oo

  • iiii

Tuesday, February 6, 2018

Net Meeting အသုံးပြုနည်း


မေး ၊ညီလေးရေ အကိုတို့ office မှာ computer 14လုံး network ချိတ်ထားပါတယ်
အင်တာနက်တော့မရှိပါဘူး တစ်ခြား သူတို့နဲ့စာရိုက်(သို့)စကားနဲ့ဆက်သွယ်မယ်ပေါ့ နည်းလမ်းရှိရင်ကူညီပါခင်ဗျာ.ရုံးကအပေါ်အောက်ဖြစ်နေလိုပါ
C-box မှာမေးထားလို့(U myint zaw)အတွက်ဒီနည်းလမ်းလေးတင်ပေးလိုက်
ပါတယ်။ NetMeetin ကတော့ window တင်ထဲ့ကပါပြီးသာ software လေး
တစ်ခုပါအသုံးတည့်မှန်းမသိသေးတဲ့မိတ်ဆွေများအတွက်တင်ပေးလိုက်ပါတယ်
အရင်ဆုံး Run box မှာ conf ရိုက်ထဲ့ပါ Enter နိုပ်ပြီးအောက်ပါပုံအတိုင်း
အဆင့်ဆင့် install လုပ်ပေးပါ
Fast name, Last name နဲ့ email address လေးထဲ့ပါ





Finish နိုပ်ပြီးရင်တော့ install အပိုင်းပြီးသွားပါပြီအသုံးပြုနည်းအောက်မှာ
ဆက်ကြည့်ပေးပါ

ပုံမှာပြထားတဲ့အတိုင်းကိုယ်ဆက်သွယ်ချင်တဲ့စက်ရဲ့ Ip ကိုရိုက်ထဲ့ပြီးဖုန်းပုံလေးကိုနိုပ်ပါ
တစ်ဖက်စက်မှာ ဖုန်းလာတဲ့အသံထွက်လာပါလိမ့်မယ် accept နိုပ်ပေးပါ
စက်တစ်လုံးရဲ့ ip address ကိုသိချင်ရင် run box မှာ (cmd) Enter
(ipconfig)Enter ရိုက်လိုက်ပါ ip address တွေ့ရပါလိမ့်မယ်ဗျာ

ဒါဆိုရင် earphone နဲ့စကားပြောလို့ရနေပါပြီဒါ့အပြင် စာရိုက်ပြီးဆက်သွယ်ခြင်း၊ပုံဆွဲပြ
ခြင်း၊ဖိုင်တွေပို့နိုင်ခြင်း၊ကိုယ့်ရဲ့ Desktop ကိုပါသူ့ကိုမြင်အောင်ဆာင်ရွက်ပေးနိုင်ပါတယ်
အောက်ကပုံကတော့ စာနဲ့ဆက်သွယ်နည်းပါ
ကိုယ်ပြောချင်သူကိုရွေးရန်ဆိုတဲ့နေရာမှာ netmeetin ကို install လုပ်စဉ်က
fast name , last name မှာပေးခဲ့တဲ့နာမည်ပါ

အောက်ပါပုံကတော့ကိုယ့်ရဲ့ Desktop ကိုသူကိုပြတဲ့နည်းပါ။မပြချင်တော့ဘူးဆိုရင် Unshare
နိုပ်လိုက်လို့ရပါတယ်

ကိုယ့်စက်ကနေသူဖက်ကိုမြင်အောင်ပုံဆွဲပြနည်းပါ

ဖိုင်တွေပို့တဲ့နည်းပါ။ ပုံကအတိုင်းအဆင့်ဆင့်ပြုလုပ်ပါ ကိုယ်ဖက်က send all
နိုပ်လိုက်တာနဲ့သူဆီတိုက်ရိုက်ချက်ချင်းပို့ပေးပါလိမ့်မယ်လက်ခံမဲ့ဖက်က loading
ပြီးတာနဲ့ open နိုပ်ပေးပါပို့လိုက်တဲ့ file လေးရောက်သွားပါလိမ့်မယ်


Computer နှစ်လုံးထဲ့နာလည်ကျွမ်းကျင်အောင်အရင်စမ်းသပ်စေချင်ပါတယ်အဆင်
ပြေပြီဆိုမှစက်အားလုံးကို netmeetin install လိုက်လုပ်ပြီးသုံးပါခင်ဗျ
အသုံးပြုတော့မယ်ဆိုရင်စက်အားလုံးရဲ့ ip ကိုသိထားဖို့လိုသလို့ NetMeeting
ကိုစက်အားလုံး Run ပေးထားဖို့လဲလိုပါတယ်။သူ့ကိုပိတ်လိုက်ရင်တော့ပိတ်လိုက်
တဲ့စက်နဲ့ဆက်သွယ်လို့မရနိုင်တော့ပါဘူး။အဆင်ပြေပါစေဗျာ.. အသုံးပြုနည်းလေး
လိုအပ်ရင်ယူသွားနိုင်အောင်အောက်မှာ PDF ဖိုင် Download ပေးထားပါတယ်။
download here!


No comments:

Post a Comment