရင် ဒီဇိုင်းပညာရပ်အားလုံးထဲမှာ လူစိတ်ဝင်စားမှုကို အများဆုံးရှိတဲ့ပညာရပ်တစ်ခုပါ။ ကောင်းမွန်တဲ့ လိုဂို ဒီဇိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် ကိုယ်ပိုင်စိတ်ကူးအပြင် ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့လမ်းညွှန်မှုတွေကိုလည်း လိုအပ်ပါတယ်။ ဒါကြောင့် လိုဂိုဒီဇိုင်းတစ်ခုကို ရေးဆွဲတော့မယ်ဆိုရင် ဘယ်လိုကောင်းမွန်အောင် ရေးဆွဲရမလဲဆိုတာကို ကျွန်တော်တို့ MWD မှ အကြံပြုချက်လေးအချို့ဖြင့် ကူညီပေးပါရစေ။
|
၁) ပုံစံအကြမ်းတည်ဆောက်ခြင်း
လိုဂိုဒီဇိုင်းတစ်ခု စပြီးရေးဆွဲတော့မယ်ဆိုရင် အဲဒီ့လိုဂိုဒီဇိုင်းအတွက် လိုအပ်တဲ့ အရာဝတ္ထုတွေကို စတင်စုဆောင်းရပါတယ်။ (ဥပမာ - icon , ဆွဲမယ့်လိုဂိုဒီဇိုင်းပုံစံ စသည်ဖြင့်)။ အဲဒါတွေအားလုံးကို စုဆောင်းပြီးပြီဆိုရင် ကိုယ်ဆွဲချင်တဲ့ လိုဂိုဒီဇိုင်းအတွက် ပုံစံအကြမ်းတစ်ခု အရင်တည်ဆောက်လိုက်ပါ။
|
၂) ဒီဇိုင်းအရွယ်အစား ချိန်ညှိခြင်း
ပုံစံ အကြမ်းရေးဆွဲပြီးပြီးဆိုရင် လိုဂိုကို ကြည်လင်ပြတ်သားအောင် အရွယ်အစားကို ချိန်ညှိပေးရပါတယ်။ ဒီနေရာမှာ ချိန်ညှိမှု လွဲမှားသွားခဲ့ရင် ကြည်လင်ပြတ်သားတဲ့ လိုဂိုဒီဇိုင်းကို မရှိနိုင်ပါဘူး။
|
၃) ကိုက်ညီမည့် Software ကိုအသုံးပြုခြင်း
ကောင်းမွန်တဲ့ လိုဂိုတစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် အဲဒီ့လိုဂိုကို ရေးဆွဲဖန်တီးလို့ရမယ့် Software တွေကို ရွေးချယ်အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ (Photoshop , Illustrator စသည်ဖြင့်ပေါ့)။ အခြား Free Tools တွေဖြစ်တဲ့ Inkscape နှင့် Vectr တို့ကို သုံးစွဲလို့လည်း ရပါတယ်။
|
၎) ဓာတ်ပုံတွေ မသုံးပါနဲ့
လိုဂိုဒီဇိုင်းကို ရေးဆွဲတဲ့နေရာမှာ ဓာတ်ပုံကို ထည့်သွင်းအသုံးမပြုသင့်ပါ။ ဓာတ်ပုံကိုသုံးပြီး ရေးဆွဲခဲ့မယ်ဆိုရင် အရည်အသွေး ကောင်းမွန်တဲ့ လိုဂိုဒီဇိုင်းကို မရနိုင်ပါဘူး။
|
၅) အရောင်သဘောသဘာဝကို နားလည်ခြင်း
လိုဂိုဒီဇိုင်းနာတစ်ယောက်ဟာ ကိုယ်သုံးစွဲမယ့် အရောင်တစ်ခုချင်းစီကို သူ့နေရာနဲ့သူ လိုက်လျောညီထွေအောင် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ RYB အရောင်ပုံစံမှာဆိုရင် အနီ၊ အ၀ါနဲ့ အပြာကို ပထမအရောင်အဖြစ်သတ်မှတ်ထားပြီး အစိမ်း၊ လိမ္မော် နဲ့ ခရမ်းရောင်ကိုတော့ ဒုတိယအရောင်အဖြစ် သတ်မှတ်ထားပါတယ်။ အခြားအရောင်ကွဲ ခြောက်မျိုးကိုတော့ ပထမနဲ့ဒုတိယ အရောင်တို့နဲ့ ရောစပ်အသုံးပြုပါတယ်။ အရောင်သုံးစွဲခြင်းနဲ့ပတ်သက်ပြီး နည်းလမ်း (၃) မျိုးရှိပါတယ်။ အဲဒါတွေက -
- လိုက်ဖက်ညီတဲ့ အရောင်နှစ်မျိုးကို တွဲဖက်သုံးစွဲခြင်း
- ဆင်တူအရောင် (သို့) တူညီသည့် အရောင်ကိုအသုံးပြုခြင်း
- အရောင်သုံးမျိုးကို ရောစပ်သုံးစွဲခြင်း တို့ပဲဖြစ်ပါတယ်။
|
