oo

  • iiii

Thursday, September 15, 2016

ဘယ်အချိန်ဘယ်မုဒ်သုံးမလဲ

ကင်မရာမုဒ်ရွေးချယ်ရန်
Photo: TechRadar
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါးဟာ ယခင်ဖော်ပြခဲ့သော ဓာတ်ပုံပညာသင်ယူစလက်သစ်များအတွက် ကင်မရာမုဒ်ရွေးချယ်ရန်လမ်းညွှန် ရဲ့အဆက်ဆောင်ပါးဖြစ်ပါတယ်။ အခုဆောင်းပါးမှာ အပါချာဦးစားပေးမုဒ် (aperture priority mode)၊ မန္နူရယ်မုဒ် (manual mode) နဲ့ Scene မုဒ် တွေကိုရှင်းလင်းဖော်ပြပေးပါမယ်။

အပါချာဦးစားပေးမုဒ် (Aperture Priority Mode)

အပါချာဦးစားပေးမုဒ် ကို Canon မှ Av ဟုသုံးပြီး Nikon မှ A ဟုသုံးပါသည်။ အပါချာဦးစားပေးမုဒ်တွင် aperture နှင့် ISO ကို မိတ်ဆွေမှရွေးချယ်ပြီး သင့်တော်တဲ့ အလင်းထိတွေ့မှု exposure ရရှိအောင် shutter speed ကို ကင်မရာမှရွေးချယ်ပါလိမ့်မယ်။
အားသာချက်။ မန္နူရယ်မုဒ်ပြီးရင် လူသုံးအများဆုံးမုဒ်ကတော့ အပါချာဦးစားပေးမုဒ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီအပါချာဦးစားပေးမုဒ်ကိုအသုံးပြုပြီး ဖိုကပ်စ်ဖြတ်ချင်တဲ့နေရာကို မိတ်ဆွေထိန်းချုပ်နိုင်လို့ဖြစ်ပါတယ်။ ပြီးတော့ဓာတ်ပုံတစ်ပုံရဲ့ ဖိုကပ်စ်ပြတ်တဲ့နေရာဟာ ဓာတ်ပုံတစ်ပုံကိုကောင်း၊ မကောင်းဆုံးဖြတ်ပေးနိုင်တာကြောင့် ဖိုကပ်စ်ပြတ်တဲ့နေရာဟာပုံရဲ့အရေးအကြီးဆုံးနေရာဖြစ်ပါတယ်။
အားနည်းချက်။ အလင်းသိပ်မရှိတဲ့အချိန်တွေမှာရိုက်ရင် exposure ကောင်းကောင်းရရှိဖို့အတွက် ကင်မရာက အလွန်နှေးတဲ့ shutter speed ကိုရွေးချယ်ပါလိမ့်မယ်။ ဒီအခါမှာ ကင်မရာရဲ့တုန်ခါမှုကြောင့်ဖြစ်စေ၊ အရာဝတ္ထုတွေ လှုပ်ရှားနေလို့ဖြစ်စေ ရရှိတဲ့ပုံဟာ ပြတ်သားကြည်လင်မှုမရှိနိုင်ပါဘူး။
အသုံးပြုရန်အချိန်။ Depth of Field (DOF) ခေါ် ဖိုကပ်စ်ပြတ်သားမှုဇုံအကျယ်အ၀န်းကို ထိန်းချုပ်ဖို့ အပါချာဦးစားပေးမုဒ်ကို အသုံးပြုပါတယ်။ အပါချာကြီးလေလေ (e.g. f/2.8) sensor ပေါ်ကိုအလင်းရောက်ရှိလေလေဖြစ်ပြီး ဖိုကပ်စ်ပြတ်သားမှုဇုံအကျယ်အ၀န်း Depth of Field (DOF) ကျဉ်းလေလေဖြစ်ပါတယ်။ ထိုနည်းအတူပါပဲ၊ အပါချာသေးရင် (e.g. f/16) အလင်းရရှိမှုနည်းပြီး DOF များပါမယ်။ aperture ကိုအပြောင်းအလဲလုပ်လျှင် shutter speed လည်းလိုက်ပြောင်းလဲပါလိမ့်မယ်။ aperture ကျယ်ကျယ်ကြောင့် အလင်းများများဝင်လျှင် shutter speed မြန်မြန်ရပါလိမ့်မည်။ aperture သေးလျှင် အလင်းအနည်းငယ်သာဝင်ပြီး နှေးသော shutter speed ဖြင့်ရိုက်ရပါလိမ့်မည်။
အပါချာဦးစားပေးမုဒ်ဖြင်ရိုက်ရန်မှတ်သားထားရမည့် f-stop များကတော့ –
– ရှုမျှော်ခင်း landscape – DOF များစေရန် f/8 ထက်သေးသော aperture
– လူပုံ portrait – DOF နည်းစေရန်နှင့် နောက်ခံဝါးစေရန် f/2.8 ကဲ့သို့ကြီးမားသော aperture
– အသေးကိုအကြီးချဲ့ရိုက်သော macro – DOF များစေရန် f/8 ထက်သေးသော aperture
(aperture သေးသေးတွင် f-number ကြီးကြီးရှိပါသည်။ e.g f/16 aperture သည် f/2.8 အပါချာထက်လွန်စွာသေးပါသည်)

