oo

  • iiii

Thursday, April 27, 2017

· 14 hrs ·

☞•●•●•သင့် Phone လေးလံနေခဲ့ရင် ဘာလုပ်သင့်သလဲ…•●•●•

☞ Android ဖုန်း အသုံးပြုသူတွေအတွက် အထူးတင်ဆက်ပေးမယ့် အကြောင်း အရာကတော့ ၀ယ်ကာစနဲ့ မတူတော့ဘဲ အသုံးပြုရတာ လေးလံလာတဲ့ မိမိ တို့ရဲ့ ဖုန်းတွေကို ဘယ်လို စွမ်းဆောင်ရည် မြန်ဆန်လာအောင် လုပ်မလဲဆိုတဲ့ အချက်လေးတွေပါပဲ။ ဖုန်းအသုံးပြုတဲ့အခါမှာ အသုံးပြုရ အဆင်ပြေစေပြီး စိတ်အနှောင့်အယှက် မရှိစေဖို့အတွက် ဆိုရင်တော့ အောက်ပါ နည်းလမ်း လေးတွေကို ဆောင်ရွက်ခြင်းအားဖြင့် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင် မှာ ဖြစ်ပါတယ်။
၁) ပြဿနာကို အဖြေရှာပါ
☞ မိမိရဲ့ ဖုန်းအသုံးပြုရတာ နှေးကွေးနေပြီ ဆိုရင်တော့ ဘာ့ကြောင့် ဆိုတာကို အရင်ဦးစွာ အဖြေရှာရမှာ ဖြစ်ပါတယ်။ Trepn Profiler ကတော့ real-time CPU load အပြင် data နဲ့ WiFi တို့အတွက် network traffic တွေကိုလည်း ဖော်ပြပေးပါတယ်။ RAM usage ကိုလည်း ဖော်ပြပေးမှာ ဖြစ်တဲ့အပြင် profiled data တွေကို save လုပ်နိုင်ပြီး app တွေကိုလည်း overlay လုပ်နိုင်လို့ ပြဿနာ အဖြေရှာဖို့ အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။
၂) နေရာလွတ်မကျန်တော့ရင်
☞ တခါတလေ ကိုယ်သွင်းထားတဲ့ app တွေ များလာလို့ နေရာလွတ် မကျန် တော့တဲ့အခါ ဖုန်းအသုံးပြုရတာ လေးလာနိုင်ပါတယ်။ ဒါဆိုရင်တော့ မလို အပ်တဲ့ အသုံးမပြုတော့တဲ့ app တွေကို uninstall လုပ်ပေးရပါမယ်။
Download လုပ်ထားတဲ့ ဖိုင်တွေကိုလည်း ဖျက်ပစ်ခြင်းအားဖြင့် ဖုန်းလေးလံ တာကို ဖြေရှင်းနိုင်ပါတယ်။ Storage>downloads တဆင့်ချင်းစီ ၀င်ပြီး ကိုယ်ဖျက်ချင်တဲ့ ဖိုင်ကို ရွေးပြီး bin ခလုတ်ကို နှိပ်ပြီးတော့ ဖျက်ပါ။ App တွေက data အသုံးပြုမှုတွေအတွက် cache တွေကို သိမ်းထားတတ်ပါတယ်။ ဒီ့အတွက် Clear Cached Data Option ကိုနှိပ်ပြီး OK နှိပ်ပါ။ ဖျက်သင့်နေပြီ ဖြစ်တဲ့ ဖိုင်အဟောင်းတွေကိုလည်း ဖိုင် section ထဲမှာ တွေ့ နိုင်ပြီး ကိုယ်ဖျက် ချင်တဲ့ ဖိုင်တွေဘေးက box ထဲမှာ အမှန်ခြစ်ပါ။ ဆိုင်က ထည့်ပေးထားတဲ့ app တွေ၊ ကိုယ်အသုံးမလိုဘူး ဆိုရင်လည်း disable လုပ်လို့ ရပါတယ်။
၃) Widget တွေ ဖျက်မယ်
☞ ome screen မှာ သုံးနေတဲ့ widget တွေက အသုံးဝင်ပေမယ့် သူ့ကြောင့် လည်း ဖုန်းလေးလံတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အရမ်း မလိုအပ်တဲ့ widget တွေကိုတော့ disable လုပ်ပေးရင် ဖုန်းစွမ်းဆောင်ရည် ပြန်လည် မြန်ဆန်လာမှာ ဖြစ်ပါတယ်။
၎) Animation နဲ့ အခြားအရာများ
☞ ကိုယ်အသုံးပြုနေတဲ့ Launcher အပေါ် မူတည်ပြီးတော့ animation တွေနဲ့ special effect တွေကို တွေ့ ရမှာပါ။ ဒီလို animation တွေကြောင့် ဖုန်း အသုံး ပြုရတာ ခံစားမှု ကောင်းပေမယ့် နည်းနည်းတော့ နှေးကွေး လေးလံစေပါ တယ်။ ဒါ့ကြောင့် launcher setting ထဲ ၀င်ပြီး ကိုယ် disable လုပ်လို့ရမယ့် မလိုအပ်တဲ့ effect တွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။
၅) App များကို ရှင်းလင်းခြင်း
☞ ကိုယ် မကြာခင်က အသုံးပြုထားတဲ့ app တွေကို အခု အသုံးပြုဖို့ မရှိသေးဘူး ဆိုရင်တော့ Recent/Application button သို့မဟုတ် Home button ကို နှိပ်ထားပြီး ရှင်းပြီးရမှာ ဖြစ်ပါတယ်။
၆) Restart ပြုလုပ်ခြင်း
☞ ဖုန်းကို restart ပြုလုပ်ခြင်းအားဖြင့်လည်း ဖုန်းအသုံးပြုရတာ နှေးကွေးနေ မှုကို ပြန်လည် မြန်ဆန်လာစေနိုင်ပါတယ်။
၇) စစ်ဆေးခြင်း
☞ ဖုန်း ဘက်ထရီအသုံးပြုမှုကို Setting>battery ထဲဝင်ပြီးတော့ဖြစ်စေ RAM usage ကို Setting>Apps မှ ဖြစ်စေ အမြဲစောင့်ကြည့် စစ်ဆေးပြီး အရေးမကြီးတာတွေကို ဖယ်ထုတ်ခြင်းအားဖြင့် ဖုန်းရဲ့ မြန်ဆန်မှုကို ပိုမို ရရှိလာစေမှာ ဖြစ်ပါတယ်။
#Boykhai
#နည်းပညာချစ်သူ
Justin Boykhai
www.bkhai.wordpress.com

No comments:

Post a Comment