oo

  • iiii

Monday, May 1, 2017

Epson Printers Slow Problem Solution

--------------------------------------------------
Printer ကပုံမှန်အလုပ်လုပ်ပေမယ့်
ပရင့်ထုတ်ရင်း နှေးသွားသည့်ပြစ်ချက်ဖြေရှင်းနည်း
1. Check Computer
Printer ကိုမစစ်ဆေးမှီComputer ကိုအရင်စစ်ပါ"
Epson inkjet printer များသည် Internal memory မပါသဖြင့်
Computer မှ Data များအားရေပိုက်သွယ်တန်းသကဲ့သို့
အလုပ်လုပ်ခြင်းဖြစ်ပါသည်။ထို့ကြောင့် မိမိ၏ Print Jopများအားစစ်ဆေးပါ။
Image size ကြီးများအား ရာချီ၍ပရင့်မပေးသင့်ပါ။
Windows + R ဖြင့် printmanagement.msc ဖြင့်ဝင်၍
Driver & Printjob များအားရှင်းလင်း၍ အသစ်ပြန်တင်သုံးကြည့်ပါ။
2. Check Cable
Computer နှင့်ဆက်သွယ်မည့် USB cable ကို
အသစ်လဲသုံးကြည့်ပါ။ အရမ်းရှည်သော 2M ထက်ရှည်သော
Cable များအားအသုံးမပြုပါနှင့်။
3. Check Printer & Environment
Printer အားအေးသောနေရာတွင်သုံးရန်
USB Interface cardတွင် အပူတက်လာပါကနှေးသွားပါမည်။
အရွက်၁၀၀ခန့်ထုတ်ပြီးတိုင်း ၁၅မိနစ်ခန့်အနားပေးပါ။
Inkbox (Inktank)မှမှင်စီးဆင်းမှု လေဝင်ပေါက်များ။
အသယ်ပို့ဘားများပိတ်ဆို့မှုမရှိအောင်ဂရုစိုက်ရမည်။
4. Adjustment & Replace
Head အုံ(Carrige Unit)ပြေးရန်ထမ်းပေးထားသည့်
CR Shaft steelချောင်းတွင်ဆီခန်းနေလျှင်၊
CR Motor ၏ Coil Resistance ကျသွားလျှင်၊
Carbon brush များစားသွားလျှင်
မော်တာရုန်းအားမကောင်း၍
Heat တက်လာလျှင်နှေးသွားတတ်ပါသည်။
ဆီထည့်ကြည့်လို့အဆင်မပြေလျှင်မော်တာအသစ်လဲကြည့်ပါ။
5. Print Head Hot Error
1.5pl (pico liter)မှင်မှုံလေးပေါင်း 540 အားမရပ်မနား
ညှစ်ချပေးနေရသည့် Nozzleပေါာက်များအား
ပုံထောင်ချီဆက်တိုက်ထုတ်မိပါက ပူလာပြီး
နှေးလာတတ်ပါသည်။Fatal Error များလည်းတက်နှိုင်ပါသည်။
စက်အသစ်လည်းတစ်ရက်ထဲနဲ့ပျက်သွားနိုင်ပါသည်။
Head hot error ဖြစ်ပါက Head လဲရုံဖြင့်ရတတ်သလို
USB interface card ပါလောင်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။
6. Print Head Cable Damage
Computer မှပရင့်လိုက်သော Dataများသည်
USB cable မှတဆင့် USB interface,
Print Head Cable မှ Print Headသို့ရောက်ရှိ၍
Nozzle ပေါက် ၅၄၀မှ စာရွက်ပေါ်သို့ချပေးသဖြင့်
Print Head Cable နာနေတာမျိုး
Cable ထိပ်ဖျားကကြည်းပြားလေးများလွတ်နေတာ
မသန့်ရှင်းတော့တာမျိုးဖြစ်လျှင်လည်း နှေးတတ်ပါသည်။
Fatal Error များလည်းတက်နှိုင်ပါသည်။
ဆေးကြော၍မရပါက အစားထိုးလဲလှယ်ပါ။
7. USB Interface Card Damage
အထက်ပါအတိုင်းတဆင့်ခြင်းစစ်ဆေး၍ အဆင်မပြေသေးပါက
USB Interface Card သာအစားထိုးလဲလှယ်ရန်ကျန်ပါတော့တယ်။
Shaft steel ချောင်းဆီခန်း၊ CR Motor coil resistance ကကျ၊
ပုံကလည်းမရပ်မနားထုတ်၊ ရာသီဥတုကလည်းပူ
Head & USB Interface လည်းပူလာပြီး
၎င်း Card မှပုံရိပ်ချပေးသည့် IC များပျက်ဆီးသွားတတ်ခြင်းဖြစ်ပါသည်။
8. Head Cleaning Liquid
နောက်ဆုံးသတိထားစရာကတော့
မိမိကိုယ်တိုင် Head ဆေးနေသူများ
Head ဆေးသည့်အခါ တင်နာရည်အားလုံးဝမသုံးရပါ
Head အတွင်းနံရံများ ယိုစိမ့်၍ နှေးရာမှတဆင့်
Head ပေါက်သွားတတ်သွားပါသည်။
Epson Orginal Ink ဖြင့်ဆေးကြည့်ပါ။
မူရင်း cd

No comments:

Post a Comment