oo

  • iiii

Sunday, July 10, 2016

Power Supply အကြောင်း သင်ခန်းစာ (4)



ဒီနေ့တင်ပြပေးချင်တာက တော့ computer တစ်လုံးအတွက် အရေးပါသော power supply အကြောင်းလေးပဲဖြစ်ပါတယ် power supply ဆိုတာ computerမှာ မရှိမဖြစ်လို အပ်တဲ့ အရာဖြစ်ပါ တယ် ဒီpower supply ရှိမှပါဝါရမှာပေါ့ ပါဝါရမှအလုပ်လုပ်နိုင်မယ်လေ powersupply ကို AC 220 ကနေ ကွန်ပျူတာတစ်လုံးမှလိုအပ်သော +3V1 -3V1 +5V1 -5V1 +12V1 -12V1 0V ကိုပြန်လည်ပြောင်းပြောင်းပေးပြီး computer ရဲ့သက်ဆိုင်ရာနေရာတွေကိုပြန်ပို့ပေးတယ် computer တစ်လုံးရဲ့အရေးကြီးဆုံးသောအရာဆိုလည်းမမှားပါဘူး အဓိကတော့ Power ကထုတ်ပေးတဲ့ပစ္စည်းဖြစ်တော့ power တွေလုံလောက်ဖို့တော့လိုအပ်တယ် ပါဝါတွေလုံလောက်အောင်မပို့ပေးနိုင်ဘာဖြစ်လဲဆိုတော့ မနိုင်ဝန်လုပ်ခိုင်းသလိုဖြစ်ပြီးcomputer ကိုညှင်းဆဲသလိုဖြစ်မယ် နောက် Computer လည်းပျက်လွယ်မယ် ဒါကြောင့်power လုံလောက်ဖို့တယ်လို့ပြောတာ ထားပါတော့ power supply တစ်လုံးကို ဘာနဲ့တိုင်းတာမလဲဆိုတာကို လေ့လာရအောင် power supply တစ်လုံးကိုတိုင်းတာရာမှာ Wattage(W) များနှင့်တိုင်းတာရပါတယ် အဲဒါတွေကတော့ 250W 300W 400W 500W 600W 650W ဆိုပြီးအမျိုးအစားတွေခွဲခြားထားတဲ့အတွက် မိမိကြိုက်နှစ်သက်ရာကိုဝယ်ယူသုံးနိုင်ပါတယ်  ဈေးနှုန်းကတော့ အမျိုးအစားပေါ်မူတည်ပါတယ် ဈေးသက်သာတဲ့ powersupply လည်းရှိပါတယ် 500W 600W များကိုရနိုင်ပါတယ် ဒါပေမယ့် W မပြည့်တဲ့အတွက် computer နှင့်တွဲဖက်အသုံးပြုလျှင် W မနိုင်ဘဲဖြစ်တတ်ပါတယ် ဒီတော့ဘယ်လို Powersupply ကိုဝယ်သင့်သလဲဆိုတော့ အမျိုးအစား တန်ဖိုး အလေးချိန် တွေကိုတိုင်းတာပြီးဝယ်ယူမှသာအဆင်ပြေလိမ့်မယ် powersupplyနှင့် motherboard မှာဆက်သွယ်ဖို့ ရန်အတွက် အရင်တုန်းကတော့ 24 pin (အရင်တုန်းက 20pin ပါ) ဆိုပြီးတော့ power ကြိုးတွေကိုခွဲခြားထားပါတယ် Motherboard မှာရှင်းပြထားသလို 4pin 8pin power ကြိုးတွေပါ ပါတယ် 8pin ပါတဲ့ powersupply ကြိုးကို 4pin motherboard မှာသုံးလို့ရပါတယ် ပြီးတော့ IDE(4pin) ကြိုး SATA ကြိုးပါပြီးတော့ မြင့်တဲ့ Powersupply တွေမှာဆိုရင် မြင့်တဲ့ Graphice card မှာသုံးတဲ့ 4pin power ကြိုး (သို့မဟုတ်) 6pin+2pin တဲ့ 6pin ကြိုးတွေပါတယ် IDE ကြိုးကတော့ အရင်တုန်းက harddisk DVD dirve တွေမှာတပ်ဆင်အသုံးပြုကြပါတယ် အခုနောက်ပိုင်းမှာတော့မသုံးကြတော့ပါဘူး Case FAN တွေအတွက်အသုံးပြုပြီး IDE ကြိုးနေရာတွေမှာ SATA ကြိုးတွေကိုအစားထိုးသုံးပြုလာပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာ Download ကိုနှိပ်၍ဒေါင်းနိုင်ပါသည် )

Download

No comments:

Post a Comment