oo

  • iiii

Monday, January 22, 2018

Hardware Repair Basic Book (အခြေခံသမားတွေ ဆောင်ထားသင့်တဲ့စာအုပ်)

Hardware Service သမားတွေအတွက် အခြေခံအကျဆုံးနဲ့
လိုရင်း တိုရှင်း စာအုပ်လေးဖြစ်ပါတယ်။

ဆရာ Aung Hein (B.E Electronice) ရေးသားပြုစုတဲ့

( ကွန်တော်သင်တဲ့ Hardware) ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်မိတယ်

ကောင်းပါတယ်

ကျနော်က Software ကိုအားသန်တယ်ဆိုပေမယ့် Hardware ပိုင်းဆိုင်ရာ
အချို့သော စာအုပ်လေးတွေကိုတော့ ဖတ်ဖြစ်ပါတယ်။

ဖတ်မိတဲ့ စာအုပ်တွေထဲမှ ၀ါသနာတူ (သို့) လေ့လာခါစ ညီအကိုတွေအတွက် 
ဖတ်မိတဲ့စာအုပ်တွေထဲမှ အဆင်ပြေနိုင်မယ့် အထောက်အကူဖြစ်မယ့် စာစုတွေကိုတော့
 ပြန်လည် Edit လုပ်ပြီးမူလ ရေးသားသည့် ဆရာများ၏ အာဘော်မပျက်ပဲ စာအုပ်အတို 
အထွာလေးတွေ လုပ်ပေးပြီး ပြန်လည် Sharing လုပ်ပေးချင်တာက ကျနော့်ဝါသနာတစ်ခုပါ



ဒီစာအုပ်တွင် အောက်ပါ အကြောင်းအရာများကို ရေးထားပါတယ်


Ring Speaker
============

ဖုန်းတစ်လုံးမှာ Ring Speaker နဲ့ပတ်သက်လို့ Error တက်လာခဲ့ပြီဆိုရင်တော့ အောက်ပါ အချက်လက်များကြောင့် ဖြစ်တတ်ပါတယ်၊ အဆိုပါအချက်အလက်များဖြင့် ကိုက်ညီနေရင်တော့ ဖြေရှင်းနည်းကို အောက်ပါနည်းလမ်းများအတိုင်း ပြုပြင်နိုင်ပါတယ်။

Error
=======
1. အသံလုံးမထွက်

2. အသံမကြည်

3. အသံတိုး

4. အသံပြတ်တောင်း ပြတောင်းဖြစ်


ပြုပြင်နည်း အဆင့်ဆင့်
===============

1. Setting ကိုစစ် (အသံ အတိုး၊ အကျယ် လုပ်ကြည့် Silent Mode ဖြစ်နေရင်အသံပြန်ပြောင်း)။

2. PCB ပေါ်မှ ကြေးငုတ်ကိုစစ် စပီကာကြေးငုတ်ကိုစစ်။

3. စပီကာကောင်း၊ မကောင်း 1V ပေးပြီးစစ်။

4. လမ်းကြောင်းတန်ဖိုးမှန်၊ မမှန်တိုင်းပါ (0.455 စသည်) တန်ဖိုးပြောင်းနေရင် 
Gnd ကျနေတာကိုဖြုတ်၊ တန်ဖိုးမရှိရင် တန်းဆက်ထားတဲ့ပစ္စည်းလေးတွေ
 ပြုတ်နေလားစစ် ပြုတ်ရင် ပြန်တတ်၊ ပြုတ်မနေရင် အိုင်စီခဲဖေါ် ပြန်တပ်။

5. မကောင်းသေးရင် စပီကာလမ်းကြောင်းလိုက်ပါ၊
Coupling C လေးတွေပြုတ်နေရင် ပြန်တပ်။

6. မရသေးရင် CPU ကိုလဲလိုက်ပါ။


Ear Speaker
===========

ဖုန်းပြောနေတဲ့အချိန် အသံကြားဖို့ အသုံးပြုတဲ့ စပီကာလေးကို Ear speaker လို့ခေါ်ပါတယ်၊
 Earspiece လို့လည်းခေါ်ပါတယ်၊ အသံလမ်းကြောင်းပေါ်မူတည်ပြီး
 Power IC, CPU, Auido IC တို့နဲ့ ချိတ်ဆက်ထားပါတယ်။


