oo
  • iiii
Tuesday, May 9, 2017
21 hrs ·
ကွန်ပျူတာသုံးတဲ့သူတိုင်း သိသင့်တဲ့ အခြေခံ shortcut များ (zawgyi)
၆။Ctrl+C (copy ကူးရန်)
၇။Ctrl+X (cut လုပ်ရန်)
၈။Ctrl+V (paste လုပ်ရန်)
၁၃။Ctrl+P ( Print ထုတ်ရန်)
-------------------------------------
ကွန်ပျူတာသုံးတဲ့သူတိုင်း သိသင့်တဲ့ အခြေခံ shortcut များ (unicode)
shortcut ဆိုတာကတော့ အတိုကောက်key တွေကို ခေါ်ပါတယ်။computer သုံးတဲ့နေရာမှာ လွယ်ကူအချိန်ကုန်သက်သာစေဖို့အတွက် shortcut တွေကို သုံးရခြင်းဖြစ်ပါတယ်။ကွန်ပျူတာနဲ့ ရင်းနှီးတဲ့သူတွေကတော့ဒါတွေကို သိပြီးသားဖြစ်မှာပါ။သိပ်အကျွမ်းမဝင်တဲ့ ခုမှစသုံးတဲ့သူတွေအတွက် အသုံးဝင်မယ်ထင်တဲ့ shortcut တွေကို မျှလိုက်ပါတယ်။
၁။ Ctrl+F (စကားလုံးများကို အလွယ်တကူရှာရန်)
Browser မှာဖြစ်စေ၊office word လိုနေရာတွေမှာဖြစ်စေ စာလုံးအများကြီးထဲကနေ ကိုယ်တွေ့ချင်တဲ့စာလုံးကိုရှာတဲ့အခါ ဒီshortcut ဟာ အလွန်အသုံးဝင်ပါတယ်။
၂။ALt+Tab(runနေတဲ့ program တစ်ခုကနေ တစ်ခုကို သွားရန်)
လောလောဆယ်မှာ ကိုယ်က program (၅)ခုလောက် တစ်ပြိုင်နက်သုံးနေတယ်ဆိုပါစို့။အဲ့ဒီအချိန်မှာ ဒီshortcut ကို တစ်ချက်ချင်းစီနှိပ်ပြီး program တစ်ခုကနေ နောက်တစ်ခုကို သွားနိုင်ပါတယ်။
၃။Ctrl+Tab(browser ထဲက tab တစ်ခုကနေ နောက်တစ်ခုကို သွားရန်)
ဒီ shortcut ကိုတော့ firefox လိုမျိုး browser ထဲမှာ ကိုယ်က tab တွေအများကြီးဖွင့်ထားတဲ့အချိန်မှာ tabတစ်ခုကနေ နောက်တစ်ခုကို သွားတဲ့နေရာမှာ သုံးပါတယ်။
၄။Ctrl+T (browser မှာ tab အသစ်တစ်ခုကို ခေါ်ရန်)
၅။Ctrl+W (browser မှာ ကိုယ်သုံးနေတဲ့ tab တွေကို ပိတ်ရန်)
၆။Ctrl+Shift+T(browser မှာ မတော်တဆ ပိတ်မိလိုက်တဲ့ tab တွေကို ပြန်ခေါ်ရန်)
၆။Ctrl+C (copy ကူးရန်)
၇။Ctrl+X (cut လုပ်ရန်)
copy နဲ့ cut နဲ့ ဘာကွာလဲဆိုတော့ copy လုပ်လိုက်ရင် မူရင်းဖိုင် ကျန်ခဲ့ပြီး၊cut လုပ်ရင်တော့ မူရင်းဖိုင်ပျက်သွားမှာ ဖြစ်ပါတယ်။
၈။Ctrl+V (paste လုပ်ရန်)
copy လုပ်ရင်ဖြစ်စေ cut လုပ်ရင်ဖြစ်စေ ကူးထားတာကို နေရာချဖို့ ဒီ shortcut ကို သုံးရပါတယ်။
