oo

  • iiii

Saturday, August 27, 2016

Android Device များကို Root Genius Tool ဖြင့် Root လုပ်နည်း


Android Device များအားလုံးနီးပါးကို One Click ဖြင့် Root အလွယ်လုပ်ပေးနိုင်တဲ့
နာမည်ကြီး Root Genius ကိုတော့အားလုံးလည်းသိပြီးဖြစ်မှာပါ။

အမှန်က ဒီပိုစ့်ကိုရေးပေးမယ့်စိတ်ကူးမရှိပါ အားလုံးလည်းသိပြီးဖြစ်တာရယ်
ပြီးတော့ တော်တော်များများလည်း Share လုပ်ထားကြပြီဖြစ်တဲ့အတွက်ပါ


ဒီပိုစ့်ကိုရေးဖြစ်သွားတာကတော့ Android များကို Root လုပ်နည်းနဲ့ Firmware ရေးသားနည်း
ပြီးတော့ Tip & Trick များကို နေ့စဉ် တင်ပေးလာတော့ လိုအပ်ချက်ရှိနေတဲ့ နေရာတိုင်းကို
ဖြည့်ပေးရင်းနဲ့ တင်ပေးလာလိုက်တာလည်း စုံသလောက်ရှိနေပါပြီ။

အခုလည်း အခြားသော တရုတ်ဖုန်းများနဲ့ Root Genius ဖြင့် Root လုပ်ယူနိုင်တဲ့
ဖုန်းများအတွက် Root Genius ဖြင့် Root လုပ်နည်းကို အရေးကြုံလာရင်လေ့လာလို့
ရလေအောင် ပြန်လည်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒီ Root Tool ဖြင့် 10000 ထက်မနည်းသော Android Devices များကို Root လုပ်ပြီး
ဖြစ်ကြောင်း Official Web မှာဆိုထားပါတယ်။

Android Version များစွာအနက် ဒီ Tool က KitKat ဗားရှင်းများကိုတော့
အကောင်းဆုံး Root လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် KitKat ဗားရှင်းတွင်
4.4.2 ကိုသာ အဓိက Support လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီ Root Tool ကိုတော့ တရုတ် Developer Group Team တစ်ခုဖြစ်တဲ့
"Shuame" ကရေးဆွဲပေးထားခြင်းပဲဖြစ်ပါတယ်။

How to use Root Genius Tool
==================
၁။ ဖုန်းမှာ Settings>Developer Option>USB Debugging ကို On ပေးထားပါ။


၂။ Root Genius Tool ကိုအောက်ကလင့်မှာဒေါင်းလော့ရယူပါ။

Click Here to Download lasted Root Genius Tool

OR

Root Genius All versions အားဒေါင်းလော့ရယူပါ

၃။ Root Tool ကိုဖွင့်လိုက်ပါ၊ ဖုန်းနဲ့ကွန်ပျူတာကိချိတ်ဆက်လိုက်ပါ။

၎။ အောက်ပါပုံအတိုင်း ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Root Now ဆိုတာကို နှိပ်ပေးပြီး Rooting process တစ်ခုကိုစတင်လိုက်ပါ။


၅။ အောက်ပါပုံအတိုင်း သင့်ဖုန်းကို Root လုပ်ပေးနေပါလိမ့်မယ်။


၆။ Rooting process အောင်မြင်စွာဖြင့်ပြီးဆုံးသွားရင်တော့
ဖုန်းမှာ Reboot တစ်ကြိမ်ကျပြီး တက်လာတဲ့အခါ သင့်ဖုန်းမှာ
Kinguser app လေးရောက်နေပါလိမ့်မယ်။




အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment