oo

  • iiii

Tuesday, September 20, 2016



Facebook Search Box မှာ သင်ရှာကြည့်ခဲ့သမျှ Data တွေကို ဘယ်လို ပြန်ဖျက်မလည်း
2+


Facebook website နဲ့ Facebook application ဟာ သူ့ရဲ့ Search box မှာ သင်တခုခုသိချင် လို့ရှာဖွေထားတဲ့ အကြောင်းအရာမှန်သမျှကို Search queries ရဲ့ Activity log ကနေ save လုပ်ထားကြောင်းသိရပါတယ်။
သင်တယောက်တည်းကသာ သင့်ရဲ့ Facebook မှာ ရှာဖွေထားတဲ့အကြောင်းအရာတွေကို မြင်နိုင်မှာပါ ဒါပေမယ့် သင့်ရဲ့ facebook profile မှာ အကြောင်းအမျိုးမျိုးနဲ့ history ကို save လုပ်ထားလို့ရတာဟာ ကောင်းတာတော့မဟုတ်ပါဘူး။
ကဲ ဒီတော့ Facebook မှာ သင်ရှာထားတဲ့ History ကို ဘယ်လို ရှင်းလည်းဆိုတာ ကြည့်လိုက်ရအောင်။
  1. ပထမဆုံးအနေနဲ့ Facebook က Search Bar ပေါ်မှာ Click လုပ်ပါ။ သင်ရှာထားသမျှ list တွေကို screen မှာမြင်တွေ့ရပါလိမ့်မယ် ညာဘက်ထောင့်မှာ EDIT button ကို သင်တွေ့ရပါလိမ့်မယ် Edit button ကို ရွေးပြီး နောက်တဆင့်ကို ဆက်လုပ်လို့ရပါတယ်။
  2. သင့်ရဲ့ screen မှာ Search History page ကိုမြင်ရတဲ့အခါမှာ history အားလုံးကို Delete လုပ်ပြီး Page ရဲ့ ညာဘက်ထောင့်မှာ ရှိတဲ့ Clear Search button ကို Click လုပ်လိုက်ပါ။
  3. Clear Search button နဲ့ Facebook Search History ကို သင့်ရဲ့ facebook profile ကနေ remove လုပ်နိုင်ပါတယ်။
Facebook Android Application အတွက်ကတော့
  1. Facebook android application ရဲ့ Search Bar ကို သွားပါ သင့်ရဲ့ ဖုန်း screen မှာ သင်မကြာခဏ ရှာထားတဲ့ အချက်အလက်တွေ ကိုမြင်ရပါလိမ့်မယ်။ ညာဘက်ထောင့်မှာ ရှိတဲ့ EDIT ကို နှိပ်ပါ။
  2. နောက်ထပ် ဒီ Application ရဲ့ screen မှာတော့Facebook Search History ကို သင်မြင်ရပါလိမ့်မယ်။ Clear Searches button ကို ရွေးချယ်ပြီး အကုန်လုံးကို Clear လုပ်နိုင်ပါတယ်။
  3. နောက်ဆုံးအနေနဲ့ကတော့ Confirm button ကို နှိပ်ပြီး history ကို သင့်ရဲ့ Facebook profile က နေ အပြီး delete လုပ်လိုက်လို့ရပါတယ်။

No comments:

Post a Comment