မန္နူရယ်မုဒ် ( Manual Mode, M)

မန္နူရယ်မုဒ်တွင် shutter speed နှင့် aperture နှစ်ခုလုံးကို တစ်ခုခြင်းပြောင်းလဲလို့ရပါသည်။ ကင်မရာမှ ဘယ်အရာကိုမှ အော်တိုပြောင်းလဲခြင်းမရှိပါ။ ကင်မရာမှာပါရှိတဲ့ အလင်းတိုင်းတာသောမီတာကို အသုံးပြုကာ သင့်တော်တဲ့ exposure ကိုဆုံးဖြတ်ရပါမယ်။ ၎င်းနောက် မိမိရိုက်မယ့်ပုံ၏ သင့်တော်တဲ့ exposure ကိုရရှိရန် shutter နှင့် aperture ကိုမိမိဘာသာမိမိပြောင်းလဲရပါမည်။ ထို့ကြောင့် မန္နူရယ်မုဒ် ကိုအသုံးမပြုခင် exposure triangle ဟုခေါ်သော shutter speed၊ aperture နှင့် ISO တို့ကိုနားလည်ရန်လိုအပ်ပြီး shutter speed၊ aperture နှင့် ISO တိုမှ ပုံကိုမည်ကဲ့သို့ထိရောက်မှုရှိသည်ကိုသဘောပေါက်နားလည်ရပါမည်။
အားသာချက်။ ပုံကို ဉာဏ်ကွန့်မြှုး၍ creative ရိုက်ရန် အလုံးစုံထိန်းချုပ်မှုကို ပေးစွမ်းနိုင်ပါသည်။
အားနည်းချက်။ ဉာဏ်ကွန့်မြှုး၍ creative ရိုက်ရန်အလွန်ကောင်းသော်လည်း ပြောင်းလဲနေသောအလင်းအခြေအနေတွင် ပုံ၏ exposure ကိုမကြာမကြာစစ်ရန် လိုအပ်ပါသည်။
အသုံးပြုရန်အချိန်။ အမှန်တကယ်တတ်ကျွမ်းနားလည်သွားပါက ဤမုဒ်ကိုသာအမြဲအသုံးပြုပါလိမ့်မည်။

Scene Modes

scene mode များသည် အော်တိုမုဒ် နှင့်သဘောချင်းဆင်တူပါသည်။ မိတ်ဆွေကရိုက်မည့် မြင်ကွင်းကိုရွေးချယ်လိုက်ပါက ကင်မရာမှ ၎င်းမြင်ကွင်းအတွက်အကောင်းဆုံးလိုအပ်သည့် settings ကိုရွေးချယ်ပေးပါလိမ့်မည်။ ကင်မရာ အမျိုးအစားအမျိုးမျိုးတွင် scene mode အမျိုးမျိုးပါရှိပါလိမ့်မည်။ သို့သော်အောက်ဖော်ပြပါများသည် အထင်ရှားဆုံးသော Scene Mode များဖြစ်ပါသည်။
အားကစား Sports – လျှင်မြန်သောလှုပ်ရှားမှုကိုရိုက်ရန် ISO ကိုမြှင့်တင်ကာ မြန်ဆန်သော shutter speed ကိုသုံးပါလိမ့်မည်။
ရှုခင်း Landscape – DOF အများဆုံးရရှိရန် သေးငယ်သော aperture ကိုရွေးချယ်ကာ flash မီးကိုပိတ်ပါလိမ့်မည်။
လူပုံ Portrait – နောက်ခံဝါးနေစေရန်အတွက် ကြီးမားသော aperture ကိုသုံးပါလိမ့မည်။ တချို့ကင်မရာများတွင် လူ့မျက်နှာကိုသိသော face recognition ကိုအသုံးပြုပါလိမ့်မည်။
အကြီးချဲ့ရိုက် macro – DOF အများဆုံးရရှိရန် သေးငယ်သော aperture ကိုရွေးချယ်ပါလိမ့်မည်။
အားသာချက်။ ဤ scene mode များသည် ပရိုဂရမ်မုဒ်ကဲ့သို့ သင်ယူလေ့လာခါစများ စတင်အသုံးပြုနိုင်သဖြင့် အကျိုးရှိသော mode ဖြစ်ပါသည်။ Auto mode အသုံးပြုသည်ထက် ပုံထွက်ကောင်းနိုင်ပါသည်။
အားနည်းချက်။ ပုံထွက်တခါတရံကောင်းနိုင်သော်လည်း အမြဲတန်းမကောင်းနိုင်ပါ။
အသုံးပြုရန်အချိန်။ ဤ scene mode များသည် သင်ယူလေ့လာခါစများအတွက် Auto mode ထက်တဆင့်တက်ကာအသုံးပြုနိုင်သော mode များဖြစ်ပြီး ကင်မရာအလုပ်လုပ်ပုံအကြောင်းကို နားလည်သဘောပေါက်ကာ ဓာတ်ပုံပညာရပ်ကိုတိုးတက်စေရန်အသုံးပြုနိုင်ပါသည်။
Ref: A Beginner’s Guide to Choosing Shooting Mode by Bruce Wunderlich

No comments:

Post a Comment