oo

  • iiii

Wednesday, March 21, 2018

ကို ဂျက်Follow လိုင်စင်ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ( or )
လိုင်စင်ကားတစ်စီး မှာပါရမည့် အရည်ချင်းများ။
=============================
@
မဖတ်အားရင် လည်း Share သို့ မဟုတ် Save ထားပေါ့။နောင်လိုလာမှာပါ။
1#နံပါတ်ပြား
***********
နံပါတ်ပြားဟာ ပေါင်းဆေးမှသာ ကွာလတီအမှန်ပါ။ကညန ဟာ နံပါတ်ပြားတွေကို ပေါင်းဆေးနဲ့ ကွာလတီမြှင့်လာတာ 3D နောက်ပိုင်းမှာပါ။အဲ့တော့ ဘယ်လိုဘဲဖြစ်ဖြစ် 3Dနောက်ပိုင်းကားံနံပါတ်ပြားတွေဟာ ကွာလတီမှီကို မှီရပါမယ်။အခု တောင် 3Dအရှေ့ကို ကို လိုင်စင်ပြန်ဝင်ရတော့ပါမယ်။အဲ့တော့ လိုင်စင်ပြန်ဝင်ပြီးသွားရင် 3Dလည်း ကွာလတီမှီသွားပြီလို့ သတ်မှတ်ရမှာပါ။
ခဲသီးဟာ 9J ထိ အကြီးဖြစ်ပြီး 1K နှင့်နောက်ပိုင်းမှာ ခဲသီး အသေးပြောင်းသွားပါတယ်။မဝယ်ခင်သူများကားတွေခဲသီးကို အရင်လေ့လာပါ။လေ့လာတာများရင် ခဲသီ အတု စစ်ခွဲတတ်လာမှာပါ။
2# ဝှီးတက်
***********
ဝှီးတက် အစစ်မှာ လေဆာမီးနှင့်ထိုးကြည့်လျင် ကညန ဆီးလ် တံဆိပ် ရေစာများ မှာအလင်း ပေါ်လာပါသည်။
3#ချက်စီ
*********
ဝှီးတက်မှာပါသော ချက်စီနံပါတ် ကားဖရိန်မှာပါသော ချက်စီနံပါတ် အင်ဂျင်ပေါ်တွင်ပါသော ချက်စီနံပါတ် ခါးပါတ်ကြိုးပေါ်တွင်ပါသော ချက်စီနံပါတ် သည် အားလုံးတူနေရမည်။ကားဖရိန်မှာ ပါတဲ့ချက်စီဘေးမှာ ဘာအစွန်းထင်း ခြစ်ရာမှ မရှိပါစေနှင့်။ရှိလျင် ကညနပြန်ဝင်လျင် ပြသနာရှိနိုင်သည်။
5#အုံနာဘုတ်
************
အုံနာဘုတ်တွင် ကားဖရိန် ပေါ်မှ ချက်စီနံပါတ်ကို ခဲခြစ်ထားပါသည်။ တိုက်စစ်လျင်တူရပါမည်။အချက်လက်များကို ကျွမ်းကျင်တဲ့သူကို ပြသင့်ပါသည်။
6# မှန်ပေါ်မှ စတစ်ကာ
*******************
စတစ်ကာသည် လိုင်စင်ပြန်ဝင်မယ့်ကားများကို ကပ်ပေးပြီး ပြန်ဝင်သောလကို ဖော်ပြပေးသည်။ ဥပမာ လက်ရှိဆို 3D နှင့်  နောက်ပိုင်း 1K တိုလိုင်စင့် ပြန်ဝင်နေရသောကြောင့် ထိုနံပါတ်နှင်နီးသောကားများသည် မဖြစ်မနေ စတစ်ကာ ပါလာရပါမည်။
7# ကာစတန် တံဆိပ် သံကွင်း
**********-************
အရှေ့ခန်း၏ မှန်ချိုးမှန်ခေါက် တန်းလေးပေါ်တွင် ကာစတန်တံဆိပ် ခြင်္သေ့ သံကွင်းလေးပါသည်။ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်းသည့် သက်သေဖြစ်ပါသည်။တံဆိပ်၏ နံပါတ်လေးများသည် တင်သွင်းသည့်နေ့ ရက် အချိန်ကာလကို ဖော်ပြပေးသည်။
8#ကာစတန် စာရွက်စာတမ်းများ
************************
ထိုစာရွက်စာတမ်းများကို ဖြစ်နိုင်လျင်တောင်းကြည့်ပါ။ လူအမည်ပေါက် ကုမ္မဏီ အမည်ပေါက်လား ဆိုတာ သိရှိနိုင်သလို ကား Kilo အမှန်နှင့် အခြား အချက်လက်များကိုလည်းသိရှိနိုင်သည်။
ကျေးဇူးတင်ပါတယ်။
# ကိုပေါ်ဦး ( ဒဿ န )
@ကို ဂျက်

No comments:

Post a Comment