လိုက်ဖက်ညီတဲ့ အရောင်နှစ်မျိုးကို တွဲဖက်သုံးစွဲခြင်း။ ။ လိုဂိုဒီဇိုင်းတစ်ခု ရေးဆွဲပြီဆိုရင် လိုက်ဖက်ညီတဲ့ အရောင်နှစ်မျိုး ကို တွဲဖက်ပြီး ရွေးချယ်ရေးဆွဲလို့ရပါတယ်။ (ဥပမာ - အနီနှင့် အစိမ်း၊ အပြာနှင့် လိမ္မော်) စသည်ဖြင့်။ ဒီလိုမျိုးရေးဆွဲတာက စာသားနဲ့ပုံဖော်တဲ့ လိုဂိုတွေအတွက် ပြဿနာအနည်းငယ် ရှိပေမယ့် လိုဂိုအများစုအတွက်တော့ ကောင်းမွန်ပါတယ်။
-
ဆင်တူအရောင်များကိုအသုံးပြုခြင်း။ ။ အချို့လိုဂိုတွေကို မူလအသုံးပြုမယ့် အရောင်နဲ့ဆင်တူသည့် အခြားအရောင်တစ် မျိုးမျိုးနဲ့ တွဲဖက်ရေးဆွဲကြပါတယ်။(ဥပမာ အနီနှင့် လိမ္မော်ရင့်ရင့်အရောင် (သို့) အနီနှင့် လိမ္မော်ဖျော့ဖျော့ အရောင်)။ ဆင်တူတဲ့ အရောင်နှစ်ခုကို သုံးထားတာဖြစ်တဲ့အတွက် အရောင်ကွဲပြားသွားအောင် သေချာချိန်ညှိထားဖို့ တော့လိုပါတယ်။
-
အရောင်သုံးမျိုးကို ရောစပ်သုံးစွဲခြင်း။ ။ အရောင်သုံးမျိုးကို ပေါင်းစပ်ပြီး ရေးဆွဲထားတဲ့ လိုဂိုတွေကို နောက်နာမည်တစ်မျိုး အနေနဲ့ သုံးမျိုးစပ်အရောင်နှင့်ဒီဇိုင်းရေးဆွဲခြင်း လို့လည်းခေါ်ပါတယ်။ (ဥပမာ - ခရမ်း၊ အစိမ်း၊ လိမ္မော်တို့ကို ပေါင်းစပ် ရေးဆွဲခြင်း)။ အရောင်သုံးမျိုးသုံးပြီး လိုဂိုဆွဲမယ်ဆိုရင် ပင်မအရောင်တစ်ခုထားပြီး ကျန်နှစ်ခုကို အရံအရောင်အဖြစ်ထားပြီး ဒီဇိုင်းရေးဆွဲပါ။
|
၆) အကွက်စဉ်ပုံစံဖော်ပြီး ရေးဆွဲခြင်း
ဒီဇိုင်းတစ်ခုဆွဲပြီးဆိုရင် ကိုယ်ဆွဲမယ့်ဒီဇိုင်းကို အချိုးကျကျဖြစ်အောင် စနစ်တကျ အကွက်စဉ်ဖော်ပြီး ရေးဆွဲတဲ့ အလေ့အကျင့်ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားပါ။ ဒါမှာသာ စမတ်ကျတဲ့ လိုဂိုဒီဇိုင်းကောင်း တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။
|
၇) ရိုးရှင်းတဲ့ လိုဂိုဒီဇိုင်းတစ်ခု ဖြစ်ပါစေ
လိုဂိုဒီဇိုင်းတစ်ခုကို ရေးဆွဲပြီဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ မိမိဖော်ပြချင်တဲ့ အဓိပ္ပာယ်ကို တစ်ပါတည်း ပါဝင်အောင် ရေးဆွဲနိုင်ဖို့ အဓိကပါ။ ဒါမှသာ ကိုယ့်နဲ့တွဲဖက်လုပ်ကိုင်တဲ့ ပါတနာနဲ့ ကိုယ့်ရဲ့ကာစတန်မာတွေကို ဆွဲဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးဆွဲထားတဲ့ လိုဂိုဒီဇိုင်းက ရိုးရှင်းပြီး ဆိုလိုရင်းအဓိပ္ပာယ် ပါနေဖို့လိုပါတယ်။
|
၈) နေရာအပိုတွေကို အကျိုးရှိရှိအသုံးချပါ
အချို့လိုဂိုဒီဇိုင်းတွေကို ရေးဆွဲတဲ့အခါ နေရာအပိုတွေ ကျန်ခဲ့လေ့ရှိပါတယ်။ အဲဒီ့နေရာကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုအပ်ပါ တယ်။ မဟုတ်ရင် သင့်ကို ဒုက္ခပေးနိုင်ပါတယ်။ အဲလွတ်နေတဲ့နေရာမှာ ကိုယ်ထည့်ချင်တဲ့ Hidden Message တွေကို ထည့်သွင်း အသုံးပြုလို့ရပါတယ်။
|
လိုဂိုဒီဇိုင်းတစ်ခုကို စတင်ရေးဆွဲမယ်ဆိုရင် Beginner တစ်ယောက်အတွက် ခက်ခဲပေမယ့် အခြေခံသဘောတရားတွေကို နားလည်ပြီး လေကျင့်မှုများများပြုလုပ်မယ်ဆိုရင် တဖြည်းဖြည်း ကျွမ်းကျင်လာပါလိမ့်မယ်။ လိုဂိုဒီဇိုင်းနာတစ်ဦးအတွက် အဓိက အရေးအကြီးဆုံးအချက်က ကိုယ့်ရဲ့စိတ်ကူးတွေကို အမြဲတမ်း ဒီဇိုင်းရေးဆွဲနေဖို့ နှင့် Fonts , Shapes တွေကို စနစ်တကျ နေရာချပြီး ရေးဆွဲနိုင်ဖို့ပါပဲ။

No comments:

Post a Comment