oo

  • iiii

Monday, October 23, 2017



ျမန္မာစာေရးျဖင့္ ျပဳလုပ္ထားေသာ ဓါတ္ပံု၊ PDF မ်ားမွ စာမ်ားကုိ Google docs ျဖင့္ ရယူႏုိင္ျပီ
 Internet PC & Mobile Windows by Thiha Bo Bo –
 October 23, 2017 044 141 SHARES Share (Zawgyi Verison)

Optical Character Recognition (OCR) လုိ႔ေခၚတဲ့ နည္းပညာကို အျခား ဘာသာရပ္ေတြ သံုးႏုိင္ေနခဲ့တာ ၾကာပါျပီ။ ခုေတာ့ ျမန္မာဘာသာကိုလည္း ရယူႏုိင္ျပီ ျဖစ္ပါတယ္။ OCR ဆုိတာ စာသားမ်ားကို အေသျပဳလုပ္ထားေသာ ဓါတ္ပံု၊ PDF စသည့္ ဖုိင္မ်ားမွ စာသားမ်ားကို ျပဳျပင္ေျပာင္းလဲလုိ႔ရတဲ့ စာသားအျဖင့္ ျပန္လည္ထုတ္ယူျခင္း ျဖစ္ပါတယ္။ ဒီနည္းလမ္းက ရံုးသမားေတြအတြက္ ေတာ္ေတာ္အဆင္ေျပေစမယ့္ နည္းလမ္းပဲ ျဖစ္ပါတယ္။ OCR ကေန ထြက္ရွိလာမယ့္ Font ကေတာ့ Unicode font နဲ႔ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ မိမိရဲ႕ PC မွာ Myanmar Unicode font မရွိဘူးဆုိရင္ စာေတြကို ဖတ္လုိ႔ရမွာ မဟုတ္ပါဘူး။ Myanmar Unicode font တစ္ခုခု ရွိပါက Word ေပၚကို ကူးယူျပီး Font ေျပာင္းသံုးႏုိင္ပါတယ္။ Zawgyi သံုးတဲ့ သူေတြအေနနဲ႔ကေတာ့ Unicode ကေန Zawgyi ကို ျပန္လည္ေျပာင္းလဲ အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဲလုိေျပာင္းလဲဖုိ႔အတြက္ကေတာ့ Windows application အေနနဲ႔ Ka Naung က ထုတ္လုပ္ေရးသားထားတဲ့ Offline Myanmar font converter ရွိပါတယ္။ ေအာက္က Link မွာ ေဒါင္းႏုိင္ပါတယ္။ MMFontConverter.exe Myanmar font online converter အေနနဲ႔ကေတာ့ – MM Blog Press Burglish MrDBA Blog တုိ႔မွာ သြားေရာက္ ေျပာင္းယူႏုိင္ပါတယ္။ Myanmar Unicode font မ်ားကို ရယူလုိပါက – Myanmar-Unicode-Fonts-master.zip Myanmar Unicode Fonts (စိတ္ၾကိဳက္ Font ကို Download ျပဳလုပ္ရန္) Myanmar Font Convert ျပဳလုပ္ပံု Myanmar font convert ျပဳလုပ္ေတာ့မယ္ဆုိရင္ MMFontConverter.exe ကို ဖြင့္ပါ။ သုိ႔မဟုတ္ Online Myanmar Font Converter တစ္ခုခုသုိ႔ သြားပါ။ Converter ပထမအကြက္တြင္ မိမိရဲ႕ စာသားမ်ားကို Paste ျပဳလုပ္ပါ။ စာသားမ်ားရဲ႕ မူရင္း Font ကို ေရြးခ်ယ္ပါ။ ျပီးပါက မိမိ Convert ျပဳလုပ္လုိေသာ Font ကို ေရြးခ်ယ္ျပီး Convert ကို ႏွိပ္လုိက္ပါ။ ဥပမာ – Unicode ကေန