Error
=====
1. အသံတိုး

2. အသံမမည်

3. အသံပြတ်တောင်း ပြတ်တောင်းဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။


ပြုပြင်နည်း အဆင့်ဆင့်
================
1. ဖုန်းကိုင်ထားပြီး စပီကာအသံကိုချဲ့ကြည့်ပါ။

2. Ear speaker ကောင်း၊ မကောင်း စစ်ဆေးကြည့်ပါ။

3. Ear speaker ရဲ့ကြေးငုတ်ကိုစစ်ပါ၊ PCB ပေါ်က ကြေးငုတ်ကို စစ်ဆေးကြည့်ပါ။

4. လမ်းကြောင်းတန်းဖိုးကို စစ်ကြည့်ပါ။

5. တန်းဖိုးပြောင်းနေလျှင် လမ်းကြောင်းမှာ Ground ချထားတဲ့ ပစ္စည်းလေးတွေကိုဖြုတ်ပါ။

6. တန်းဖိုးလုံးဝပျောက်နေလျှင် လမ်းကြောင်းမှာ တန်းဆက် ဆက်ထားတဲ့ 
ပစ္စည်းလေးတွေ ကောင်း၊ မကောင်း စစ်ဆေးကြည့်ပါ။

7. မရသေးလျှင် သက်ဆိုင်ရာင် IC ကို Reball လုပ်ပါ။


Microphone
===========

ဖုန်းပြော်နေတဲ့အချိန် မိမိပြောတဲ့အသံကို တခြားသူကြားအောင် အသုံးပြုတတ်ဆင်ထားတဲ့ 
ပစ္စည်းလေးပါ၊ Mic လို့ပဲ အလွယ်ခေါ်ကြပါတယ်၊ အသံလမ်းကြောင်းမူတည်ပြီး 
CPU ဒါမှမဟုတ် Audio IC တို့နဲ့ ချိတ်ဆက်ထား တတ်ပါတယ်။


Error
=====
1. မိမိရဲ့ အသံကိုတစ်ဘက်မှ လုံးဝမကြားရခြင်း။

2. မိမိရဲ့ အသံကိုတစ်ဘက်မှ တိုးတိုးလေးသာကြားရခြင်း။

3. မိမိရဲ့ အသံ ပြောင်းနေခြင်း။

4. မိမိရဲ့ အသံ ပြတ်တောက် ပြတ်တောက် ဖြစ်နေခြင်း စတဲ့ Error တွေဖြစ်တတ်ပါတယ်။


ပြုပြင်နည်း အဆင့်ဆင့်
=================
1. Mic နဲ့ပတ်သက်တဲ့ Setting ကိုစစ်ဆေးကြည့်ပါ။

2. Mic ကိုဖြုတ်ပြီး အထိုင်ငုတ်တွေကို စစ်ဆေးကြည့်ပါ။

3. Mic အထိုင်မှာရှိရမယ့် တန်ဖိုးတွေကို စစ်ဆေးကြည့်ပါ။

4. အားလုံးကောင်းနေရင် Mic အသစ်လဲတပ်ကြည့်ပါ။

5. တန်ဖိုးပြေင်းနေရင် လမ်းကြောင်းမှာ Ground ချထားတဲ့ ပစ္စည်းလေးတွေကိုဖြုတ်ပါ။

6. တန်ဖိုးမပြရင် လမ်းကြောင်းပေါ်က ပစ္စည်းလေးတွေပြုတ်၊ မပြုတ်ကို စစ်ဆေးကြည့်ပါ။

7. တန်းဖိုးလုံးဝပျောက်နေရင် လမ်းကြောင်းမှာ တန်းဆက် ဆက်ထားတဲ့ 
ပစ္စည်းလေးတွေ ကောင်း၊ မကောင်း စစ်ဆေးကြည့်ပါ။

8. မရသေးရင် သက်ဆိုင်ရာ IC ကို Reball လုပ်ပါ။


SIM
=====

Sim နဲ့ပတ်သက်တဲ့ Error များနဲ့ ဖြေရှင်းနည်းကို လေ့လာကြည့်ရင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်၊ အဆိုပါ Error များနဲ့ ဖြေရှင်းနည်းသည် Service သမားတိုင်းကြုံနေတဲ့ Sim ဆိုင်ပဲဖြစ်ပါတယ်။


