oo

  • iiii

Tuesday, July 26, 2016

ဝင်းကမ္ဘာကျော်
13 hrs ·
JAILBREAK ပြုလုပ်ခြင်း၊ ROOT ပြုလုပ်ခြင်း ဆိုတာ ....
***************************************************
Jailbreak ဆိုတာ Apple ကပြုလုပ်ထားတဲ့ iOS အသုံးပြုထားတဲ့ Devices တွေ .. ဥပမာ .. iPhone, iPad အစရှိ တာတွေရဲ့ ကန့်သတ်ချက်တွေကို ဖယ်ထုတ်ပေးတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။
iDevices တွေရဲ့ Internal Components တွေရဲ့ Root Access တွေကို ၀င်ရောက်နိုင်ဖို့အတွက် သီးခြား Kernel ကို iDevices ထဲ ကို Uploading ပြုလုပ်ပေးတဲ့ Process တစ်ခုဖြစ်ပါတယ် .. Components ဆိုတဲ့နေရာမှာ Operating System နဲ့ Hardware တွေပါဝင်ပါတယ်။
iOS သုံးထားတဲ့ iDevices တွေကို Jailbreak ပြုလုပ်မှု အမျိုးအစား နှစ်မျိုးရှိပါတယ် ..
Tethered Jailbreaking - Tethered Jailbreak ပြုလုပ်မယ်ဆိုရင် iDevice သည် Computer သို့ Laptop နဲ့ ချိတ်ဆက်ထားရပါမယ် .. Power On သို့ Boot Up လုပ်ဖို့ဆိုရင်တော့ ကွန်ပျူတာ အထောက်အပံ့ ယူရ ပါတယ် ..
Untethered Jailbreak - Untethered Jailbreak ဆိုတာကတော့ iDevice တွေ Boot တက်ဖို့နဲ့ power on ဖို့ အတွက် ကွန်ပျူတာ ထောက်ပံ့မှု လိုအပ်မှု မရှိတဲ့ Jailbreak ပြုလုပ်နည်းဖြစ်ပါတယ် .. လက်ရှိအချိန်မှာတော့ Untethered Jailbreak ကိုသာ ပြုလုပ်ကြပါတယ်။
ဒါပေမဲ့ Jailbreak ပြုလုပ်တယ်ဆိုတာ iOS အသုံးပြုထားတဲ့ iDevices တွေ, iPhone, iPad စတာတွေရဲ့ Warranty ကို ချိုးဖောက်ခြင်းဖြစ်ပါတယ် .. US လိုနိုင်ငံမျိုးမှာတော့ Digital Millenium Copyright ကြောင့် တရားစွဲခံနိုင်ရတဲ့ အထိ ဖြစ်ပါတယ်။
လူတွေတော်တော်များများဟာ iPhone, iPad တွေ ၀ယ်ပြီးတော့ဘာကြောင့် Jailbreak ဆိုတာကို ပြုလုပ် ရလဲ ဆိုတော့ iOS မှာပါဝင်လာတဲ့ Features တွေကလွဲရင် တစ်ချို့ Features တွေကို အသုံးပြုလို့ မရပဲ Locked ဖြစ် နေတဲ့ အတွက် Features အသစ်တွေကို အသုံးပြုနိုင်ဖို့အတွက် Jailbreaking ဆိုတာကို ပြုလုပ်ရ တာဖြစ်ပါတယ် .. အောက်ပါ Features တွေက ၀ယ်ယူသူတွေ Jailbreak ပြုလုပ်ချင်တဲ့ အချက်တွေဖြစ်ပါလိမ့် မယ်။
Apple ရဲ့ App Store က ကန့်သတ်ချက်တွေကို ဖယ်ထုတ်ဖို့အတွက်ဖြစ်ပါတယ်
တားမြစ်ထားမှုတွေကို ဖယ်ထုတ်ဖို့အတွက်ဖြစ်ပါတယ်။ အဲဒါတွေကို ဖယ်ထုတ်ပြီး ကြိုက်နှစ်သက်ရာ icons တွေ, Application, Games နဲ့ ကိုယ်လိုချင်တဲ့ Fonts တွေကို ထည့်သွင်းနိုင်ဖို့ အတွက်ဖြစ်ပါတယ်။ Jailbreak ပြုလုပ်ထားမှသာ ကိုယ်ဈေးကြီးပေးဝယ်ထားရတဲ့ iPhone, iPad တွေကို မိမိစိတ်ကြိုက် ပြင်ဆင်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က Jailbreak ပြုလုပ်ထားမှသာ ကွဲပြားခြားနားတဲ့ Mobile Carriers တွေကို အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဥပမာ .. MPT သည် Mobile Carrier တစ်ခုဖြစ်ပါတယ်။
