oo

  • iiii

Friday, May 12, 2017

[Zawgyi]
မေး။ ရက်စွဲတစ်ခုထဲကို နှစ်၊ လ၊ ရက်တွေ ပေါင်းထည့်လိုက်တဲ့အခါ ရလာမယ့် ရက်ကို ရှာလို့ရပါသလား ? ဥပမာ ၂၀၁၇ ၊ ဖေဖော်ဝါရီ ၇ ရက်ထဲကို ၃ နှစ်၊ ၄ လ၊ ၉ ရက် ပေါင်းထည့်မယ့်ဆိုပါစို့..။ ရလာမယ့် ရက်စွဲကို ရှာလို့ရပါသလား ?
ဖြေ။ ဒီပြသနာကို Date Formula တွေ သုံးပြီး အလွယ်တကူ ရှင်းနိုင်ပါတယ်..။ ပထမဆုံး မျက်လုံးထဲ မြင်အောင် ပို့စ်မှာ ပြထားတဲ့ ပုံလေးကို အရင်ကြည့်စေချင်ပါတယ်..။
************************************************
ဒီပြသနာကို ဖြေရှင်းဖို့ Date, Year, Month, Day ဆိုတဲ့ Formula လေးတွေ ပေါင်းစပ်ရေးသားပါမယ်..။
❖ Date Formula ရဲ့ Formula Syntax က
=Date(Year, Month, Day ) ဖြစ်ပါတယ်..။
သူ့ကို နှစ်၊ လ၊ ရက် ပေးလိုက်ရင် ရက်စွဲတစ်ခုအဖြစ် ဖွဲ့စည်းပေးပါတယ်..။
ဥပမာ
=Date(2017, 3, 27) လို့ ရေးသားပြီး Enter ခေါက်လိုက်ရင် 27/3/2017 ဆိုပြီး ရက်စွဲတစ်ခု ပြန်လည်ရရှိမှာ ဖြစ်ပါတယ်..။
*********
❖ Year, Month , Day က တော့ ရှိပြီးသားရက်စွဲတစ်ခုထဲကနေ နှစ်၊ လ၊ ရက် တွေကို ဆွဲထုတ်ပေးတယ်ပေါ့။
ပုံထဲက A2 မှာ 3/11/2016 လို့ ရေးထားတယ်..။
=YEAR(A2) ဆိုရင် 2016
=MONTH(A2) ဆိုရင် 11
=Day(A2) ဆိုရင် 3 အသီးသီးရရှိမှာ ဖြစ်ပါတယ်..။
***************************************************************
A2 ထဲက Date ကို ၂ နှစ် ၊ ၁၁ လ၊ ၄ ရက် ပေါင်းထည့်ဖို့ အတွက် ပုံထဲမှာ ရေးထားတဲ့ Formula က
=DATE(YEAR(A2)+2, MONTH(A2)+11, DAY(A2)+4) ဖြစ်ပါတယ်..။
ဆိုလိုတာက A2 ထဲက Year ဆွဲထုတ် 2 ပေါင်း
Month ကို ဆွဲထုတ် 11 ပေါင်း
Day ကို ဆွဲထုတ် 4 ပေါင်း ၊
ပေါင်းထားပြီးသား နှစ်၊ လ၊ ရက်ကို ပြန်ပြီး Date အဖြစ် ဖွဲ့စည်းချင်တော့ ရှေ့က DATE formula နဲ့ ပြန်အုပ်တာ ဖြစ်ပါတယ်..။
(Month ကို ဆွဲထုတ်တော့ 11 ရတယ်..။ နောက်ထပ် 11 လ ပေါင်းတော့ 22 ဖြစ်တယ်.။ ပူစရာမလိုပါဘူး..။ ၁၂ လကျော်တာ တစ်နှစ်အဖြစ် အလိုလို ပြောင်းလဲ ပေးသွားမှာ ဖြစ်ပါတယ်.။)
***************************************************************
အားလုံးပဲ Excel ကို အထိရောက်ဆုံး အသုံးပြုနိုင်ကြပါစေ ခင်ဗျာ..။
#Shared_from : www.myanmarexcel.com
#CHANMYAEMAUNG
www.chanmyaemaung.net

No comments:

Post a Comment