၉။Ctrl+Z (နောက်တစ်ဆင့်ပြန်သွားရန်)
Ctrl+Y (ရှေ့တစ်ဆင့်ပြန်သွားရန်)
ဒီ shortcutက တော်တော်အသုံးဝင်ပါတယ်။ကိုယ်က စာတွေအများကြီးရေးလိုက်ပြီး မတော်တဆက် ဖျက်မိသွားတဲ့အခါ ဒီshortcut ကိုသုံးပြီး ပြန်ယူနိုင်ပါတယ်။
၁၀။Ctrl+A (အကုန်လုံးကို ရွေးရန်)
ဒီ shortcut ကိုတော့ စာမျက်နှာ တစ်ခုမှာ ရှိတဲ့ စာတွေပုံတွေ အကုန်လုံးကို select လုပ်ဖို့ နဲ့ ဖိုဒါတစ်ခုထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်လုံးကို select လုပ်တဲ့နေရာမှာသုံးပါတယ်။
၁၁။Alt+F4 (program တွေကိုပိတ်ရန်)
ကိုယ်လက်ရှိသုံးနေတဲ့ programကို ပိတ်ဖို့အတွက် ဒီshortcut ကိုသုံးပါတယ်။ဒီshortcut ကို ကွန်ပျူတာပိတ်တဲ့နေရာမှာလည်း သုံးပါတယ်။
program တွေအကုန်ပိတ်ပြီး ဒီshortcut ကို နှိပ်လိုက်ရင် shutdown နေရာကို ရောက်သွားမှာဖြစ်ပါတယ်။
၁၂။Ctrl+S (သုံးလက်စဖိုင်ကို saveလုပ်ရန်)
စာရေးတဲ့နေရာမှာ အတော်အသုံးဝင်တဲ့ shortcut ပါ။စာအများကြီးရေးပြီးမှ အကြောင်းတစ်ခုခုကြောင့် program ပိတ်သွားရင် ရေးထားတဲ့စာတွေ အလကားဖြစ်သွားနိုင်ပါတယ်။ဒီ shortcut ကို မကြာခဏနှိပ်ပေးခြင်းအားဖြင့် ရေးသမျှစာတွေကို auto save ပေးပါတယ်။browser မှာ ဆိုရင်တော့
ဒီ shortcut ကို သုံးလက်စ page ကို save ဖို့အတွက် သုံးပါတယ်။
၁၃။Ctrl+P ( Print ထုတ်ရန်)
Notepad လို officeလို program တွေမှာဖြစ်စေ browser မှာ ဖြစ်စေ print ထုတ်ဖို့ ဒီ shortcut ကို သုံးပါတယ်။
၁၄။Ctrl+(+) (brower မှာ ပုံတွေစာတွေကိုချဲ့ရန်)
Ctrl+(-) (brower မှာ ပုံတွေစာတွေကိုချုံ့ရန်)
Ctrl+(0) (ချုံ့ထားချဲ့ထားတာတွေကို မှုလအတိုင်းပြန်ဖြစ်ရန်)
ဒီနေရာမှာ စာတွေပုံတွေကို ချုံ့ဖို့ချဲ့ဖို့အတွက် Ctrl ကို ဖိထားပြီး mouse က ဘီးလေးကို အပေါ်အောက်ရွေ့ခြင်းဖြင့်လည်း သုံးနိုင်ပါတယ်။
၁၅။Windows Key+E (My Computer ကိုသွားရန်)
စုံသလောက်တော့ရှိသွားပြီ ထင်ပါတယ်။အားလုံး ကွန်ပျူတာတွေကို shortcutတွေနဲ့ လွယ်ကူလျှင်မြန်စွာနဲ့ သုံးနိုင်ကြပါစေဗျာ :)။
#AyeSay
www.ayesay.com.mm
Comment
No comments:
Post a Comment