Credit: MOHPHA
Root နဲ့ Jailbreak ဆိုတာ ဘာလဲ ?
ဒီနေ့ နံနက် Facebook ဖွင့်ကြည့်လိုက်တော့ အသိညီလေးတစ်ယောက်က မြန်မာစာသွင်းဖို့ Root နဲ့ JailBreak လုပ်တာဟာ သူခိုးများအသွင် ပြောင်းယူတာတဲ့ ဟိုက် ရှာလဘတ်ရည်...... ညက သောက်ထားတဲ့ လက်ကျန် အမူးဒီဂရီလေးတွေ ကျက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော။ ရှိရှိသမျှ ပတ်ဝန်းကျင် က ဆွေးမျိုးတွေက လာလာပြီး ခိုင်းသမျှ ဖုန်းတွေ ကို Root လုပ်ထားတာ ဖြင့် တစ်ပုံတစ်ပင်။ သူပြောမှ ငါက သူခိုးခေါင်းဆောင်ကြီးကို ဖြစ်လို့။
Android ဟာ Linux Kernel ပေါ်မှာ အခြေခံ ပြီးရေးထားတဲ့ Operation System တစ်ခုပါ။ အခြား Linux Kernel ပေါ်မှာ အခြေခံ ရေးထားတဲ့ Free BSD လို ဒါမှမဟုတ် Apple ရဲ့ OSX OS တစ်မျိုးပါပဲ။ သူ့ အတွက် Root လုပ်တာက Linux မှာ Administrative permissions ရဖို့ အတွက် ပြင်ဆင်လိုက်တာပါပဲ။
Root ဒါမှမဟုတ် Jailbreak ဆိုတာ စက်တစ်လုံးရဲ့ ထိမ်းချုပ်နိုင်မှု အမြင့်ဆုံး အဆင့် ဖြစ်တဲ့ administrator-level permissions ကို ရယူနိုင်အောင် လုပ်တာပါ။ ကိုယ်ပိုင်တဲ့ ပစ္စည်း တစ်ခုကို အဲ့ အဆင့် အထိ ရယူသုံးစွဲနိုင်အောင် လုပ်တာ က ဥပဒေကြောင်းအရ တရားဝင် လဲ ဖြစ်ပါတယ်။ US မှာ User တွေဟာ အကန့် အသတ်မရှိ Root ဒါမှမဟုတ် Jailbreak တရားဝင်လုပ်ခွင့်ရှိပါတယ်။
ဘာလို့ Root လုပ်ရတာလဲ ဆိုတော့ Administrator-level permissions ရယူသုံးစွဲဖို့ လိုတဲ့ Application တွေ အတွက် ပါ။
ဥပမာ မြန်မာဖွန့် သွင်းမယ်ဆိုရင် System ရဲ့ Fonts ဖိုဒါထဲကို မြန်မာစာ ဖွန့် ကို ကူထည့်လိုက်တာပါ။ အဲ့ အဆင့်တွေ အတွက် System ဖိုင်တွေကို လှမ်း ကိုင်တွယ်ဖို့ ဆိုတာ Administrator-level permissions လိုအပ်ပါတယ်။ ဒီအတွက် Root လုပ်ရတာပါ။
နောက်ပြီး Bootloader Unlock လုပ်တာပါ။ ဒါက ကွန်ပျူတာမှာဆိုရင် BIOS ကို ပြင်ဆင်ခွင့် ပိတ်ထားတာကို ပြင်ဆင်ခွင့် ရအောင် ပြန်လုပ်တာမျိုး ပါပဲ…..။
ကဲ ဒါတွေ လုပ်တော့ ဘာဖြစ်သတုန်း ဆိုတော့ စက်ထုတ်တဲ့ Company က သူ့ ရဲ့ အမခံ မှု ကို ဖျက်သိမ်းတယ်ပေါ့။
သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့ ဆိုရင် စက်တစ်လုံးဝယ်လိုက်လို့ အဲ့ စက်ရဲ့ Hardware အစိတ်အပိုင်းတွေကို ဖြုတ်ကြည့် ရင် အမခံဖျက်သိမ်းမှာ စိုးတော့ ဖွင့်မကြည့်ကြပေမဲ့ Developer တွေကတော့ လက်ငြိမ်ငြိမ်မနေနိုင်ပဲ ရရာလက်နှက် စွဲကိုင်ပြီး ဖွင့်တာပါပဲ။
Credit: Sithu Aung (MMUC)

No comments:

Post a Comment