oo

  • iiii

Sunday, July 10, 2016

Ram (Random Access Memory) အကြောင်း သင်ခန်းစာ (5)


အခုတင်ပြပေးမှာကတော့ Ram ဆိုအကြောင်းပဲဖြစ်ပါတယ် Ram ဆိုတာဘာလဲလို့မေးရင် Random Access Memory   ပါပဲ ဒီတော့ကျွန်တော်တို့ပြောနေကြတဲ့ Ram နှင့်memory ဟာနာမည်သာကွဲလွဲပြီး အဓိပါယ်ကတော့အတူတူပါပဲ ဒါပေမယ့်တူသလားဆိုတော့လည်းမတူတဲ့အချက်တွေရှိနေပါတယ် Ram က လျှပ်စစ်မီးပါဝါစွမ်းအားမရှိရင် အထဲမှာရှိတဲ့မှတ်ဉာဏ်တွေကိုမသိမ်းထားနိုင်ပါဘူး memory stick ကတော့ဒီလိုမဟုတ်ပါဘူး သိမ်းဆည်းမဲ့အချိန်မှာသာ လျှပ်စစ်လိုပြီး နောက်ပိုင်းမှာတော့လျှပ်စစ်မရှိလည်း မှတ်ဉာဏ်တွေကိုပျောက်မသွားအောင်ထိန်းသိမ်းထားနိုင်ပါတယ် ဒါပေမယ့် ကိုယ်အလုပ်တစ်ခုလုပ်နေချိန်မှာမီးပျက်သွားရင်(သို့မဟုတ်) လျှပ်စစ်မရတော့ရင် Ram ကကိုယ်လုပ်ထားတာတွေကိုသိမ်းမထားနိုင်ပါဘူး Ram အမျိုးစားတွေကမြန်ဆန်လို့သာလျှင် CPU ကနေလိုအပ်တဲ့ data တွေကိုအမြန်ဆုံးပို့ပေးနိုင်ဖို့ Ram ကိုသုံးခြင်းဖြစ်တယ် Ram အမျိုးစားအများကြီးရှိတဲ့ အထဲက လက်ရှိနောက်ဆုံးထွက် Ram အမျိုးစားက Mother board Socket 1155 1150 မှာသုံးတဲ့ Ram တွေဘဲ့ဖြစ်ပါတယ် Socket 1155 1150 မှာထည့်တဲ့ memory ကတော့နောက်ဆုံးပေါ် Ram အမျိုးစားဖြစ်တဲ့ DDR3 ဘဲဖြစ်ပါတယ် Ram တွေကိုတိုင်းတာရာမှာ bus speed ဆိုတာကတော့ Motherboard ပေါ်မှာတစ်ကြိမ်ကိုဘယ်လောက်ပို့ပေးနိုင်သလဲဆိုပြီး Ram ရဲ့ bus speed အမြင့်ဆုံးနှုန်းကို သတ်မှတ်ပါတယ်  ဥပမာ ကုန်ပစ္စည်းပို့တဲ့ကားတစ်စီးဆိုပါစို့ လမ်းက ရှစ်လမ်းသွားပဲထား အသွား(4)လမ်း အပြန်(4)လမ်း ဒီတော့ အသွားကိုကားတစ်စီးက ကုန်ပစ္စည်းတစ်ထောင်ပို့ပေးနိုင်တယ် လေးစီးဆိုတော့ တစ်ခေါက်ကို ကားတစ်စီးက တစ်ထောင်လေးစီးဆိုတော့လေးထောင်ပို့ပေးနိုင်သလိုပဲ (ဒီနေရာမှာတစ်ထောင်လို့လည်းအတိအကျမဆိုလိုပါဘူးတစ်ရာပို့နိုင်ရင် လေးစီးဆိုတော့ လေးရာလို့သတ်မှတ်လိုက်ပါ)  
ဒီတော့ bus speed ကဘယ်လောက်များသိမ်းထားနိုင်မလဲ (တနည်း  ကားတစ်စီးက ကုန်ပစ္စည်းကိုဘယ်လောက်တင်ပို့နိုင်သလဲ)
ဆိုတဲ့အပေါ်မှာမူတည်နေပါတယ် bus apeed ကဘယ်လောက်သိမ်းထားနိုင်သလဲဆိုတာကို အရွယ်အစားအလိုက် MB GB တွေနဲ့ ဖေါ်ပြထားပါတယ် ဘယ်လို ဘယ်လောက် အတိုင်းတာများကို Windows 7 Basic မှာဖေါ်ပြထားပြီးပြီမို့ ဒီနေရာမှာ အထွေထူးရှင်းပြမနေတော့ဘဲ လိုရင်းလေးလောက်သာဖေါ်ပြထားခြင်းဖြစ်တယ် ကွန်ပျူတာတစ်လုံးမှာ Ram ဘယ်လောက်သုံးသင့်သလဲ အမြင့်ဆုံးဘယ်လောက်ထည့်လို့ရသလဲဆိုတာကိုတော့  Motherboard ၊ Cpu အမျိုးစားနဲ့ ကိုယ်ဘာတွေလုပ်မလဲ ဘယ်လောက်သုံးမလဲဆိုတဲ့အပေါ်မူတည်တယ် ဒီလောက်ဆိုရင် Ram နှင့်ပတ်သက်သောအကြောင်းက စုံသလောက်တော့ရှိနေပြီ နားလည်လွယ်လိမ့်မည်လို့တော့မျှော်လင့်ပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများ အောက်မှာ Download ကိုနှိပ်၍ဒေါင်းယူနိုင်ပါသည် )
Download

No comments:

Post a Comment