oo

  • iiii

Thursday, April 27, 2017




Huawei , Samsung , Oppo , Vivo , Coolpad နှင့် အခြား ဖုန်းများအား အလွယ်ကူဆုံး လော့ဖြည်နည်း (ကွန်ပျူတာမလို)

***********************************************
ဗီဒီယိုနဲ့ရော ပုံနဲ့ ရော စာနဲ့ပါ ရှင်းပြထားပါတယ်။
နှစ်သက်ရာ နဲ့ ကြည့်ရှု့လေ့လာနိုင်ပါတယ်။

Image may contain: text ပုံတေကျန်ခဲ့ပါတယ် ပုံတွေမစုံလို့ လက်ကျန်ပုံတွေကိုဒီလင့်မှာဝင်ကြည့်ပေးပါခင်ဗျာ
https://m.facebook.com/story.php…
Huawei , Samsung ,Oppo , Vivo , Coolpad ဖုန်းများ
ဖုန်းလော့ကျသွားလျှင် ဆိုင်သွားစရာမလိုဘဲ ကိုယ်ပါကိုယ် ဖြည်နည်းလေးတင်ပေးလိုက်ပါတယ် ။ လွယ်ကူသလို အောက်ကပုံအတိုင်း အဆင့်ဆင့် လုပ်ဆောင် လိုက်လျှင် လွယ်ကူစွာ လော့ဖြည်သွားမည်ဖြစ်ပါတယ်။
လောလောဆယ် Huawei G-730 U00 နဲ့စမ်းပြထားပါတယ်
စရအောင်
ဖုန်းက လော့ကျနေသည်ဆိုပါစို့ ။
1. ပါဝါပိတ်ပါ ။ ဆယ်စက္ကန့်လောက် ခဏထားပါ
ပီးရင် Recovery Mode ဝင်ဖို့အတွက် Volume + (အသံကျယ်တဲ့ခလုတ်) ရယ် Power key (ပါဝါ အပိတ်အဖွင့်ခလုတ်)ရယ်စုံနှိပ်ပေးလိုက်ပါ။
ဖြစ်နိုင်လျှင် အသံကျယ်တဲ့ခလုတ်ကိုအရင်နှိပ်ပါ ပီးမှာ ပါဝါခလုတ်ကိုနှိပ်ပါ ။ နှိပ်တဲ့အခါ ပါဝါမီးပွင့်လာပီး စက်ရုပ်ပုံပေါ်လာတဲ့အထိနှိပ်ပါ။ပေါ်လာရင်တော့လွှတ်လိုက်ပါ။
2.(Recovery Mode) ရောက်သွားပါပီ စာသားတွေပေါ်နေပီလေ။
3.လော့ဖြည်ချင်တာဖြစ်တဲ့အတွက် Wipe Data/Factory Reset ကိုရွေးပီးနှိပ် ပေးလိုက်ပါ။ Yes or No မေးရင် Yes ကိုနှိပ်ပေးလိုက်ပါ။
4.ခနစောင့်ပေးလိုက်ပါ ။သူဘာသာသူ ဖျက်နေပါလိမ့်မယ်။
5.ဖုန်းပွင့်လာလျှင်စက်ရုံက ထုတ်တဲ့အတိုင်း အသစ်ပုံစံဖြစ်သွားပါတယ်။ အဲ့ဒါကြောင့် ဖုန်းဖွင့်ဖွင့်ခြင်း အသုံးပြုနည်း လမ်းညွှန်တာတွေပေါ်လာပါလိမ့်မယ်။ပုံမှာပြတဲ့အတိုင်း နှိပ်ပေးလိုက်ပါ။
6.ကဲနောက်ဆုံးတော့ လော့မရှိတော့ပါဘူးခင်ဗျာ။
မှတ်ချက်
--------
နောက်ပိုင်း ဖုန်းမော်ဒယ် အချို့တွင် Security (လုံခြုံရေး) မြင့်မားလာမှုကြောင့် Factory Reset ချပီးသည်နှင့်
Google Account တောင်းတဲ့ ပြသနာမျိုး နှင့် FRP(Factory Reset Protection) ခံထားခြင်းတို့ကြောင့် ဖုန်းရဲ့ မူလ Screen တို့မရောက် ဘဲဖြစ်တတ်ပါတယ်ခင်ဗျာ ။ထို့ကြောင့် ဖုန်းအားသေချာစစ်ဆေးပီးမှ လုပ်ဆောင်ကြရန် မေတ္တာရပ်ခံ ပရစေ။
Recovery Mode ဝင်တဲ့ အခါ ဖုန်းတစ်မျိုးနဲ့တစ်မျိုး အနည်းငယ်ကွာခြားပါတယ်။ တစ်ချို့က ဖုန်းတွေက
Volume + ရယ် Power ခလုတ်ရယ်နှိပ်ပီးဝင်ရတယ်
တစ်ချို့ဖုန်းတွေက Volume - ရယ် Power ရယ်နှိပ်ပီးဝင်ရပါတယ်။ဥပမာ-
Samsung ဖုန်းများဆိုလျှင် Home Key (အလယ်ကခလုတ်လေး) လေးပါတဲ့အတွက် နှိပ်ဝင်ရမယ့် ပုံစံပြောင်းသွားတယ် ။ သူ့ကျတော့ Volume + ရယ် Home Key ရယ် Power ခလုတ်ရယ် သုံးခ စုံနှိပ်ရပါတယ် ။
ယခုဖော်ပြပါနည်းသည် ကြာပီဆိုပေမယ့် ယခုအချိန်ထိအသုံးဝင်နေပါတယ်။လက်ရှိ Huawei .Samsung ,Oppo ,Vivo ,Coolpad ဖုန်းများအားဖြည်လို့ရပါတယ်။တစ်ခြား ဖုန်းမော်ဒယ်များလည်း ရပါတယ်။
ပြောချင်တာက ခုနည်းဟာ Recovery Mode ကနေ ဖုန်းကို စက်ရုံထုတ်အတိုင်း Reset (အသစ်ပုံစံ)ပြုလုပ်လိုက်တာဖြစ်တဲ့အတွက် လူကြီးမင်း တို့ရဲ့ အရေးကြီးသော ဓာတ်ပုံ ၊ ဗီဒီယို ၊ သီချင်း ၊ မက်ဆေ့ ၊ ဖုန်းနံပါတ်များနှင့် ဆော့ဝဲလ်များအကုန်ပျက်ပါတယ်။
ဆိုင်တွေမှာသွားဖြည်လည်းဒီနည်းအတိုင်းဆိုအကုန်ပျက်မှာပဲ။အကုန်မပျက်စေချင်ရင်တော့ မိမိ Data များကို Backup ယူထားဖို့တိုက်တွန်းပါတယ်ခင်ဗျာ။
Data များမပျက်စေလိုလျှင်တော့မိမိဖုန်းကို ကွန်ပျူတာမှာ Driver သိပီး USB Debugging on ထားချင်းဖြင့် Data မပျက်ဘဲဖျက်လို့ရမှာဖြစ်ပါတယ်။
နည်းပညာ နဲ့ပက်သက်သော သတင်များသိရှိလိုပါက
Page လေးကို Like and Share လုပ်ကြပါဦး
See First လုပ်ခြင်းဖြင့်
သုဝဏ္ဏနည်းပညာ
ချမ်းမြေ့အောင်
www.facebook.com/thuwunnaitgroup

No comments:

Post a Comment