Zawgyi ကို ေျပာင္းမယ္ဆုိပါက စာသားမ်ားကို ပထမအကြက္မွာ ထည့္ျပီး ပထမအကြက္အတြက္ Font အမည္ကို Myanmar3 ေရြးခ်ယ္ပါ။ ဒုတိယအကြက္မွာ Zawgyi-One ကို ေရြးခ်ယ္ျပီး Convert ကို ႏွိပ္ေပးရမွာ ျဖစ္ပါတယ္။ Optical Character Recognition (OCR) ျပဳလုပ္နည္း ေလာေလာဆယ္မွာ စမ္းၾကည့္သေလာက္ကေတာ့ ဓါတ္ပံု နဲ႔ PDF ဖုိင္ေတြကိုသာ OCR လုပ္ႏုိင္ပါေသးတယ္။ MEU ပရိတ္သတ္ေတြအေနနဲ႔ အျခား ဖုိင္မ်ားနဲ႔လည္း လုပ္ေဆာင္လုိ႔ရပါက Comment မွ တဆင့္ ျပန္လည္မွ်ေဝေပးၾကပါလုိ႔ ေတာင္းဆုိပါရေစခင္ဗ်ာ… OCR ျပဳလုပ္နည္းကို ေအာက္မွာ ဆက္ၾကည့္ပါ။ OCR လုပ္ဖုိ႔အတြက္ Internet ရွိရပါမယ္။ Internet browser ကေန https://drive.google.com ကို ေခၚရပါမယ္။ Google အေကာင့္ျဖင့္ Login ဝင္ပါ။ မိမိလုပ္မယ့္ PDF သုိ႔မဟုတ္ ဓါတ္ပံုဖုိင္ကို Upload တင္ပါ။ Upload တင္ဖုိ႔အတြက္ New >> File upload ကေန သြားႏုိင္သလုိ Drag ဆြဲထည့္လည္း ရပါတယ္။ ORC လုပ္မယ့္ ဖုိင္ Upload တင္ျပီးပါက ၎ ဖုိင္ေပၚမွာ Right click ႏွိပ္ပါ Open with မွ Google docs ကို ေရြးခ်ယ္ပါ။ Convert လုပ္တဲ့အခ်ိန္ ခဏေစာင့္ေပးရပါလိမ့္မယ္။ ဖုိင္ရဲ႕ ပမာဏၾကီးတာ သုိ႔မဟုတ္ အင္တာနက္လုိင္းမေကာင္းတာေၾကာင့္ Convert လုပ္တဲ့အခ်ိန္မွာ မျပီးတာ ျဖစ္ႏုိင္ပါတယ္။ ေနာက္တၾကိမ္ျပန္ၾကိဳးစားပါ။ Convert ျပီးသြားပါက Browser မွာပဲ Google docs နဲ႔ Convert လုပ္ထားတဲ့ Word ဖုိင္ ပြင့္လာပါလိမ့္မယ္။ Word ဖုိင္ကို File ကေန Download as ကေန Microsoft Word (.docx), Open Document Format (.odt), Rich Text Format (.rtf), PDF Document (.pdf), Plain Text (.txt), Web page (.html, zipped), EPUB Publication (.epub) စသည့္ Format မ်ားျဖင့္ Download ရယူႏုိင္ပါတယ္။ သုိ႔မဟုတ္ စာသားမ်ားကို Copy လုပ္ျပီး မိမိလုိရာမွာ Paste ျပဳလုပ္ႏုိင္ပါတယ္။ Google docs က Unicode နဲ႔ Convert ျပဳလုပ္ေပးထားတာျဖစ္တဲ့အတြက္ Zawgyi ျဖင့္ အသံုးျပဳလုိပါက အေပၚတြင္ ေဖာ္ျပထားေသာ နည္းလမ္းမ်ားျဖင့္ အသံုးျပဳႏုိင္ပါတယ္။ ပံုေတြနဲ႔ ရွင္းစရာမလုိေလာက္ဘူးထင္တဲ့အတြက္ ပံုေတြ မထည့္ပဲ စာသားမ်ားနဲ႔သာ ေဖာ္ျပေပးလုိက္တာ ျဖစ္ပါတယ္။ အဆင္မေျပသူမ်ား Comment မွ တဆင့္ ဘယ္အဆင့္မွာ အဆင္မေျပသလဲဆုိတာ ေပးပုိ႔ႏုိင္ပါတယ္။

