oo

  • iiii

Monday, February 5, 2018

ကွန်ပျူတာအခြေခံ သင်ခန်းစာများ ကွန်ပျူတာသုံးခါစသူများအတွက် #ဝင်းဒိုးအလွယ်တင်နည်းလေး အားလုံးကို အတိုဆုံးပြောပြပေးပါ့မယ်
====================================================
ကွန်ပျူတာတွေမှာ First Boot Device Second Boot Device တွေပေးပီးတော့ မတင်လည်းရပါတယ်
Memory Strick ကို usb bootable လုပ်ပီးတော့ တင်လိုက်လို့ရပါတယ်
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုပြောပြပေးပါ့မယ်
အားသွင်းကြိုးမဖြစ်မနေတတ်ထားပါ၊ Drive C ထဲက အရေးကြီးတာတွေတခြားDrive ထဲထည့်ထားရန်လိုပါတယ်
တင်ချင်တဲ့ဝင်းဒိုးဖိုင်ဆော့ဝဲရှိရပါ့မယ် ၊ Memory Stick ရှိရပါမယ်
WindowsခွေCD /DVD ထဲမှာဆိုရင်လည်း ကွန်ပျူတာထဲသာကူးထည့်ထားလိုက်ပါ၊
#၁။ အရင်ဆုံး ဝင်းဒိုးဆော့လ်ဝဲကို ISO ဖိုင်ဖြစ်အောင် ချုပ်လိုက်ပါ (ဒေါင်းပီးယူရင်တော့ တော်တော်များများ ISO ဖြစ်ပီးသားမို့မလိုပါ)
#၂။ ပီးရင် Memory Stick တစ်ခုအလွတ်ကို တပ်ပီးတော့ Bootable လုပ်လိုက်ပါ (အနည်းငယ်ကြာလိမ့်မယ်)
#၃။ ပီးရင် ဘယ် Bios Boot Setting တွေမှ မလိုပဲ အဲ့ဒီ Memory Stick ထဲက Setup ဖိုင်သာသွား run ပေးလိုက်ပါ
ဝင်းဒိုးတင်သွားပါလိမ့်မယ် ...
လိုအပ်တဲ့ဆော့ဝဲတွေလင့်ပေးထားလိုက်ပါတယ် ပေါ့ပေါ့လေးနဲ့ဒေါင်းရလွယ်ကူအောင်လုပ်ပေးထားပါတယ်
#ISO ဖိုင်လုပ်ဖို့အတွက်
http://www.mediafire.com/…/x2zs6niqxqn1a…/freeisocreator.exe
#USB stick Bootable လုပ်ဖို့အတွက်
http://www.mediafire.com/…/WinUSB+Maker+v2.0+PUBLIC+BETA+RE…
#Windows8 ဒေါင်းရန်
http://getintopc.com/…/operatin…/download-windows-8-pro-iso/
#Windows10 ဒေါင်းရန်
http://getintopc.com/…/windows-10-pro-core-iso-32-64-bit-f…/
#Windows7 ဒေါင်းရန်
http://getintopc.com/…/windows-7-ultimate-download-iso-32-…/
ကြောက်စရာမလိုပါ ရဲရဲသာလုပ်ပါ မသိတာအားလုံးပြောပြပေးပါ့မယ်
Partition C မှာပဲတင်ပါ ... Format ချစရာမလိုပါဘူး (ပြီးမှ WindowsOld ဖျတ်နည်းအောက်မှာဖတ်ကြည့်ပါ)
#WindowsOld ဖျတ်ဖို့အတွက်ကတော့အလွယ်ကူဆုံး Drive C Properties ထဲကနေ Disk Clean Up ကို သွား ပီးရင် ပေါ်လာတဲ့ Icon တွေအားလုံးကို Click အမှန်ခြစ်ပေးပီးတော့ Clean လုပ် ... ပီးရင် Box တခု တတ်လာမယ် အဲ့ဒီအခါကြရင်လည်း အားလုံး အမှန်ခြစ်ပြန်ပေးပီးတော့ Delete လုပ်လိုက် ဒါဆိုရင် ဝင်းဒိုးနဲ့ဆိုင်တာက လွဲလို့ အားလုံး ဖျတ်ပေးပီး ရှင်းပေးလိမ့်မယ်။
ဒီဂရုထဲက ဝါသနာရှင်များအတွက် လိုရင်းတိုရှင်းရေးမိလိုက်တာမို့ နားမလည်ရင် Chat Box မှာ စာပို့ပီးမေးလို့ရပါတယ် အောက်က မေးမယ့်မေးခွန်းတချို့လည်းဖြေပေးပါ့မယ် လိုချင်တဲ့ဆော့လ်ဝဲ Driver များလည်းတောင်းလို့ရပါတယ် အချိန်ရရင်ရသလို ပြန်ပို့ပေးထားပါ့မယ် ဂရုထဲကဝါသနာပါတဲ့သူတွေအတွက်ရည်ရွယ်တာပါ ...ကိုယ်တိုင်လုပ်မှကိုယ်တိုင်တတ်မှာပါ ... ရဲရဲသာလုပ်ပါ ဘယ်ပြသနာErrorမျိုးမဆို အားလုံးနည်းပါးပြန်ဖြေရှင်းလို့ရပါတယ် (ပျော်ရွှင်ပါစေ)
မှတ်ချက်။ ရှိပီးသား ဝင်းဒိုးမကောင်းလို့အသစ်တင်တာဖြစ်ဖြစ် Upgrade ဖြစ်တဲ့ဝင်းဒိုးတင်တာဖြစ်ဖြစ် ... တင်တဲ့နေရာမျိုးမှာသုံးခြင်းဖြစ်ပါတယ် ... ဝင်ဒိုးစတင်ရင်တော့ Boot ထဲကနေမဖြစ်မနေသွားရမှာဖြစ်ပါတယ် ဒါကိုမှ Stick နဲ့ Boot ထဲက တင်ချင်တယ်ဆိုရင်လည်း USB ကို Frist Drive သာပေးတင်လိုက်ပါ အိုကေပါတယ် (စာများရင် အာရုံများတတ်လို့လိုရင်းသာရေးချင်းဖြစ်ပါတယ်)
CD/DVD ကနေတိုက်ရိုက်တင်လို့ရပါတယ် ဒါပေမယ့် တခါတလေ CD DVD မလည်နိုင်ပဲဖြစ်ဖြစ် CD/DVD drive မကောင်းတာပဲဖြစ်ဖြစ် CD/DVD ချပ်တွေမကောင်းတာဖြစ်ဖြစ် Error ဖြစ်လေ့ရှိတတ်ပါတယ်
#ဝါသနာရှင်သိခါစသူများအတွက်သာ

Credit ကိုသားဖြိုး

No comments:

Post a Comment