oo

  • iiii

Sunday, July 10, 2016

Case အကြောင်း သင်ခန်းစာ (6)

Case တစ်ခုကိုရွေးချယ်ရာတွင်လေဝင်လေ ထွက်နဲ့ကိုယ့်သုံးပြုမဲ့ပစ္စည်းတွေကိုသိမ်းထားနိုင်မယ့်နေ ရာတွေကိုကြည့်ပြီးဝယ်ရမှာဖြစ်ပါတယ် Case တွေကို system Unit လို့လည်းခေါ်ကြပါတယ် Case တွေမှာ အကြမ်းအားဖြင့် Mini Case နှင့် Tower Case ဆိုပြီးနှစ်မျိုးရှိပါတယ် Mini Case တွေကတော့ လဲပြီးရောထောင်ပြီးရောနှစ်မျိုးလုံးအသုံးပြုနိုင်ပါတယ် လဲပြီးအသုံးပြုတဲ့အခါကျရင် Case ပေါ်မှာ Monitor ကိုတင်ပြီးအသုံးပြုနိုင်ပါတယ် CD Drive တွေကတော့ အလွန်ဆုံးတစ်လုံးဘဲ့ထည့်လို့ရပါတယ် 
Tower Case တွေကိုတော့အမျိုးအစားအမျိုးမျိုးရှိပြီး အသုံးပြုမဲ့အပေါ်မူတည်ပါတယ် Tower Case တွေကတော့ထောင်လို့ဘဲ့ရပါတယ် အဲဒီ Tower Case တွေကတော့ Mini Tower ၊ Medium Tower ၊ Full Tower ဆိုပြီးဖြစ်ပါတယ် Mini Tower တွေကတော့ CD Drive Drive တွေကိုအလွန်ဆုံးနှစ်လုံးဘဲ့ထည့်လို့ရပါတယ် Medium Tower တွေကတော့ CD Drive တွေကိုအလွန်ဆုံးခြောက်လုံးကနေတစ်ဒါဇင်လောက်ထိထည့်လို့ရပါတယ်  တစ်ချို့ Case တွေဟာ Cooler Master Case တွေရှိသလိုအထဲမှာ အအေးငွေ့ပါတဲ့ အမျိုးအစားတွေလည်းရှိပါတယ် Cooler Master Case တွေကတော့လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားပြီး အအေးငွေ့ပါတဲ့ Case တွေကတော့ Case တစ်ခုလုံးကိုအမြဲတမ်းအေးနေအောင်လုပ်ထားတာပါ ဈေးနှုန်းတွေကတော့ သတ္တုသားဘယ်လောက်ကောင်းလည်း Case ပန်ကာဘယ်နှစ်လုံးပါလည်း Case အမျိုးအစားနဲ့ အအေးငွေ့ပါတဲ့အမျိုးအစားတွေပေါ်မူတည်ပြီးဈေးကွာပါတယ်အဲလောက်ဆိုရင်တော့ Case အကြောင်းတွေကိုနားလည်လိမ့်ပြီလို့ထင်ပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါသည် )
Downlo

No comments:

Post a Comment