 (Unicode Version) Optical Character Recognition (OCR) လို့ခေါ်တဲ့ နည်းပညာကို အခြား ဘာသာရပ်တွေ သုံးနိုင်နေခဲ့တာ ကြာပါပြီ။ ခုတော့ မြန်မာဘာသာကိုလည်း ရယူနိုင်ပြီ ဖြစ်ပါတယ်။ OCR ဆိုတာ စာသားများကို အသေပြုလုပ်ထားသော ဓါတ်ပုံ၊ PDF စသည့် ဖိုင်များမှ စာသားများကို ပြုပြင်ပြောင်းလဲလို့ရတဲ့ စာသားအဖြင့် ပြန်လည်ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းက ရုံးသမားတွေအတွက် တော်တော်အဆင်ပြေစေမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ OCR ကနေ ထွက်ရှိလာမယ့် Font ကတော့ Unicode font နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ မိမိရဲ့ PC မှာ Myanmar Unicode font မရှိဘူးဆိုရင် စာတွေကို ဖတ်လို့ရမှာ မဟုတ်ပါဘူး။ Myanmar Unicode font တစ်ခုခု ရှိပါက Word ပေါ်ကို ကူးယူပြီး Font ပြောင်းသုံးနိုင်ပါတယ်။ Zawgyi သုံးတဲ့ သူတွေအနေနဲ့ကတော့ Unicode ကနေ Zawgyi ကို ပြန်လည်ပြောင်းလဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲလိုပြောင်းလဲဖို့အတွက်ကတော့ Windows application အနေနဲ့ Ka Naung က ထုတ်လုပ်ရေးသားထားတဲ့ Offline Myanmar font converter ရှိပါတယ်။ အောက်က Link မှာ ဒေါင်းနိုင်ပါတယ်။ MMFontConverter.exe Myanmar font online converter အနေနဲ့ကတော့ – MM Blog Press Burglish MrDBA Blog တို့မှာ သွားရောက် ပြောင်းယူနိုင်ပါတယ်။ Myanmar Unicode font များကို ရယူလိုပါက – Myanmar-Unicode-Fonts-master.zip Myanmar Unicode Fonts (စိတ်ကြိုက် Font ကို Download ပြုလုပ်ရန်) Myanmar Font Convert ပြုလုပ်ပုံ Myanmar font convert ပြုလုပ်တော့မယ်ဆိုရင် MMFontConverter.exe ကို ဖွင့်ပါ။ သို့မဟုတ် Online Myanmar Font Converter တစ်ခုခုသို့ သွားပါ။ Converter ပထမအကွက်တွင် မိမိရဲ့ စာသားများကို Paste ပြုလုပ်ပါ။ စာသားများရဲ့ မူရင်း Font ကို ရွေးချယ်ပါ။ ပြီးပါက မိမိ Convert ပြုလုပ်လိုသော Font ကို ရွေးချယ်ပြီး Convert ကို နှိပ်လိုက်ပါ။ ဥပမာ – Unicode ကနေ Zawgyi ကို ပြောင်းမယ်ဆိုပါက စာသားများကို ပထမအကွက်မှာ ထည့်ပြီး ပထမအကွက်အတွက် Font အမည်ကို Myanmar3 ရွေးချယ်ပါ။ ဒုတိယအကွက်မှာ Zawgyi-One ကို ရွေးချယ်ပြီး Convert ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ Optical Character Recognition (OCR) ပြုလုပ်နည်း လောလောဆယ်မှာ စမ်းကြည့်သလောက်ကတော့ ဓါတ်ပုံ နဲ့ PDF ဖိုင်တွေကိုသာ OCR လုပ်နိုင်ပါသေးတယ်။ MEU ပရိတ်သတ်တွေအနေနဲ့ အခြား ဖိုင်များနဲ့လည်း လုပ်ဆောင်လို့ရပါက Comment မှ တဆင့် ပြန်လည်မျှဝေပေးကြပါလို့ တောင်းဆိုပါရစေခင်ဗျာ… OCR ပြုလုပ်နည်းကို အောက်မှာ ဆက်ကြည့်ပါ။ OCR လုပ်ဖို့အတွက် Internet ရှိရပါမယ်။ Internet browser ကနေ https://drive.google.com ကို ခေါ်ရပါမယ်။ Google အကောင့်ဖြင့် Login ဝင်ပါ။ မိမိလုပ်မယ့် PDF သို့မဟုတ် ဓါတ်ပုံဖိုင်ကို Upload တင်ပါ။ Upload တင်ဖို့အတွက် New >> File upload ကနေ သွားနိုင်သလို Drag ဆွဲထည့်လည်း ရပါတယ်။ ORC လုပ်မယ့် ဖိုင် Upload တင်ပြီးပါက ၎င်း ဖိုင်ပေါ်မှာ Right click နှိပ်ပါ Open with မှ Google docs ကို ရွေးချယ်ပါ။ Convert လုပ်တဲ့အချိန် ခဏစောင့်ပေးရပါလိမ့်မယ်။ ဖိုင်ရဲ့ ပမာဏကြီးတာ သို့မဟုတ် အင်တာနက်လိုင်းမကောင်းတာကြောင့် Convert လုပ်တဲ့အချိန်မှာ မပြီးတာ ဖြစ်နိုင်ပါတယ်။ နောက်တကြိမ်ပြန်ကြိုးစားပါ။ Convert ပြီးသွားပါက Browser မှာပဲ Google docs နဲ့ Convert လုပ်ထားတဲ့ Word ဖိုင် ပွင့်လာပါလိမ့်မယ်။ Word ဖိုင်ကို File ကနေ Download as ကနေ Microsoft Word (.docx), Open Document Format (.odt), Rich Text Format (.rtf), PDF Document (.pdf), Plain Text (.txt), Web page (.html, zipped), EPUB Publication (.epub) စသည့် Format များဖြင့် Download ရယူနိုင်ပါတယ်။ သို့မဟုတ် စာသားများကို Copy လုပ်ပြီး မိမိလိုရာမှာ Paste ပြုလုပ်နိုင်ပါတယ်။ Google docs က Unicode နဲ့ Convert ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက် Zawgyi ဖြင့် အသုံးပြုလိုပါက အပေါ်တွင် ဖော်ပြထားသော နည်းလမ်းများဖြင့် အသုံးပြုနိုင်ပါတယ်။ ပုံတွေနဲ့ ရှင်းစရာမလိုလောက်ဘူးထင်တဲ့အတွက် ပုံတွေ မထည့်ပဲ စာသားများနဲ့သာ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ အဆင်မပြေသူများ Comment မှ တဆင့် ဘယ်အဆင့်မှာ အဆင်မပြေသလဲဆိုတာ ပေးပို့နိုင်ပါတယ်။ Thumbs up 0 Love 0 Joy 0 Surprised 0 Sad 0 Angry 0

Read more at Myanmar End User: http://wp.me/p4Y0yZ-lG
Facebook url: fb.me/MyanmarEndUser

No comments:

Post a Comment