Error
======

1. Insert Sim (ဆင်းထည့်ခိုင်းနေခြင်း)

2. Invalid Sim (ဆင်းကဒ်အဆင်မပြေခြင်း, ဆင်းကဒ်ပျက်နေခြင်း)

3. No SIM (ဆင်းကဒ်မရှိကြောင်း)

4. “ SIM “ (ပါတဲ့ စာတစ်ခုခုဖြင့် ပြနေတာမျိုး)


ဖြေရှင်းနည်းအဆင့်ဆင့်
=================
1. Sim ကဒ်ကိုပြောင်းပြန်ထည့်ထားမိသလား စစ်ဆေးကြည့်ပါ။

2. Flight Mode ဖြစ်နေရင်- Turn off လုပ်ပါ။

3. Sim ကဒ်နဲ့ အထိုင်ကို သန်ရှင်းရေးလုပ်ပေးပါ။

4. Sim ကဒ်အသစ်နဲ့ထည့်စမ်းကြည့်ပါ။

5. Sim ကဒ်အထိုင်တွေကိုတိုင်းပြီး ပင်နံပါတ်တွေကိုခွဲပါ။

6. Ground နဲ့ NC ပင်တွေကလဲပြီး ကျန်တဲ့ပင်တွေမှာ တန်းဖိုးမှန်၊ 
မမှန် စစ်ဆေးကြည့်ပါ။

7. တန်ဖိုးပြောင်းနေတဲ့လမ်းကြောင်ရှိရင် လမ်းကြောင်းပေါ်က 
Gnd တစ်စချထားတဲ့ပစ္စည်းလေးတွေကို ဖြုတ်ပါ။

8. တန်ဖိုးပျောက်နေတဲ့ လမ်းကြောင်းတွေ့ရင် ပတ်လမ်းပေါ်က 
တန်းဆက်ပစ္စည်းလေးတွေပြုနေလား၊ ပျက်နေလားစစ်ပြီး ပြန်ပြုပြင်ပါ။

9. လိုအပ်မယ်ထင်ရင် Sim အထိုင်ကိုစမ်းကြည့်ပါ။

10. တန်းဆက်လေးမပါတဲ့ လမ်းကြောင်းမှာတန်းဖိုးမပြခဲ့ရင်
 ပါဝါအိုင်စီ Reball လုပ်သင့်ပါတယ်။

11. Sim နဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေကိုတိုင်းချင် 
ရှာချင်ရင် Sim ကဒ်နားတ၀ိုက်မှာတင် ရှာလို့ရပါတယ်။


Back Light
=========



Error & ပြုပြင်နည်းအဆင့်ဆင့်

Connector တွေကိုအရင်စစ်

Display လဲစစ်

ရုပ်ပုံမှိန်မှိန်ပေါ်ခြင်း

အရုပ်မှိန်မှိန်ပေါ်ရင် CPU ကမောင်းတာကောင်းတယ်၊ Power IC က 
1.8V နှင့် 2.8V တို့ကောင်းနေတယ်၊ Back Light Driver အပိုင်းကိုပဲ စစ်စရာလိုတော့တယ်။


1.    အ၀င်ဗို့ရှိရမယ်

2.    IC ကောင်းရမယ်

3.    Coil ကောင်းရမယ်

4.    Diode ကောင်းရမယ်

5.    LCD control ကောင်းရမယ် 0.6V နဲ့ 1.8V ကြား 
(Display သို့ Power IC တစ်ခုခုကလာနိုင်တယ်)

24 Pin LCD

34 Pin LCD

40 Pin LCD တွေမှာ Back Light စနစ်အမျိုးမျိုးကွဲပြားသွားပါတယ်၊

လျှာထိုး Connector တွေမှာ 25 ပင်သုံးတာတွေရှိပါသေးတယ်၊ 
တည်ဆောက်မှုတစ်ခုချင်းကို  ပိုင်အောင် လေ့လာကြည့်ပါ။

စာအုပ်အဖြစ် သိမ်းဆည်းထားချင်ရင်တော့ အောက်မှာဒေါင်းယူလိုက်ပါ






Ref- ကွန်တော်သင်တဲ့ Hardware
By Aung Hein (B.E Electronics)

 
Youth Mobile Training Center
 
မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း
 
ဇူးနစ်(နည်းပညာ)
 

No comments:

Post a Comment